ဒသာကောက်ကိန်းအရ သောကြာ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ
ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက် ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်း မီတယ်လို့ ဆိုရမှာပါ။
တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ ထိုဆရာက ကောဇာအစီးအနင်း ထက် ဒသာနဲ့ ဟောတာကို အားသန်တဲ့သူပါ။ သူ ကျွန်တော်ကို ဒသာအပိုင်းအခြား တွေနဲ့ဟောတာ အလွန်မှန်ကန် တာတွေ့ရတယ်။
ဒါကြောင့် ဒသာအပိုင်းအခြားတွေ ဘယ်လောက်များများထိ ရှိနေလဲ။ ဘယ်လောက်မှန်ကန်မှုရှိလဲ လေ့လာ ခဲ့ပါတယ်။ လက်ဆန်းမှာလဲ ဒဿကောက်ကိန်းတွေ အများအပြားတွေ့ရပါတယ်။ အတော်လဲ မှန်ကန်တာကို တွေ့ရပါတယ်။
ဒသာဟောကိန်းတွေကို လက်တွေ့မှာ ချိန်ထိုးကြည့်တာ အတော့်ကိုမှန်ကန်ပါတယ်။ အခုပြောပြချင်တာက နေ့နံအလိုက် ကံကောင်းချိန်၊ ကံညံ့ချိန်တွေကို ပြောပြချင်တာပါ။ လူတစ်ယောက်ချင်း စီးရဲ့ ဖွားဇာတာအရ၊ နာမည်အရ၊ ပစ္စပ္ပုန်ကြိုးစားမှုတွေအရ အခုရေးပေးမယ့် အချိန်ကာလတွေထဲက ကံကောင်းချိန်ကာလ၊ ကံညံ့ချိန် ကာလ တွေက မိတ်ဆွေတို့အတွက် ၁၀၀%မမှန်ကန်နိုင်ပါ။
ဒါပေမယ့် ၇၀%လောက်သော သူတွေအတွက်မှန်ကန် နိုင်ပြီးတော့ ၃၀%သောသူတွေအတွက် လွဲချော်မှုတွေ ရှိနေပါလိမ့်မယ်။ သောကြာသားသမီးတွေအတွက် ကံအခွင့်အရေးပေးချိန်တွေ ကတော့
အသက် ၅နှစ် ၃လမှစ၍ အသက် ၇နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၂၁နှစ် ၉လမှ စ၍အသက် ၂၂နှစ် ၆လအထိကာလ
အသက်၂၇နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၂၈နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၄၉နှစ် တင်းတင်းပြည့်ချိန်မှစ၍ အသက်၅၀တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၆၂နှစ် ၉လမှစ၍ အသက် ၆၄နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၇၃နှစ် ၃လမှစ၍ အသက် ၇၄နှစ် ၆လအထိကာလများဟာ
အဘက်ဘက်က ကံအထောက်အပံ့ရလွယ် တယ် လို့ ယေဘုယျမှတ်ယူရပါလိမ့်မယ်။ဒီကာလအတွင်း အလုပ်မှန်၊လမ်းကြောင်းမှန်ပေါ် ရောက်တတ်သလို၊ လုပ်တိုင်းဖြစ်မယ့် အချိန်အခါလဲဖြစ်ပါတယ်။ ကံပေးချိန်မို့ ဉာဏ်ဝီရိယသာ ကူလိုက်မယ်ဆိုရင် အောင်ပန်းကို ဆွတ်ခူးယူနိုင်မယ့်ကာလတွေပါ။ သောကြာသားသမီးများအတွက် ယေဘုယျအားဖြင့် အိုအေစစ်ကာလ တွေလို့ ဆိုချင်ပါတယ်။ တစ်ဦးချင်းစီရဲ့ မွေးဇာတာ၊နာမည်တွေအရ အပြောင်းအလဲရှိပေမယ့် ယေဘုယျအားဖြင့် တော့ ကံကောင်းချိန်တွေလို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။
သောကြာသားသမီးများ ကံညံ့ချိန်၊ ကံအင်အားနည်းနေချိန်တွေကတော့
အသက် ၁၀နှစ် ၆လမှစ၍ အသက်၁၃နှစ် ၁လ ၁၅ရက်အထိကာလ
အသက် ၂၃နှစ် ၃လမှစ၍ အသက် ၂၄နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၃၀နှစ် ၉လမှစ၍ အသက် ၃၂နှစ် ၇လ ၁၅ရက်အထိကာလ
အသက်၄၃နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၄၄နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၇၅နှစ် ၉လမှစ၍ အသက် ၇၇နှစ်တင်းတင်းပြည့်ချိန်အထိ ကာလအပိုင်းအခြားတွေက
အဘက်ဘက်က အခက်အခဲတွေပိုစေနိုင်တဲ့ ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ အရာရာ သတိနဲ့ယှဉ်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။စိတ်လိုက်မာန်ပါလုပ်တာတွေ ဒေါသရှေ့ထားတာမျိုးတွေကို ဒီအသက် အပိုင်းအခြားတွေ မှာ လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုလုပ်မယ်ကြံစည်တိုင်း တက်နိုင်သမျှ နားလည်တက် ကျွမ်းသူတွေနဲ့တိုင်ပင် စေချင်ပါတယ်။
၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ငြိမ်းအေးလူ
၀၉၇၇၅၅၅၅၆၉၅
၀၉၄၄၅၅၅၅၆၉၅
#Zawgyi font