loading

ချစ်တဲ့သူတိုင်း ညားကြပါစေ

  • Home
  • Blog
  • ချစ်တဲ့သူတိုင်း ညားကြပါစေ

    အချစ်အကြောင်းပြောမယ်ဆိုရင် အခြားသူများထက်မိမိက ပိုပြီးသိတယ်လို့ ပြောရမလိုပင်။ အချစ်ရေးနယ်ပယ်မှာ ခံစားအလွယ်ဆုံးဖြစ်တဲ့ ကရကဋ်ရာသီဖွားက မိမိကိုယ်တိုင်ပင် မဟုတ်လား။ တက္ကသိုလ်ကျောင်းသားဘဝ အချစ်ဆိုတာနဲ့ စတင်ရင်းနှီးခွင့်ရခဲ့သည်။ 

ချစ်ခင်မြတ်နိုးခြင်း လွမ်းဆွတ်သတိရခြင်း ခွဲခွာပူဆွေးခြင်း အသည်းကွဲခြင်းစတဲ့ ဝေဒနာတွေအမျိုးမျိုးခံစား ခဲ့ရတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့လဲ ပထမဆုံး ထိတွေ့လုပ်ကိုင်ခွင့်ရတဲ့အလုပ်က marketing အလုပ်။ အလုပ်ခွင်ထဲမှာပင် ချစ်သူရသည်။ ချစ်သူက ကိုယ်အထက်မြန်မာပြည် marketing တစ်လထွက်နေချိန် နောက်တစ်ယောက်တွဲသွားသည်။ 

 မိမိပြန်ရောက်တော့ သူငယ်ချင်းတွေက ဆီးကြိုပြီးအကျိုးအကြောင်းပြောပြကြသည်။ လက်ထဲမှာကိုင်ပြီး သောက်နေတဲ့ အချိုရည်ပင်ဆက်လက်မမျိုချနိုင်အောင် လည်ချောင်းထဲမှာ တစ်ဆို့ပြီးအသည်းကွဲတဲ့ ဝေဒနာကို ခံစားခဲ့ရသည်။ ဒါကြောင့်ပဲ အချစ်နဲ့ပက်သက်ပြီး ဒုက္ခကြုံနေကြသူတွေကို မိမိကိုယ်တိုင်လဲ ကိုယ်ချင်းစာသည်။ 

        ဗေဒင်ပညာဖြင့် အသက်မွေးရပ်တည်တဲ့အခါမှာတော့ အချစ်ရေးသောကကြုံနေရသူတွေနဲ့ နေစဉ်လိုလို တွေ့ရမြင်ရလေသည်။ ချစ်ခင်နှစ်သက်သူနဲ့ ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းသည် ဒုက္ခပင် မဟုတ်ပါလား…။

      ချစ်သူက အဆက်အသွယ်မလုပ်လို့၊ ချစ်သူက လမ်းခွဲသွားလို့၊ ချစ်သူက နောက်တစ်ယောက်တွဲသွားလို့၊ ချစ်သူက အတူတူနေပြီးမှ ရှောင်နေလို့ …စသည်ဖြင့် အချစ်ရေးရဲ့ ခေါင်းစဉ်အောက်က ပြဿ     နာမျိုးစုံ မြင်ရကြားရ တွေရလေသည်။ 

      ချစ်သူရည်းစားမထားခင် မိမိချစ်သူကဘယ်လိုလူလဲ ဘယ်လိုစိတ်ဓာတ်ရှိလဲဆိုတာ သိအောင်ကြိုးစားထား ပါ။ ချစ်သူဘဝမှာလဲ မိန်းကလေးတွေအနေနဲ့ ချစ်သူနဲ့စိတ်ကွယ်ရာမနေမိပါစေနဲ့။ အတူတူမနေလို့ ပြဿ     နာရှာရင် လမ်းခွဲလိုက်ပါ။ အတိတ်ကံဆိုတာ ဘာတွေလုပ်ခဲ့တာလဲမြင်ရတာမဟုတ်ပါ။ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကဖူးစာရေစက် ဘယ်လောက်ပါလဲ သိနိုင်သည်မဟုတ်ပါ။ 

   ဖူးစာရေစက်နည်းလို့ လမ်းခွဲရပြီဆိုရင်တော့ဗေဒင်ယတြာမဆိုထားနှင့်။ မိုးပေါ်က သိကြားမင်းပင်ကူညီ နိုင်မည် မဟုတ်ဘူးဆိုတာသိထားပါ။ ဒါကြောင့် ကျွန်တော့်ဆီမှာဗေဒင်မေး ယတြာယူကြတဲ့သူတွေဆိုသိပါလိမ့် မယ်။ အဆင်ပြေနိုင် မပြေနိုင်စစ်ဆေးပြီးမှ လိုအပ်တဲ့ယတြာပြောပေးလေ့ရှိပါတယ်။ ဇာတာချင်းမကိုက်ညီဘဲ လက်တွဲကြတဲ့ စုံတွဲတွေ၊ အိမ်ထောင်ဘက်တွေဟာဆိုရင် စိတ်သဘောထားချင်း မတိုက်ဆိုင်ကြသလို ရေရှည် လက်တွဲဖို့ဆိုတာလဲ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ 

 အချစ်ရေးဒုက္ခကြုံနေရသူတွေအတွက် ဗေဒင်မေးရ ယတြာခြေရတာကလဲ အဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့ပေါ့။ ရိုးသားတဲ့ဗေဒင်ပညာရှင်နဲ့ ဆုံတွေ့ရရင် ကိစ္စမရှိပေမဲ့ ရိုက်စားဗေဒင်ဆရာနဲ့တွေ့ရင် အပူပေါ်အပူဆင့်ရပြန်ပါတယ်။ အပူစာစားနေရတဲ့ ဗေဒင်ဆရာတွေကလဲ စေတနာကြေး ဒါမှမဟုတ်သတ်မှတ် ဉာဏ်ပူဇော်ခသာယူသင့်သည် မဟုတ်ပါလား။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေအချိုးမျိုးနဲ့ ငွေယူနေမယ်ဆို ရင်

တော့ ပစ္စပ္ပုန်လဲမကောင်း သံသရာလဲကောင်းမှာမဟုတ်ဘူးဆိုတာ သိထားစေချင်ပါတယ်။ 

    အချစ်ရေးအတွက် ကောက်ရိုးတစ်မျှှင်လို့ပဲဆိုဆို ဖူးစာရေစက်ကျန်နေကြသူတွေ သံယောဇဉ်လက်ကျန်ရှိကြသူတွေအတွက် ယတြာ လေးတစ်ခုပြောပေးပါ့မယ်။

   ကဲ ယတြာကဏ္ဍလေးကို ပြောကြရအောင်ဗျာ။ အချစ်ရေးအဆင်မပြေတော့လို့ ချစ်သူကစိမ်းကားနေလို့ စသည်ဖြင့်ကြုံနေရပြီ ဆိုရင်တော့ ဒီယတြာလေးလုပ်စေချင်ပါတယ်။ ချစ်သူကမိမိကို အရင်လိုပြန်ချစ်လာနိုင်သလို မိမိအပေါ်သံယောဇဉ်လဲပိုလာပါလိမ့်မယ်။  ရာခိုင်နှုန်းတော်တော်များများ ပြန်အဆင်ပြေတာတွေ့ရပါတယ်။ အချစ်ရေးသောကကြံုနေသူတွေအတွက် ဒီယတြာလေးကအများကြီး အကူအညီပေးခဲ့ဖူးလေသည်။

              ဒါကြောင့် နေလapp ကိုMember ဝင်ထားတဲ့ သူများနဲ့ ကျွန်တော့် page ကိုအားပေးနေကြတဲ့ ကျွန်တော့်ပရိတ်သတ်တွေကို အချစ်ရေးအတွက် ရင်အေးစေမဲ့ ယတြာလေးကိုတင်ပြလိုက်ရပါတယ်ဗျာ။

   နေ့သားတစ်ဦးကို ဥပမာပေးပြီးအရင်ပြောကြရအောင်ဗျာ………….၊

   မိမိကတနင်္လာသားဆိုပါစို့ ။ မိမိရဲ့အညွှန့်နေ့မှာ ဒီယတြာကို စီရင်ရမှာပါ။ အညွှန်နေ့ဆိုတာက မွေးနံကစရေ တွက်ရင် ၂ခုမြောက်နေ့နံကိုဆိုလိုတာပါ။ ဒါကြောင့် တနင်္လာရဲ့အညွှန့်နေ့က အင်္ဂါပါ။ နောက်ပြီးတော့ တနလ်ာသားရဲ့ ခြောက်ခုမြောက်နေနံပန်းတွေကိုရှာရမှာပါ။ တနင်္လာကနေစတင်ရေတွက်ရင် ခြောက်ခုမြောက်က စနေပါ။ ဒါကြောင့် စနေနံပန်းတွေကို စဉ်းစားကြည့်မယ်ဆိုရင် နှင်းဆီးပန်း၊ ဒေါနပန်း၊ ဒန်းပန်းစတာတွေရှိပါလိမ့် မယ်။ ဒီနေရာမှာ ကိုယ့်ချစ်သူရဲ့မွေးနံပန်းလဲ လိုအပ်ပါသေးတယ်။ 

      ကိုယ့်ချစ်သူက ကြာသပတေးသမီးဆိုရင်တော့ မေမြို့ပန်း ၊ပိန်းပန်း ပေါ့ဗျာ။  ဒီလောက်ထိနားလည်မယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့ အစကပြန်ကောက်ရအောင်ဗျာ။ မိမိရဲ့အညွှန့်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ နှင်းဆီပန်းလက်တ ဆုပ်ခန့် (အရေအတွက်မလို)နှင့် ချစ်သူရဲ့ မွေးနံပန်းဖြစ်တဲ့ မေမြို့ပန်းလက်တစ်ဆုပ်ခန့်ကို ရောပြီး အပ်ချည်နဲ့ အရင်းကနေ ချည်နှောင်လိုက်ပါ။ 

 ထိုနောက်နီးစပ်ရာစေတီမှာ လှူဒါန်းပေးပါ။ မိမိရဲ့အညွှန့်နေ့ရောက်တိုင်း နီးစပ်ရာစေတီမှာ ပြုလုပ်ပေးပါ။ ဘုရားသွားလို့ အဆင်မပြေတဲ့သူများဆိုရင်လဲ အိမ်ကဘုရားမှာပန်းအိုးလှလှလေးတစ်လုံးနဲ့ ပူဇော်ထားပါ။  တစ်ပတ်တစ်ခါ အညွှန့်နေ့ရောက်တိုင်း ပန်းလဲပေးပေါ့ဗျာ။

 ကိုယ်ကဘာသာခြားဖြစ်နေလို့ ဘုရားမှာပူဇော်ဖို့ အဆင်မပြေဘူးဆိုရင်တော့ မိမိရဲ့အိပ်ခန်းထဲပန်းအိုးလှလှ လေးတစ်လုံးထဲ မှာထိုဓာတ်ပန်းလေးတွေ ထည့်ပြီးပန်းအလှထိုးနိုင်ပါတယ်။

  ဒီလောက်ဆို နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။  ယတြာနဲ့ပက်သက်ပြီး မရှင်းလို့နားမလည်သူများ အောက်က Send Message  နှိပ်ပြီး မေးမြန်းနိုင်ပါတယ်ဗျာ။ အချစ်ရေးကြောင့် သောကကြုံနေကြသူများကို မိမိတတ်သိနားလည်သော ယတြာ အစွမ်းဖြင့် ၇ရက်သားသမီးရဲ့ရင်ကို ငြိမ်းအေးစေနိုင်မယ်ဆိုရင်ဖြင့်…

 ၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။   ။

                     ငြိမ်းအေးလူ (ဗေဒင်သုတေသီ)     

                               Viber Only(09775555695)

Leave a Reply

Your email address will not be published. Required fields are marked *