စာမေးပွဲကြီးနီးလေပြီ။ဒီကာလအတွင်း နှစ်စကတည်းက ပုံမှန်ကြိုးစားလာကြသူတွေဆို စာတွေပြန်နွေးပြီး အိမ်ချိန်မှန် စားချိန်မှန်စွာနေထိုင်ရမဲ့ကာလပါပဲ။ စာမေးပွဲနီးလေ ဦးနှောက်ကြည်ပြီး ကျန်းမာလန်းဆန်းနေဖို့လိုပါတယ်။
မိသားစုဝင်တွေကလဲ အိမ်တွင်းရေးပြဿ နာတွေရှိရင်တောင် ကလေးရှေ့မှာ ပြောဆိုတာ ပြုမူတာမျိုးမလုပ်မိပါစေနဲ့ ။ ကလေးကိုစိတ်ညစ်စေမဲ့ အကြောင်းတရားတွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါ။ မိဘတွေကလဲ သားသမီးတွေအပေါ်အရမ်း pressure ပေးတာမျိုး မလုပ်ပါနဲ့ ။ သူဘာသာကြိုးစားပါစေ ။ ကြောက်စိတ် စိုးရိမ်စိတ်နဲ့ ဆိုစာမေးပွဲခန်းထဲရောက်မှ ကျက်ထားတဲ့စာတွေ မေ့သွားတတ်တာကိုလဲနားလည်းထားဖို့ လိုပါတယ်။
ကျောင်းသားတွေအနေနဲ့လဲ ဘာသာရပ်တစ်ခုမဖြေနိုင်ရင် စိတ်လျော့လိုက်ပြီး နောက်ဘာသာမှာ
အားလျော့လိုက်တာမျိုးလဲ မဖြစ်ပါစေနဲ့။ ကြိုးစားပါ။ မဖြေနိုင်ကို ခေါင်းထဲမထည့်ပါနဲ့ ။နောက်ဖြေမဲ့ဘာသာကို စိတ်သစ်လူသစ်နဲ့ကြိုးစားစေချင်ပါတယ်။
ယတြာကဏ္ဍမပြောခင် ဒီယတြာတွေက စာမေးပွဲ အောင်မဲ့ ယတြာတွေမဟုတ်ဘူးဆိုတာသိထားပါ။ စာမေးပွဲအောင်ဖို့ အထောက်အပံ့ဖြစ်စေမဲ့ ယတြာတွေပါ။ နားလည်အောင်ပြောရရင် စာမေးပွဲ ဖြေခါနီးနဲ့ ဖြေနေစဉ်အတွင်း ကျန်းမာရေးကောင်းစေဖို့၊ မတော်တဆ ထိခိုက်မှုတွေ လျော့ပါးစေဖို့၊ စိတ်ကြည်ပြီး စာကျက်ရလွယ်စေဖို့ ၊ မည်သည့်ပယောဂအနှောက်အယှက်တွေကိုမှ မဝင်နိုင်ဖို့ ၊ ကျက်ထားတဲ့ စာနဲ့ မေးတဲ့ဟာနဲ့ တိုက်ဆိုင်စေဖို့ စတဲ့ စတဲ့ အချက်တွေကို အထောက်အပံ့ဖြစ်စေမှာပါ။
ယတြာ ကဏ္ဍပြောကြရအောင် …..
ပထမဦးစွာ ပညာအရာမှာဧဂဒဂ်ရတော်မူတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ရည်မှန်းပြီး ဆွမ်းကပ်လှူပေးပါ။ ဆွမ်းခဲဖွယ် ချိုချဉ် စုံစုံလင်လင်
နဲ့ စားပွဲဝိုင်းခင်ပြီးကပ်လှူပါ။ ကလေးငယ်ရဲ့ မွေးနေ့မှာလုပ်ပေးနိုင်ရင်အကောင်းဆုံးပါပဲ။
စာမေးပွဲခန်းထဲမှာ အသုံးပြုမဲ့ စာရေးကိရိယာတွေကိုအိမ်ကဘုရားဆောင်မှာ ပန်းကန်တစ်ချပ်ထဲထည့်ပြီး ဘုရားရှင်ကိုပူဇော်ထားလိုက်ပါ။
မိဘတွေအနေနဲ့ ပြုလုပ်ပေးရမှာက မနက်တကြိမ်
ညတစ်ကြိမ် ဘုရားရှစ်ခိုးပရိတ်ရွတ် မေတ္တာပို့တဲ့အခါတိုင်းမှာ ကလေးငယ်ရဲ့ (စာမေးပွဲဖြေမဲ့ ရက်များတွင် ဝတ်ဆင်မဲ့ )အဝတ်အစားလေးတွေကို ရင်ခွင်ထဲမှာထားပေးပါ။
နောက်တစ်ခု သူရဿ တီပုံတော်ကို မိမိတို့ စာကျက်ခန်းရဲ့ မြင့်မြတ်တဲ့နေရာမှာ ထားပါ။ ပန်းဆီမီး၊အမွှေးတိုင်ကပ်လှူပြီး အောက်ပါသူရဿ တီဂါထာတော်ကို စာကျက်ခါနီးတိုင်း ၉ခေါက်ရွတ်ဆိုပေးပါ။
ပိဋကတၱယ သမၸဳဏၰံ၊ သဗၺ သိဒၶိ သုခါ ဝဟံ။
ဇိဝှဂ္ဂေ မေ နိသီဒိတွာ၊ မံ ဓာရေတု သူရဿ တီ။
တကြိမ်လောက်ပဲ ဖြစ်ဖြစ် နီးစပ်ရာစေတီပုထိုးမှာ
ညလုံးပေါက်လျှပ်စစ်မီးပူဇော်တာမျိုး မိမိမွေးနေ့မှာပြုလုပ်ပေးပါ။
စာမေးပွဲဖြေဆိုတဲ့ နေ့တိုင်းမနက်စောစော အိမ်က
ဘုရားမှာ ဆီမီးသက်စေ့ပူဇော်ပေးပါ။
ဒီလောက်ဆို လုံလောက်ပါပြီ။
ကျောင်းသားကျောင်းသူများ ကျန်းမာချမ်းသာဘေးကင်းကွာပြီး ကောင်းစွာဖြေဆိုနိင်ကြပါစေဗျာ၊
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)