(ဘင်္ဂဖွားဟောကိန်း)
ဗေဒင်ပညာကိုစတင်ရင်းနှီးခွင့်ရသော အချိန်က၁၁ နှစ်သားအရွယ် ၅တန်းကျောင်းသားဘဝ။
ဗေဒင်အချူ ပ် မဟာဘုတ်ဆိုတဲ့ စကားအတိုင်း
မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးခုနှစ်ကိုတည် ၇နဲ့စားအကြွင်းကို ဘင်္ဂအိမ်ကနေစပြီး “အောင်လံထူစစ်သူကြီးပွဲ” လင်္ကာအတိုင်း မဟာဘုတ်တိုင်ထူရမှန်းသိခဲ့သည်။ကျောင်းသား ဘဝကစလို့သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာ တွက်ပေးနေကြပင်။
ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ “လှတောမြို့သား အကြွားဆင့် “ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ်ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။
ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။
အခုမှမဟာဘုတ်ကို “က,ခ” စလို့ပြန်လေ့လာနရသည်။ သိပ်ချစ်စရာကောင်းတဲ့ပညာရပ်ပင်။
မဟာဘုတ်ပညာကို လူအများကိုလဲသိစေချင်သည်။ ကိုယ်ကလဲ မဟာဘုတ်ပညာနဲ့ပက်သက်ပြီးတော့က
သူငယ်တန်းအဆင့်သာသာ။ ဒါပေမဲ့မဟာဘုတ်ပညာကို ပြန်လည်ဖော်ထုတ်ချင်တာနဲ့ အကြွင်းဖွားအဟောတွေကို အကျဉ်းချုပ်လောက်ရေးပေးချင်မိသည်။
ဒါကလဲ ယေဘုယျသဘောတွေလောက်ပဲ ရေးလို့ရမယ်ဆိုတာသိသည်။
နေ့သားအလိုက်၊နာမည်အလိုက်၊ မဟာဘုတ်အကြွင်းအလိုက်အဟောတွေကအသေးစိပ်ကွဲပြားသွားမည်သာ။ အဖွားအဟောတွေ ရေးမည်ဆိုရင်တောင် တော်တော်များများက မိမိဖွားဇာတာကိုသိသူကနည်းသည်။
ပုတိ၊ ဘဂၤ၊ မရဏ
အထွန်း၊သိုက်၊ရာဇ၊အဓိပတိ ဆိုတာသိပေမဲ့ မိမိဘာဖွားဆိုတာတော့ သိသူနည်းကြသည်။ ဘယ်လိုတွက်ရမလဲမေးလိုက်ရင်ပိုဆိုးသွားတတ်သည်။
တွက်နည်းရေးပြရရင်လဲကိုကစာအရေးမတတ်တာနဲ့တော့ သိုက်စာဖတ်ရသလိုဖြစ်နေမှာလဲစိုးရသေးသည်။ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စား ရလာတဲ့အကြွင်းကိုကြည့်ပြီး ဘာနေ့သားဆိုဘာဖွားလဲဆိုတာရေးပေးထားလိုက်သည်။
ဥပမာ တွက်ပြရရင် မိမိဟာ ၁၃၅၀မွေးတယ်ဆိုပါတော့။ ၁၃၅၀ကို ၇နဲ့စားရင် ၆ကြွင်းတယ်(၁၃၅၀ ÷၇=၆ )
၆ကြွင်းကို ကြည့်လိုက်ပေါ့။
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွားဆိုတာ တွေ့ရပါလိမ့်မယ်။
အဲဒီတော့အခုစတင်ရေးပေးထားတာက ဘင်္ဂဖွားဟောကိန်းပါ။ ယေဘုယျသဘောလေးတွေပါ။
မိမိအားတဲ့နေ့တွေ အချိန်ရတဲ့အခါတွေကျရင်တော့ အခြားအဖွားဟောကိန်းတွေ ရေးပေးပါအုံးမယ်ဗျ။ အခုတော့ ဘင်္ဂဖွားတွေအတွက်ပဲ ရေးပေးထားပါတယ်။
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၀ ခုကြွင်းလျှင်
၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
ဘင်္ဂဖွား ဟောကိန်း
စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံးရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလဲ ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။
ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်ဘွင်ရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်
ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ်ရင်းအရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည်ဆိုတာနားလည်လာကြသည်။
ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူတွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပိုခင်တတ်သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြတိုင်ပင်အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလှိျု့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။
ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြို းစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိနေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင်ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေတတ်ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။
အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ်သူပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။
လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။
ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။
အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လိုတဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။ ပထမအရွယ်ကံအားနည်းတတ်ပြီး ဒုတိယအရွယ်၊ တတိယအရွယ်ကံမြင့်တတ်ပါတယ်။ မွေးစကနေအသက်၁၂ထိ နေအိမ်အပြောင်းအရွေ့ မြို့အပြောင်းအရွေ့ ကျောင်းအပြောင်းအရွေ့ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတတ်အကျများလွန်းတဲ့သူတွေပါပဲ။
သူတစ်ပါးကို အားကိုးပြီး စပ်တူလုပ်ငန်းမလုပ်ပါနဲ့။
အမှီအခိုကင်းပြီး သူတစ်ပါးလာင်းရိပ်မမိတဲ့ဘဝနေထိုင်မှုမျိုးက မိမိဘဝကိုအောင်မြင်အောင်တွန်းပို့မှာပါ။
ကိုယ်စွမ်းကိုယ်စကိုသိပြီး ဝီရိယရှိရှိကြိုးစားရင် အောင်မြင်မဲ့ ဖွားဇာတာပါပဲဗျာ ။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)