loading

1ဂဏန်းသမားများအကြောင်း

  • Home
  • Blog
  • 1ဂဏန်းသမားများအကြောင်း

1ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 1ရက်၊10ရက်၊ 19ရက်နှင့် 28ရက်တွေမှာမွေးဖွားတဲ့သူ တွေကို 1ဂဏန်းသမားတွေလိုသတ်မှတ်ပါတယ်။
1ဂဏန်းကို တနင်္ဂနွေ ဂြိုဟ်စိုးမိုးတယ်လို့ အမှတ်သညာရှိခဲ့ကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာနေမင်းပိုင်တဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ မီးဓာတ်၊အဖိုဓာတ်ကိုပေးပါတယ်။
စရိုက်လက္ခဏာ
1ဂဏန်းဆိုတာ ဂဏန်းတွေရဲ့အဦးအစမို့လားတော့မသိဘူး။ 1ဂဏန်းသမားတွေဟာ လူကြားထဲမှာထင် ပေါ်ကျော်ကြားကြတာများပါတယ်။ အရာရာလဲ ရှေ့ကနေပါတတ်သူတွေများပါတယ်။ တစ်ခုသတိထားရမှာက ရုပ်ဝါဒဆန်ကြတာများတယ်။ လက်တွေ့မှယုံတာမျိုးတွေ၊ ခံစားချက်ကိုဦးစားမပေးတာမျိုးတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က 1ဂဏန်းသမားတစ်ယောက်ဖြစ်မယ်ဆိုရင်လဲ နှလုံးရည်ကိုလဲ ကောင်းအောင်လေ့ကျင့်ထားပါ။ ကိုယ်ချင်း စာစိတ်ကို မွေးမြူပါ။ ခေါင်းဆောင်စိတ်ရှိတယ်။ တာဝန်ယူ၊တာဝန်ခံစိတ်လဲရှိကြတယ်။ ပေးတဲ့တာဝန်ကိုကျေပွန် အောင် ကျေပွန်အောင်စွမ်းဆောင်နိုင်ကြသူတွေပါ။ နှလုံးရည်ပါပြည့်စုံတဲ့ ၁ဂဏန်းများတွေဟာထိပ်ဆုံးရောက်ကြ တာများတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Microsoft ကိုတည်ထောင်တဲ့ ဘီလ်ဂိတ်တို့ဟာ မေတ္တာတရားကြီးမား ခြင်းတွေ ရှိပြီး နှလုံးရည်အားကောင်းကြကြောင်းတွေ့ရပါတယ်။ 1ဂဏန်းသမားဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၊အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန်တို့ဟာ ရုပ်ဝါဒီအရမ်းဆန်ကြတယ်ဆိုတာ တွေ့မြင်နိုင်ပါ တယ်။ 1ဂဏန်းသမားတွေဟာ နိမ့်ကျသူတွေကို ကူညီလိုကြတယ်။ဘဝရည်မှန်းချက်ကြီးမာကြတယ်။ လိမ္မာပါးနပ်ကြသလို သိလွယ်တတ်လွယ်ကြတဲ့သူတွေဖြစ်တယ်။ အရိပ်ပြလို့အကောင်မြင်တတ်သူတွေဖြစ်ပြီး ပါးရည်နပ်ရည်လဲရှိကြပါ တယ်။ နောက်လိုက်လုပ်လိုစိတ်မရှိဘူး။ တော်ရုံဒုက္ခရောက်ရုံနဲ့သူများဆီမှာ အကူအညီ မတောင်းတတ်ကြဘူး။ ဘာသာရေးအပေါ်မှာ သေချာဆန်းစစ်ပြီးမှယုံကြည်တတ်တယ်။ ယုံမိပြီဆိုရင်လဲ အသက် ပေးပြီးယုံကြည်သွား တတ်ကြသူတွေပဲဖြစ်တယ်။စကားပြောကောင်းသူတွေဖြစ်ကြပြီး သူတစ်ပါးကိုယုံကြည် လာအောင်လဲ စည်းရုံးသိမ်း သွင်းနိုင်တာကိုတွေ့ရတယ်။ ဇွဲရှိတယ်။သတ္တိကောင်းကြတယ်။ ဒါကြောင့်လဲ စိတ်ရော ကိုယ်ပါအပင်ပန်းခံနိုင်ကြ တာကိုတွေ့ရတယ်။ တစ်ခုဆိုးတာက မိမိကိုယ်ကိုအထင်ကြီးစိတ်များသွားတတ်ပါတယ်။
စီးပွားရေးနှင့် အလုပ်အကိုင်
ခေါင်းဆောင်စိတ်ရှိလို့လာတော့မသိဘူး… 1ဂဏန်းသမားတွေက အခြေခံကစလုပ်ပေမဲ့ မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လွယ်ပါတယ်။ ကြိုးစားမှု၊ရိုးသားမှု၊လုပ်ငန်းအပေါ် ကျွမ်းကျင်ပါးနပ်မှု၊ တာဝန်ယူစိတ်၊တာဝန်ခံ စိတ်တွေက မိမိကိုထိပ်ဆုံးရောက်အောင်အမြန်ဆုံးခေါ်သွားတတ်တာကိုတွေ့ရပါတယ်။ ဦးဆောင်ဦးရွက်လုပ်လို စိတ်ရှိတဲ့အတွက် အုပ်ချူပ်ရေးအပိုင်း၊ခေါင်းဆောင်အပိုင်း၊Manament လုပ်ပေးရတဲ့အလုပ်တွေမှာ အောင်မြင်ကြတာ များပါတယ်။ နေမင်းဟာပူပြင်းတဲ့သဘောဆောင်တာကြောင့်မီးနဲ့ပက်သက်သော အလုပ်တွေ၊လျှပ်စစ်ပက်သက် သောအလုပ်၊အင်ဂျင်နီယာ၊ ခွဲစိပ်ဆရာဝန်၊နည်းပညာအလုပ်တွေမှာ ထင်ရှားအောင်မြင်တတ်ကြပါတယ်။ တစ်ခု ဆိုးတာကသူတို့တွေဟာအလုပ်သေးသေးမွှားမွှားလေးတွေကို အထင်မကြီးတတ်ကြတာပါပဲ။ ဒါကြောင့်ပဲ အလှမ်း ကျယ်ပြီး အလယ်ကလှစ်ဟာနေသလိုမျိုးဖြစ်တတ်ပါတယ်။ ဥပမာပေးရရင် အထည်ကြီးပျက်တွေလို သေးနုပ်တာ ကိုလဲ မလုပ်ချင်၊ကြီးမားတဲ့အလုပ်တွေကလဲ မနိုင်ဆိုတာမျိုးဖြစ်တတ်ပါတယ်။
အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးအိမ်ထောင်ရေးမှာတော့ ဒုက္ခထက်သုခဘက်ကိုပိုအလေးသာတဲ့ သူတွေပါပဲ။ အိမ်ထောင်ရေးမှာ တော့ စိတ်တူသဘောတူတဲ့သူတွေကိုတော့ ရလွယ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ချစ်သူအိမ်ထောင်ဘက်အပေါ်စိုးမိုး လွန်းတာချုပ်ချယ်လွန်းတာမျိုးတွေကြောင့် တစ်ခါတလေ အကြီးအကျယ်စကားများရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့သဝန်တိုတာလေးတွေ၊စွပ်စွဲမိတာလေးတွေက အချစ်ရေးအိမ်ထောင်ရေးကို အက်ကြောင်း ထလာနိုင်တယ်ဆိုတာသတိပြုပါ။ အိမ်ထောင်ဘက်အပေါ်မှာလဲ အပြည့်အဝမယုံကြည်တတ်ကြဘူး၊ သံသယများပါတယ်။ ဒီအချက်ရဲ့အားနည်းချက်က သူများသွေးထိုးလို့ကောင်းတာပေါ့ဗျာ။ 1ဂဏန်းသမားတွေရဲ့ သတိထားရမဲ့နောက်တစ်ချက်က ချစ်သူအိမ်ထောင်ဘက်ကို လူကြားသူကြားမရှောင် အပြစ်တင်တတ်တာ တွေပါပဲ။ 1ဂဏန်းသမားတွေကို ဆိုးတာတွေရွေးပြော တယ်လို့ မထင်ပါနဲ့။ ရှောင်ရမဲ့အချက်တွေသိမှပဲ ဆင်ခြင်နိုင်မှာမို့ ရွေးပြောနေတာပါ။ တစ်ခုသတိထားမိလားတော့ မသိဘူး။ 1ဂဏန်းသမားတွေဟာ သူ့ရဲ့လက်တွဲဖော်ကို သန့်ပြန်ပြီး စမတ်ကျကျ ဝတ်ဆင်နေထိုတတ်သူတွေကို ပို သဘောကျလေ့ရှိတယ်။ နောက်တစ်ချက်က 1ဂဏန်းသမားတွေက အထင်ကြီးလေးစားတာကိုအထူးခံချင်ပါတယ်။ ဒါကြောင့် 1ဂဏန်းသမားတွေကို လက်တွဲမဲ့အိမ်ထောင်ဘက်တွေက သူတိုကို အထင်ကြီးလေးစားနိုင်မှပဲ လက်ထပ်ပါလို့မှာချင်ပါတယ်။ အိမ်ထောင်ရေးပြဿနာဖြစ်လာရင်တော့ မိမိပြောတာအမှန်၊မိမိလုပ်တာအမှန်ဆို တာမျိုးတွေလုပ်မိတတ်ပါတယ်။ ဒါပေမဲ့ တစ်ဂဏန်းသမားတွေက အိမ်ထောင်ဘက်အပေါ်သစ္စာရှိကြတယ်။ အိမ် ထောင်ဦးစီးဆိုလဲ အိမ်ထောင်ဘက်အပေါ်သေချာလုပ်ကိုင်ကျွေးမွေးတဲ့သူတွေပါ။ တစ်ခုသတိထားရမှာက မိမိက အရွဲ့တိုက်လိုစိတ်ရှိတယ်။ အိမ်ထောင်ဘက်က ဖောက်ပြန်တယ်ဆို ဖေးမတာမျိုးမလုပ်ဘဲ သူတောင်မဟုတ်တာ လုပ်သေးတာပဲငါလဲလုပ်မယ်ဆိုတဲ့ အရွဲ့တိုက်စိတ်လေးရှိနေတတ်ပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ 1ဂဏန်းသမားတွေရဲ့ ၇၀%လောက်က ကျန်းမာရေးကောင်းကြတာများပါတယ်။ ဦးခေါင်းနှင့်ပက်သက်သောရောဂါများ အလွန်ပဲဖြစ်လွယ်ပါတယ်။ ခေါင်းကိုက်၊ခေါင်းမူးတာ၊ဦးနှောက်အမြှေးရောင် တာမျိုးတွေဖြစ်လွယ်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောရောဂါတွေလဲ အထူးဖြစ်ရတတ်ပါတယ်။ အာရုံကြောအား နည်းတတ်တဲ့ ဇာတာရှင်တွေပါ။ သွေးတိုးရောဂါနှင့် နှလုံးရောဂါတွေကိုလဲ ထပ်လောင်းဂရုစိုက်ပေးပါ။ အသက်ရှည်ရှည်နေရသူတွေထဲမှာ 1ဂဏန်းသမားတွေလဲ ပါဝင်တာအထူးတွေ့ရပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
1ဂဏန်းသမားတွေဟာ စီးပွားရေးတွေလုပ်၊အလုပ်တွေကအဆင်ပြေလာ…အလုပ်တွေတိုးချဲ့ ၊တဖြည်းဖြည်းနဲ့ လောဘသက္ကာယကြီးလာတာ၊တိုးတတ်ကြီးပွားချင်စိတ်တွေများလာတာတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်တာနဲ့ ဘာသာရေးကိုမေ့သွားတတ်တယ်။ လောဘကို ဒါနနဲ့အနိုင်ယူရမယ်ဆိုတာမသိတော့ဘူး။ ဒါကြောင့် 1ဂဏန်း သမားတွေက အဆင်ပြေလေ၊ဘာသာကိုတွဲလုပ်နိုင်လေဆိုပိုကောင်းတာတွေ့ရပါတယ်။ နေမင်းဟာအထွက် အဝင်ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အမြဲတမ်းတောက်လောင်ထွန်းလင်းပေမဲ့ကမ္ဘာ မြေကနေကြည့်မယ်ဆို နေဝင်ချိန်ဆိုတာရှိစမြဲပါပဲ။ ဒါကြောင့် 1ဂဏန်းသမားတွေရဲ့ ၆၀%လောက်ဟာ တတိယ အရွယ်ဘဝနေဝင်ချိန် တွေမှာ အိုဇာတာညံ့နေတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူတွေ မာနကိုရှေ့တန်း မတင်ဘဲ နားလည်ခွင့်လွတ်တတ်သူတွေ၊ အရာရာကို အတ္တစိတ်နဲ့ပြောဆိုလုပ်ကိုင်ခြင်းမပြုဘဲ ပရသဘောမျှတစွာ နေထိုင်တတ်သူတွေသာ အိုဇာတာကောင်းနိုင်ပါလိမ့်မယ်ဗျာ။
1ရက်နေ့မှာ မွေးဖွားကြတဲ့ 1ဂဏန်းသမားတွေကို ထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 10ရက်၊ 19ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 1ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ ပတ် ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေများတယ်။ လူများရင် ပြဿနာများတယ်ဆိုပြီးတွေးတဲ့သူတွေပါ။ ဒါကြောင့် လူများများနဲ့တွဲဖက်လုပ်ကို်င်ရတဲ့အလုပ်တွေမှာအံဝင်ခွင်ကျသိပ်မဖြစ်ဘူး။ မိသားစုထဲမှာလဲ ခပ်စိမ်းစိမ်းနေတတ် တာကြောင့် မိမိအနားမှာတွတ်တီးတွတ်တာနေမဲ့ သားသမီးမြေးမြစ်တွေရှိမှာမဟုတ်ဘူး။ ဒါတွေက အသက်ကြီးရင် ပြုစုမဲ့သူတွေရှားသွားတတ်ပါတယ်။ဆင်ခြင်ဖို့ပါ။
10ရက်နေ့မှာ မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထားမိတယ်။
10ရက်နေ့ မွေးသူတွေဟာလူလည်တွေများတယ်။ အကင်းပါတယ်။ ဖြတ်ထိုးဉာဏ်လဲကောင်းကြတယ်။ ဉာဏ်ပညာထက် မြက်ပြီးတော့ သင်လွယ်တတ်လွယ်ကြတယ်။ ဆိုးတာက ဝီရိယမစိုက်ထုတ်ချင်ဘူး၊ ပျင်းချင်တယ်။ ဉာဏ်တစ်ခုထဲ ကိုပဲအားကိုးချင်ကြတယ်။ နောက်ပြီး မိဘမောင်ဘွား မိသားစုအပေါ်မှာလဲ သံယောဇဉ်နည်းတာကိုအထူးတွေ့ရ တတ်ပါတယ်။
19ရက်နေ့မွေးဖွားသူတွေကတော့ မျက်နှာမြင်ချစ်ခင်အသံကြားသနားဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံပြီး လူချစ်လူခင်အလွန်ပဲ များကြတာကိုတွေ့ရပါတယ်။ပထမအရွယ်ကုန်လို့ ဒုတိယအရွယ်စပြီဆိုကတည်းက အောင်မြင်မှုကိုစောလျင်စွာ ထိတွေ့ခံစားရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်သူတွေထဲမှာ 19ရက်နေ့မွေးသူတွေကိုအထင်အရှား တွေ့နိုင်တယ်။ ကောင်းခြင်းနှင့် ဖြစ်စေ၊ဆိုးခြင်းနှင့်ဖြစ်စေ နာမည်ကျော်ကြားလူသိများတဲ့သူဖြစ်တတ်ပါတယ်။
28ရက်နေ့မွေးဖွားသူတွေကတော့ အတ္တမာနကြီးကြသူတွေဖြစ်တာကို မြင်တွေ့နိုင်ပါတယ်။ ရပ်ကွက်ထဲမှာလဲ ဖိုက်တာတွေဖြစ်နေတတ်ပါတယ်။ စိတ်ကြမ်းလူကြမ်းတွေဖြစ်လွယ်ပါတယ်။ အပေါင်းအသင်းဘော်ဒါတွေများတယ်။ ဒါ ပေမဲ့လူမုန်းများကြတာများတယ်။စီးပွားရေးကိုတော့ ကျားကုတ်ကျားခဲကြိုးစားရှာဖွေကြတာများပါတယ်။ ခေါင်းမာ တာ၊ဇွတ်တရွတ်နိုင်တာ တွေကို လျှော့သင့်တယ်။ အိမ်ထောင်ဘက်အပေါ်လဲနိုင့်ထက်စီးနင်းလုပ်တတ်ကြသူတွေ များတယ်။
1ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 4ဂဏန်း၊ 8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 1ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ပေါင်းခြင်း4၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 489ပါရင်၊ပေါင်းခြင်း4/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်းနှင့် 6ဂဏန်း သမားတွေကတော့ 1ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
1ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695
Zawgyi font
1ဂဏန်းသမားများအကြောင်း
1ဂဏန်းဆိုတာကတော့ မည်သည့်လတွင်မဆို 1ရက်၊10ရက်၊ 19ရက်နှင့် 28ရက်တွေမှာမွေးဖွားတဲ့သူ တွေကို 1ဂဏန်းသမားတွေလိုသတ်မှတ်ပါတယ်။
1ဂဏန်းကို တနင်္ဂနွေ ဂြိုဟ်စိုးမိုးတယ်လို့ အမှတ်သညာရှိခဲ့ကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာနေမင်းပိုင်တဲ့ ဂြိုဟ်လဲ ဖြစ်ပါတယ်။ ဓာတ်သဘောအရလဲ မီးဓာတ်၊အဖိုဓာတ်ကိုပေးပါတယ်။
စရိုက္လကၡဏာ
1ဂဏန်းဆိုတာ ဂဏန်းတွေရဲ့အဦးအစမို့လားတော့မသိဘူး။ 1ဂဏန်းသမားတွေဟာ လူကြားထဲမှာထင် ပေါ်ကျော်ကြားကြတာများပါတယ်။ အရာရာလဲ ရှေ့ကနေပါတတ်သူတွေများပါတယ်။ တစ်ခုသတိထားရမှာက ရုပ်ဝါဒဆန်ကြတာများတယ်။ လက်တွေ့မှယုံတာမျိုးတွေ၊ ခံစားချက်ကိုဦးစားမပေးတာမျိုးတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က 1ဂဏန်းသမားတစ်ယောက်ဖြစ်မယ်ဆိုရင်လဲ နှလုံးရည်ကိုလဲ ကောင်းအောင်လေ့ကျင့်ထားပါ။ ကိုယ်ချင်း စာစိတ်ကို မွေးမြူပါ။ ခေါင်းဆောင်စိတ်ရှိတယ်။ တာဝန်ယူ၊တာဝန်ခံစိတ်လဲရှိကြတယ်။ ပေးတဲ့တာဝန်ကိုကျေပွန် အောင် ကျေပွန်အောင်စွမ်းဆောင်နိုင်ကြသူတွေပါ။ နှလုံးရည်ပါပြည့်စုံတဲ့ ၁ဂဏန်းများတွေဟာထိပ်ဆုံးရောက်ကြ တာများတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Microsoft ကိုတည်ထောင်တဲ့ ဘီလ်ဂိတ်တို့ဟာ မေတ္တာတရားကြီးမား ခြင်းတွေ ရှိပြီး နှလုံးရည်အားကောင်းကြကြောင်းတွေ့ရပါတယ်။ 1ဂဏန်းသမားဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်၊အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန်တို့ဟာ ရုပ်ဝါဒီအရမ်းဆန်ကြတယ်ဆိုတာ တွေ့မြင်နိုင်ပါ တယ်။ 1ဂဏန်းသမားတွေဟာ နိမ့်ကျသူတွေကို ကူညီလိုကြတယ်။ဘဝရည်မှန်းချက်ကြီးမာကြတယ်။ လိမ္မာပါးနပ်ကြသလို သိလွယ်တတ်လွယ်ကြတဲ့သူတွေဖြစ်တယ်။ အရိပ်ပြလို့အကောင်မြင်တတ်သူတွေဖြစ်ပြီး ပါးရည်နပ်ရည်လဲရှိကြပါ တယ်။ နောက်လိုက်လုပ်လိုစိတ်မရှိဘူး။ တော်ရုံဒုက္ခရောက်ရုံနဲ့သူများဆီမှာ အကူအညီ မတောင်းတတ်ကြဘူး။ ဘာသာရေးအပေါ်မှာ သေချာဆန်းစစ်ပြီးမှယုံကြည်တတ်တယ်။ ယုံမိပြီဆိုရင်လဲ အသက် ပေးပြီးယုံကြည်သွား တတ်ကြသူတွေပဲဖြစ်တယ်။စကားပြောကောင်းသူတွေဖြစ်ကြပြီး သူတစ်ပါးကိုယုံကြည် လာအောင်လဲ စည်းရုံးသိမ်း သွင်းနိုင်တာကိုတွေ့ရတယ်။ ဇွဲရှိတယ်။သတ္တိကောင်းကြတယ်။ ဒါကြောင့်လဲ စိတ်ရော ကိုယ်ပါအပင်ပန်းခံနိုင်ကြ တာကိုတွေ့ရတယ်။ တစ်ခုဆိုးတာက မိမိကိုယ်ကိုအထင်ကြီးစိတ်များသွားတတ်ပါတယ်။
စီးပွားရေးနှင့် အလုပ်အကိုင်
ခေါင်းဆောင်စိတ်ရှိလို့လာတော့မသိဘူး… 1ဂဏန်းသမားတွေက အခြေခံကစလုပ်ပေမဲ့ မကြာခင်မှာပဲ ခေါင်းဆောင်ဖြစ်လွယ်ပါတယ်။ ကြိုးစားမှု၊ရိုးသားမှု၊လုပ်ငန်းအပေါ် ကျွမ်းကျင်ပါးနပ်မှု၊ တာဝန်ယူစိတ်၊တာဝန်ခံ စိတ်တွေက မိမိကိုထိပ်ဆုံးရောက်အောင်အမြန်ဆုံးခေါ်သွားတတ်တာကိုတွေ့ရပါတယ်။ ဦးဆောင်ဦးရွက်လုပ်လို စိတ်ရှိတဲ့အတွက် အုပ်ချူပ်ရေးအပိုင်း၊ခေါင်းဆောင်အပိုင်း၊Manament လုပ်ပေးရတဲ့အလုပ်တွေမှာ အောင်မြင်ကြတာ များပါတယ်။ နေမင်းဟာပူပြင်းတဲ့သဘောဆောင်တာကြောင့်မီးနဲ့ပက်သက်သော အလုပ်တွေ၊လျှပ်စစ်ပက်သက် သောအလုပ်၊အင်ဂျင်နီယာ၊ ခွဲစိပ်ဆရာဝန်၊နည်းပညာအလုပ်တွေမှာ ထင်ရှားအောင်မြင်တတ်ကြပါတယ်။ တစ်ခု ဆိုးတာကသူတို့တွေဟာအလုပ်သေးသေးမွှားမွှားလေးတွေကို အထင်မကြီးတတ်ကြတာပါပဲ။ ဒါကြောင့်ပဲ အလှမ်း ကျယ်ပြီး အလယ်ကလှစ်ဟာနေသလိုမျိုးဖြစ်တတ်ပါတယ်။ ဥပမာပေးရရင် အထည်ကြီးပျက်တွေလို သေးနုပ်တာ ကိုလဲ မလုပ်ချင်၊ကြီးမားတဲ့အလုပ်တွေကလဲ မနိုင်ဆိုတာမျိုးဖြစ်တတ်ပါတယ်။
အချစ်ရေးနှင့် အိမ်ထောင်ရေး
အချစ်ရေးအိမ်ထောင်ရေးမှာတော့ ဒုက္ခထက်သုခဘက်ကိုပိုအလေးသာတဲ့ သူတွေပါပဲ။ အိမ်ထောင်ရေးမှာ တော့ စိတ်တူသဘောတူတဲ့သူတွေကိုတော့ ရလွယ်တာတွေ့ရပါတယ်။ ဒါပေမဲ့ ချစ်သူအိမ်ထောင်ဘက်အပေါ်စိုးမိုး လွန်းတာချုပ်ချယ်လွန်းတာမျိုးတွေကြောင့် တစ်ခါတလေ အကြီးအကျယ်စကားများရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့သဝန်တိုတာလေးတွေ၊စွပ်စွဲမိတာလေးတွေက အချစ်ရေးအိမ်ထောင်ရေးကို အက်ကြောင်း ထလာနိုင်တယ်ဆိုတာသတိပြုပါ။ အိမ်ထောင်ဘက်အပေါ်မှာလဲ အပြည့်အဝမယုံကြည်တတ်ကြဘူး၊ သံသယများပါတယ်။ ဒီအချက်ရဲ့အားနည်းချက်က သူများသွေးထိုးလို့ကောင်းတာပေါ့ဗျာ။ 1ဂဏန်းသမားတွေရဲ့ သတိထားရမဲ့နောက်တစ်ချက်က ချစ်သူအိမ်ထောင်ဘက်ကို လူကြားသူကြားမရှောင် အပြစ်တင်တတ်တာ တွေပါပဲ။ 1ဂဏန်းသမားတွေကို ဆိုးတာတွေရွေးပြော တယ်လို့ မထင်ပါနဲ့။ ရှောင်ရမဲ့အချက်တွေသိမှပဲ ဆင်ခြင်နိုင်မှာမို့ ရွေးပြောနေတာပါ။ တစ်ခုသတိထားမိလားတော့ မသိဘူး။ 1ဂဏန်းသမားတွေဟာ သူ့ရဲ့လက်တွဲဖော်ကို သန့်ပြန်ပြီး စမတ်ကျကျ ဝတ်ဆင်နေထိုတတ်သူတွေကို ပို သဘောကျလေ့ရှိတယ်။ နောက်တစ်ချက်က 1ဂဏန်းသမားတွေက အထင်ကြီးလေးစားတာကိုအထူးခံချင်ပါတယ်။ ဒါကြောင့် 1ဂဏန်းသမားတွေကို လက်တွဲမဲ့အိမ်ထောင်ဘက်တွေက သူတိုကို အထင်ကြီးလေးစားနိုင်မှပဲ လက်ထပ်ပါလို့မှာချင်ပါတယ်။ အိမ်ထောင်ရေးပြဿနာဖြစ်လာရင်တော့ မိမိပြောတာအမှန်၊မိမိလုပ်တာအမှန်ဆို တာမျိုးတွေလုပ်မိတတ်ပါတယ်။ ဒါပေမဲ့ တစ်ဂဏန်းသမားတွေက အိမ်ထောင်ဘက်အပေါ်သစ္စာရှိကြတယ်။ အိမ် ထောင်ဦးစီးဆိုလဲ အိမ်ထောင်ဘက်အပေါ်သေချာလုပ်ကိုင်ကျွေးမွေးတဲ့သူတွေပါ။ တစ်ခုသတိထားရမှာက မိမိက အရွဲ့တိုက်လိုစိတ်ရှိတယ်။ အိမ်ထောင်ဘက်က ဖောက်ပြန်တယ်ဆို ဖေးမတာမျိုးမလုပ်ဘဲ သူတောင်မဟုတ်တာ လုပ်သေးတာပဲငါလဲလုပ်မယ်ဆိုတဲ့ အရွဲ့တိုက်စိတ်လေးရှိနေတတ်ပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ 1ဂဏန်းသမားတွေရဲ့ ၇၀%လောက်က ကျန်းမာရေးကောင်းကြတာများပါတယ်။ ဦးခေါင်းနှင့်ပက်သက်သောရောဂါများ အလွန်ပဲဖြစ်လွယ်ပါတယ်။ ခေါင်းကိုက်၊ခေါင်းမူးတာ၊ဦးနှောက်အမြှေးရောင် တာမျိုးတွေဖြစ်လွယ်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောရောဂါတွေလဲ အထူးဖြစ်ရတတ်ပါတယ်။ အာရုံကြောအား နည်းတတ်တဲ့ ဇာတာရှင်တွေပါ။ သွေးတိုးရောဂါနှင့် နှလုံးရောဂါတွေကိုလဲ ထပ်လောင်းဂရုစိုက်ပေးပါ။ အသက်ရှည်ရှည်နေရသူတွေထဲမှာ 1ဂဏန်းသမားတွေလဲ ပါဝင်တာအထူးတွေ့ရပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
1ဂဏန်းသမားတွေဟာ စီးပွားရေးတွေလုပ်၊အလုပ်တွေကအဆင်ပြေလာ…အလုပ်တွေတိုးချဲ့ ၊တဖြည်းဖြည်းနဲ့ လောဘသက္ကာယကြီးလာတာ၊တိုးတတ်ကြီးပွားချင်စိတ်တွေများလာတာတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်တာနဲ့ ဘာသာရေးကိုမေ့သွားတတ်တယ်။ လောဘကို ဒါနနဲ့အနိုင်ယူရမယ်ဆိုတာမသိတော့ဘူး။ ဒါကြောင့် 1ဂဏန်း သမားတွေက အဆင်ပြေလေ၊ဘာသာကိုတွဲလုပ်နိုင်လေဆိုပိုကောင်းတာတွေ့ရပါတယ်။ နေမင်းဟာအထွက် အဝင်ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်။အမြဲတမ်းတောက်လောင်ထွန်းလင်းပေမဲ့ကမ္ဘာ မြေကနေကြည့်မယ်ဆို နေဝင်ချိန်ဆိုတာရှိစမြဲပါပဲ။ ဒါကြောင့် 1ဂဏန်းသမားတွေရဲ့ ၆၀%လောက်ဟာ တတိယ အရွယ်ဘဝနေဝင်ချိန် တွေမှာ အိုဇာတာညံ့နေတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ပေးကမ်းစွန့်ကြဲတတ်သူတွေ မာနကိုရှေ့တန်း မတင်ဘဲ နားလည်ခွင့်လွတ်တတ်သူတွေ၊ အရာရာကို အတ္တစိတ်နဲ့ပြောဆိုလုပ်ကိုင်ခြင်းမပြုဘဲ ပရသဘောမျှတစွာ နေထိုင်တတ်သူတွေသာ အိုဇာတာကောင်းနိုင်ပါလိမ့်မယ်ဗျာ။
1ရက်နေ့မှာ မွေးဖွားကြတဲ့ 1ဂဏန်းသမားတွေကို ထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 10ရက်၊ 19ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 1ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေလိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ ပတ် ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေများတယ်။ လူများရင် ပြဿနာများတယ်ဆိုပြီးတွေးတဲ့သူတွေပါ။ ဒါကြောင့် လူများများနဲ့တွဲဖက်လုပ်ကိုင်ရတဲ့အလုပ်တွေမှာအံဝင်ခွင်ကျသိပ်မဖြစ်ဘူး။ မိသားစုထဲမှာလဲ ခပ်စိမ်းစိမ်းနေတတ် တာကြောင့် မိမိအနားမှာတွတ်တီးတွတ်တာနေမဲ့ သားသမီးမြေးမြစ်တွေရှိမှာမဟုတ်ဘူး။ ဒါတွေက အသက်ကြီးရင် ပြုစုမဲ့သူတွေရှားသွားတတ်ပါတယ်။ဆင်ခြင်ဖို့ပါ။
10ရက်နေ့မှာ မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထားမိတယ်။
10ရက်နေ့ မွေးသူတွေဟာလူလည်တွေများတယ်။ အကင်းပါတယ်။ ဖြတ်ထိုးဉာဏ်လဲကောင်းကြတယ်။ ဉာဏ်ပညာထက် မြက်ပြီးတော့ သင်လွယ်တတ်လွယ်ကြတယ်။ ဆိုးတာက ဝီရိယမစိုက်ထုတ်ချင်ဘူး၊ ပျင်းချင်တယ်။ ဉာဏ်တစ်ခုထဲ ကိုပဲအားကိုးချင်ကြတယ်။ နောက်ပြီး မိဘမောင်ဘွား မိသားစုအပေါ်မှာလဲ သံယောဇဉ်နည်းတာကိုအထူးတွေ့ရ တတ်ပါတယ်။
19ရက်နေ့မွေးဖွားသူတွေကတော့ မျက်နှာမြင်ချစ်ခင်အသံကြားသနားဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံပြီး လူချစ်လူခင်အလွန်ပဲ များကြတာကိုတွေ့ရပါတယ်။ပထမအရွယ်ကုန်လို့ ဒုတိယအရွယ်စပြီဆိုကတည်းက အောင်မြင်မှုကိုစောလျင်စွာ ထိတွေ့ခံစားရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်သူတွေထဲမှာ 19ရက်နေ့မွေးသူတွေကိုအထင်အရှား တွေ့နိုင်တယ်။ ကောင်းခြင်းနှင့် ဖြစ်စေ၊ဆိုးခြင်းနှင့်ဖြစ်စေ နာမည်ကျော်ကြားလူသိများတဲ့သူဖြစ်တတ်ပါတယ်။
28ရက်နေ့မွေးဖွားသူတွေကတော့ အတ္တမာနကြီးကြသူတွေဖြစ်တာကို မြင်တွေ့နိုင်ပါတယ်။ ရပ်ကွက်ထဲမှာလဲ ဖိုက်တာတွေဖြစ်နေတတ်ပါတယ်။ စိတ်ကြမ်းလူကြမ်းတွေဖြစ်လွယ်ပါတယ်။ အပေါင်းအသင်းဘော်ဒါတွေများတယ်။ ဒါ ပေမဲ့လူမုန်းများကြတာများတယ်။စီးပွားရေးကိုတော့ ကျားကုတ်ကျားခဲကြိုးစားရှာဖွေကြတာများပါတယ်။ ခေါင်းမာ တာ၊ဇွတ်တရွတ်နိုင်တာ တွေကို လျှော့သင့်တယ်။ အိမ်ထောင်ဘက်အပေါ်လဲနိုင့်ထက်စီးနင်းလုပ်တတ်ကြသူတွေ များတယ်။
1ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊5ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 4ဂဏန်း၊ 8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 1ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ပေါင်းခြင်း4၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 489ပါရင်၊ပေါင်းခြင်း4/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်းနှင့် 6ဂဏန်း သမားတွေကတော့ 1ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
1ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695

Leave a Reply

Your email address will not be published. Required fields are marked *