loading

ရာဇဖွားဟောကိန်း

  • Home
  • Blog
  • ရာဇဖွားဟောကိန်း

 မြန်မာ မဟာဘုတ်ဗေဒင်ပညာ

ရာဇဖွားဟောကိန်း
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၀ ခုကြွင်းလျှင်
၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား
၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား
၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား
၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား
၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား
၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား
၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၁ခုကြွင်းလျှင်
၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား
၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား
၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား
၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား
၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား
၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား
၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၂ ခုကြွင်းလျှင်
၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား
၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား
၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား
၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား
၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား
၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား
၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၃ ခုကြွင်းလျှင်
၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား
၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား
၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား
၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား
၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား
၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား
၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၄ ခုကြွင်းလျှင်
၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား
၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား
၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား
၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား
၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား
၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား
၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ
၅ခုကြွင်းလျှင်
၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား
၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား
၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား
၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား
၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား
၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား
၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား
မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ
၆ခုကြွင်းလျှင်
၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား
၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား
၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား
၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား
၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား
၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား
၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား
😃😃😃😃😃😃😃😃😃😃😃😃
ရာဇာဖွားဟောကိန်း
စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲတွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။ လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန်ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်းသာမှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါ။
မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာရှိနေတတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ်မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန်လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလို သူများတွေ မလုပ်နိုင်သော လက်လျှော့ထားသော အလုပ်တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။ မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကားမလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့်ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။
ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့်မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်၊
ရှေးရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်
သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။ စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။
မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီးမှယူသင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။
မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိတစ်ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်းနိုင်ကြပါ။ မိန်းမ
တွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်၊၊ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *