loading

မဟာဘုတ် ၅ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

  • Home
  • Blog
  • မဟာဘုတ် ၅ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

 

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၅ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၅ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။
၅ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။
မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၅ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။
၁၃၂၁ခု၊ ၁၃၂၈ခု၊ ၁၃၃၅ခု၊ ၁၃၄၂ခု၊ ၁၃၄၉ခု၊ ၁၃၅၆ခု၊ ၁၃၆၃ခု၊ ၁၃၇၀ ခု၊ ၁၃၇၇ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၅ကြွင်းဖွားတွေပါပဲ။
ဒီအဖွားဇာတာရှင်တွေဟာ အချစ်ရေးအပေါ်ထားတဲ့ စိတ်ထားတွေကထူးခြားပါတယ်။ ၅ကြွင်းဖွားတွေဟာ ဝါသနာပါ စိတ်ထဲရှိရာကိုအလွန်စိတ်နှစ်ပြီး
လုပ်တတ်သူတွေပါ။ မိမိဝါသနာပါရာလုပ်နေရရင်ထမင်းမေ့ဟင်းမေ့ပါပဲ။ ဒါကြောင့်ပဲ ဒီအကြွင်းဖွားတွေဟာ ချစ်သူက သူတို့အတွက်ဦးစားပေး ၁မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ချစ်သူဂရုမစိုက်ဘူး၊ လျစ်လျူ ရှုတယ်စသည်ဖြင့် စွပ်စွဲပြောဆိုခြင်းကို အမြဲခံရတဲ့သူတွေပါပဲ။ အချစ်ဦး ရည်းစားဦးဆိုသူတွေနဲ့ ဆုံဆည်းဖို့ ခက်ခဲပါတယ်။ ကံကြမ္မာက အသက်၂၀မတိုင်ခင်ကာလတွေ ချစ်သူရည်းစားထားရင်ခွဲခွာရဖို့များတယ်။ ငယ်ရွယ်စဉ်ကာလမှာ အချစ်ရေးကံအားနည်းတဲ့အကြွင်းဖွားတွေပါပဲ။ အချစ်ရေးမှာ ချစ်ခင်တာထက် သနားတာ ၊ ကိုယ်ချင်းစာတာကို ဦးစားပေးကြတာများပါတယ်။ သနားချစ်ဆိုတာမျိုးက ၅ကြွင်းဖွားတွေမှာ ကြုံတွေ့ရလေ့ရှိပါတယ်။ ၅ကြွင်းဖွားတော်တော်များများဟာ ဘယ်သူကိုမှမယုံတတ်သူတွေပါ။ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောတဲ့သူတွေပါပဲ။ ဒါကြောင့်ပဲ ၅ကြွင်းဖွားတွေဟာ သူတို့ဘက်ကို
မျှားဦးလှည့်လာမဲ့ အတိတ်က ဖြစ်ရပ်တစ်ချို့ကို ဖုံးကွယ်ထားလေ့ရှိပါတယ်။
မိမိအတိတ်က ဖုံးကွယ်ထားတဲ့ကိစ္စရပ်တွေကို
မိမိချစ်သူ အိမ်ထောင်ဘက်ကသိသွားတဲ့အခါ ပြဿ နာများရတတ်ပါတယ်။ ၅ကြွင်းဖွားတွေဟာ ငယ်ရွယ်စဉ်ကာလတွေမှာ ချစ်သူကို အစမ်းထားကြည့်တာမျိုး လုပ်လေ့ရှိပါတယ်။ ချစ်တာပဓာနမဟုတ်ဘဲ ရည်းစားထားတာဘယ်လိုလဲဆိုပြီး စမ်းကြည့်တာမျိုးပါ။
ဒါပေမဲ့ အိမ်ထောင်ပြုဖို့ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့ စဉ်းစားရင်တော့ မိမိရဲ့ စံပေတံနဲ့ တိုင်းတာပြီးမှ ယူလေ့ရှိကြတဲ့သူတွေပါပဲ။ မိမိနဲ့ စရိုက်တူရဲ့လား မိသားစုနဲ့အဆင်ပြေပါမလား မိမိပြောသလိုဖြစ်ပါ့မလား စသည်ဖြင့်ချိန်ဆပြီးမှ ရွေးချယ်လေ့ရှိပါတယ်။ ဘယ်တော့မှ အိမ်ထောင်ရေးကို အလောသုံးဆယ်မဆုံးဖြတ်ကြပါဘူး။ ၅ကြွင်းဖွားတွေဟာ မိဘကျေးဇူးသိတတ်သူတွေပါ။ အိမ်ထောင်ကျပြီးလဲ မိဘကိုနိုင်သ၍ထောက်ပံ့လေ့ရှိကြပါတယ်။ ဒါကိုမိမိအိမ်ထောင်ဘက်က မကြိုက်ဘူး တားမြစ်တယ်ဆိုရင်တော့ ထိုအိမ်ထောင်ရေးက မြဲမှာမဟုတ်ပါဘူး။ မိဘတွေကိုထိခိုက်လာပြီဆို အိမ်ထောင်ဘက်နဲ့ လမ်းခွဲဖို့ဝန်မလေးတဲ့သူတွေပါ။
ဒါပေမဲ့ ၅ကြွင်းဖွားတွေဟာ အိမ်ထောင်ရေးကံကောင်းကြတာများပါတယ်။ မိမိကိုအနွံတာခံသော မိမိအလိုကိုလိုက်လျောသော အိမ်ထောင်ဘက်မျိုးကိုရတတ်ပါတယ်။ အိမ်ထောင်တစ်ဆက်တည်းနဲ့ သေတပန် သက်တဆုံးလက်တွဲသွားရသူတွေများပါတယ်။ ၅ကြွင်းဖွားတွေဟာ သားသမီးရမဲ့ကံနည်းပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုတာနောက်ကျတယ်ဆို သားသမီးချက်ချင်းယူတာအကောင်းဆုံးပါပဲ
၅ကြွင်းဖွားယောကျာ်းလေးတွေဟာ အိမ်ထောင်ကျပြီးလဲ အကဲစမ်းလိုစိတ် အပြောင်းအလဲလုပ်လိုစိတ်ကြောင့် အတည်မဟုတ်တာတောင် အီစီကလီလေးတွေတော့ ရှိနေတတ်သူတွေပါ။
ချမ်းသာဖို့ထက် မိမိဝါသနာပါရာ စိတ်ပါရာကို စိတ်နှစ်ထားတဲ့အတွက် အိမ်ထောင်ဘက်က မိသားစုကိုဂရုမစိုက်ဘူး အရေးမပေးဘူးဆိုပြီးပြောဆို ပြစ်တင်တာကိုခံရမဲ့သူတွေပါပဲဗျ။ ဒီလောက်နဲ့ပဲကျေနပ်ကြပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Leave a Reply

Your email address will not be published. Required fields are marked *