loading

နိုင်ငံရပ်ခြား အမြန်သွားလိုသူများအတွက် ယတြာလက်ဆောင်

  • Home
  • Blog
  • နိုင်ငံရပ်ခြား အမြန်သွားလိုသူများအတွက် ယတြာလက်ဆောင်

     ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား  ငေးမောနားထောင်ခဲ့ရဖူးသည်။ 

“အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။  အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်” 

 လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ အိပ်မက်တစ်ခုလို။ 

   ဒီလိုနဲ့ အရွယ်ရောက်လာ….ဘွဲ့ရ… ….လုပ်ငန်းခွင်ဝင်နေချိန်မှ နိုင်ငံခြားလုပ်ငန်းတွေ အခွင့်အလမ်းပေါ်လာကြသည်။  ထိုင်း၊ မလေးရှား ၊ စင်ကာပူကစလို့ အာရှဥရောပ တခွင် မြန်မာတွေ လှည့်လည် လုပ်ကိုင်လာကြသည်။ တောရော မြို့ပါမကျန် နိုင်ငံခြားသွားပြီး အလုပ်လုပ်လာကြသည်။ 

ကိုယ်ကတော့ ပြည်တွင်းအလုပ်တွေပဲ တခုတ်တရလုပ်နေမိသည်။  

    အလုပ်တစ်ဖက်နဲ့ ဗေဒင်ပညာသင်ယူ တတ်မြောက်ထားမှန်း  သိကြသူအချို့နိုင်ငံခြားသွားဖို့ အကူအညီလာတောင်းတဲ့အခါ မိမိအတွက် ကြီးလေးတဲ့ကိစ္စကြီးလိုသဘောထားပြီးတွက်ရချက်ရသည်။ 

 ယတြာစီရင်ရသည်။ 

  အမြန်အဆင်ပြေသွားသူတွေရှိသလို ကြန့်ကြာနေသူတွေလဲရှိခဲ့ဖူးသည်။ 

    ဒီလိုနဲ့ ဗေဒင်ဟောသက်ကြာလာတဲ့အခါ ဘယ်ဇာတာတွေက နိုင်ငံခြားကံအကျိုးပေးတယ် ။ ဘယ်ဇာတာတွေကတော့ နိုင်ငံ ခြားကံအားနည်းတယ် ဆိုတာတွေက အစ ရိပ်မိလာခဲ့ သည်။ ဘယ်ယတြာက နိုင်ငံသွားဖို့အထိရောက်ဆုံးလဲဆိုတာကိုလဲ သုံးသပ်မိခဲ့ သည်။     

နေ့သားတစ်ဦးချင်းဆီရဲ့အသက်အပိုင်းအခြားအလိုက်လဲ နိုင်ငံခြားကံ အားနည်းမှုတွေရှိနေကြပါသေးသည်။ 

   ဒီနေရာကနေ ယေဘုယျသဘောလေးပြောပြပါ့မယ်။ အားလုံးနားလည်လွယ်ဖို့ဆိုတာက ယေဘုယျပြောမှပဲ အဆင်ပြေမှာမို့ပါ။ 

  မိမိမြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်လို့ ရလာတဲ့အကြွင်းက.  ၃ကြွင်း/၆ကြွင်း ဖြစ်ခဲ့မယ် ဆိုရင်တော့ 

 *နိုင်ငံခြားကံကောင်းခြင်း 

 *နိုင်ငံခြားမှ နှစ်ရှည်လများနေဖြစ်ခြင်း 

* နိုင်ငံခြားမှာ နိုင်ငံသားခံယူ၍ ဘဝဆုံးပါးသည်အထိနေထိုင်ဖြစ်ခြင်း

*လူမျိုးမတူ ၊ ဘာသာမတူ ၊ ဇာတိမတူ ၊ နိုင်ငံခြားသားနဲ့လက်ထပ်ဖြစ်ခြင်း 

*နိုင်ငံခြားဘာသာစကားကိုသင်ယူတတ်မြောက်လွယ်ကူခြင်း 

 စတဲ့ကံအကျိုးပေးလေးတွေ အနည်းနဲ့အများဆိုသလို ပါလာတတ်ပါတယ်။ 

     နောက်တစ်ခုက မရဏဖွားဇာတာရှင်တွေဟာ နိုင်ငံခြားကံအခွင့်အရေးများသလို မရဏဖွားမဟုတ်ပေမဲ့ နာမည်အရင်းစာလုံးဟာ မရဏအိမ်မှာ စတင်မှည့်ခေါ်ထားကြတဲ့နာမည်ရှင်တွေကလဲ ထို့အတူပါပဲ။  

    “ငြိမ်းအေးလူရေ .. ငါကမရဏဖွားကွ… ၃ကြွင်း အခုထိ နိုင်ငံခြားနဲ့အဆက်အစပ်မရှိဘူးလို့ ပြောရင်လဲ ကျွန်တော်ခေါင်းညိတ်မှာပါပဲ…. ” နိုင်ငံခြားနဲ့ပက်သက်ဆက်ဆံလာသူတွေမှသာ ကြုံလာရမဲ့ ကံသဘောလေးတွေပါ။ ယေဘုယျအနေအထားလို့လဲ ကျွန်တော်စကား ခံထားပါတယ်။ 

ကဲ ဆက်ရအောင် နေ့သားတဦးချင်းစီရဲ့ နိုင်ငံခြားကံအားနည်းတဲ့  

အသက်အပိုင်းအခြားတွေကို ပြောပြရရင် 

တနင်္ဂနွေ သားသမီး

    အသကျ ၂၀/၂၁/၂၈/၂၉/၃၆/၃၇ 

တနင်္လာ  သားသမီး

     အသကျ ၁၉/၂၀/၂၇/၂၈/၃၅/၃၆

အင်္ဂါ သားသမီး 

     အသကျ ၁၈/၁၉/၂၆/၂၇/၃၄/၃၅

ဗုဒ္ဓဟူး သားသမီး 

      အသကျ ၂၅/၂၆/၃၃/၃၄

ကြာသပတေး သားသမီး

      အသကျ ၂၃/၂၄/၃၁/၃၂

သောကြာ သားသမီး

     အသကျ ၂၁/၂၂/၂၉/၃၀/၃၇/၃၈

စနေ သားသမီး

    အသကျ ၂၄/၂၅/၃၂/၃၃

ရာဟု သားသမီး

   အသကျ ၂၂/၂၃/၃၀/၃၁/၃၈/၃၉ 

စတဲ့အသက်အပိုင်းအခြားတွေရောက်တဲ့အခါ 

နိုင်ငံခြားသွားဖို့ကြန့်ကြာခြင်း 

ငွေလိမ်ခံရခြင်း 

နိုင်ငံခြားသွားရပြီး တိုင်းတပါးမှာ အဆင်မပြေဖြစ်ပြီးပြန်လာရခြင်း

ကျန်းမာရေး ဆေးစစ်ရာတွင် မအောင်ခြင်း

စတဲ့အချက်တွေကြုံရတတ်တဲ့ကာလပါ။ ဒါပေမဲ့ အသေးစိပ်သိချင်ရင်တော့ နီးစပ်ရာဆရာဆီမှာ ဇာတာစစ်ဆေးတာအကောင်းဆုံးပါပဲ။ 

   ကျွန်တော်အနေနဲ့ ဗေဒင်တတ်တဲ့သူရော မတတ်တဲ့သူရော ဖတ်နိုင်ဖို့ ယေဘုယျသဘောတွေပဲ ရေးရတာကိုနားလည်ပေးစေချင်ပါတယ်။ 

   ကဲယတြာကဏ္ဍလေးဆက်ကြရအောင် …ရေးတာလဲများနေပြီးဆိုတော့  ခပ်မြန်မြန်ပဲသွားလိုက်ရအောင်ဗျာ …

   နိုင်ငံခြားအမြန်သွားရဖို့ဆိုတာသောကြာဂြိုဟ်၊ စနေဂြိုဟ်အားကောင်းဖို့လိုတယ်။ အပါဒါနကာရကအားကောင်းဖို့လိုပါတယ် (ဗေဒင်အခြေခံရှိသူတွေ အတွက် ရည်ရွယ်ပြီးပြောတာပါ)

ပထမဦးစွာ ၇ရက်သားသမီးတွေ  နိုင်ငံခြားအမြန်သွားရဖို့ ခရီးကံကောင်းဖို့ တညီတညွှတ်ထဲလုပ်ရမဲ့ယတြာတွေက.

*ဆွံအနေသူ/ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူကို အာဟာရဒါနပြုပါ

*သမင်/သိုး တွေကို အစာကျွေးပါ 

  (အဆင်ပြေလွယ်ကူမှလုပ်ရန်)

*နီးစပ်ရာအဝေးပြေးကားဂိတ်ကိုသွားပြီး ခရီးသွားမဲ့ ရဟန်းသံဃာကို ခရီးစရိတ်တတ်နိုင်သလောက်လှူဒါန်းပါ။

*ဘုရားခြေတော်ရာ ကို ရွှေချပါ။

ဒါတွေက ၇ရက်သားသမီးတိုင်းပြုလုပ်ရမဲ့ယတြာတွေပါ။ 

 နေ့သားတစ်ဦးချင်းစီရဲ့ ပြုလုပ်ရမဲ့ယတြာတွေကတော့ 

တနဂၤေႏြ 

    ကြာသာပတေးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ပန်းပေါင်းစုံ ၅မျိုးကပ်လှူပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ကြာသပတေးနံဘွဲ့အမည်ဘုရားများ- ဗိုလ်တစ်ထောင်၊ မယ်လမုဘုရား၊မိုးကောင်းဘုရား၊မဟာဝိဇယဘုရား

တနလၤာ  

    ရာဟုနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ 

ရေသပ္ပယ်ခြင်း ၊ သောက်တော်ရေကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း စတဲ့ကုသိုလ်တွေပြုပါ။

 ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ရာဟုနံဘွဲ့အမည်ဘုရား -ရွှေတိဂုံ ဘုရား၊ရွှေဘုန်းပွင့် ဘုရား

အဂၤါ  

       သောကြာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ သစ်သီးခြောက်မျိုးကပ်လှူပူဇော်ပါ။ ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

သောကြာနံဘွဲအမည်ဘုရား –  သိဒ္ဓိအောင်ဘုရား ၊ သီဟိုရှင်ဘုရား 

ဗုဒၶဟူး 

       တနင်္ဂနွေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ အုန်းပန်း ၊ အုန်းညွှန့် ၊အုန်းထမင်း လှူဒါန်းပေးပါ။ 

   ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

တနင်္ဂနွေနံဘွဲ့အမည်ဘုရား- အောင်တော်မူဘုရား၊ အေးစေတီဘုရား ၊ဥက္ကလာပဘုရား

ၾကာသပေတး 

     အင်္ဂါနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ညလုံးပေါက်လျှပ်စစ်မီး လှူဒါန်းခြင်း၊  မီးလုံး၊မီးချောင်း ၊မီးကြိုးလှူဒါန်းခြင်းများပြုလုပ်ပေးပါ။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

အဂါင်္နံဘွဲ့အမည်ဘုရား- ဆူးလေဘုရား၊ဇေယျာမုနိဘုရား  ၊ဇိနမာန်အောင်ဘုရား ၊ စွယ်တော်ဘုရား

ေသာၾကာ

   စနေနံဘွဲအမည်ရှိသော ဘုရားတစ်ဆူဆူမှာ ထီးဖြူလှူဒါန်းပါ။ ဂြိုဟ်တိုင်အသီးသီးမှာလှူဒါန်းပေးနိုင်ရင်

ပိုကောင်းပါတယ်။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

စနေနံဘွဲ့အမည်ဘုရား -တဝဂူဘုရား၊ နှီးဘုရား ၊နဂါးရုံဘုရား

စနေ

   တနင်္လာနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ ခေါင်းလောင်းလေးတွေဝယ်လှူပါ။  ကျောက်ကျောကပ်လှူပါ။ကြံရည်ကပ်လှူပါ။ 

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

တနင်္လာနံဘွဲ့အမည်ဘုရား-ကျိုက္ကဆံဘုရား၊  

ကမ္ဘာအေး ဘုရား၊ကျိုက်ခေါက် ဘုရား

ရာဟု 

     ဗုဒ္ဓဟူးနံဘွဲ့အမည်ရှိသော ဘုရားတစ်ဆူဆူမှာ 

ရွှေသင်္ကန်းကပ်လှူခြင်း ၊ လက်ဖက်ရည်ကပ်လှူခြင်း၊ လိမ္မော်ရည် ကပ်လှူခြင်း များပြုလုပ်ပါ။

ဘုရားတွင် အမှိုက်ကောက်၊ ပန်းဟောင်းစွန့်  ၊ တံမြက်စည်းလှည်း ခြင်းများပြုလုပ်ပါ။ 

တစ်ပတ်တိတိအထက်ပါအတိုင်းကုသိုလ်ပြုပါ။ တစ်လမှာ နှစ်ကြိမ်လောက်ပြုလုပ်သင့်ပါသည်။ 

ဗုဒ္ဓဟူးနံဘွဲ့အမည်ဘုရား -ဝဋ်ကြွေးတော်ပြေဘုရား၊ လောကမာန်အောင်ဘုရား

   ကဲ ဒီလောက်ဆို အားလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဆိုတဲ့ယတြာတွေကိုပဲရွေးထုတ်ပေးလေ့ရှိသလို လက်တွေ့အောင်မြင်တဲ့ယတြာကိုပဲ ဦးစားပေးရေးလေ့ ရှိတာကြောင့် နိုင်ငံရပ်ခြားအမြန်သွားချင်သူ

အဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်။ 

    မိမိနေထိုင်ရာဒေသမှာ အထက်ကပေးထားတဲ့ ဘုရားဘွဲ့တွေထဲ အချို့ဘုရားတွေမရှိတာမျိုးလဲ ပါကောင်းပါလိမ့်မယ်လို့ထင်ပါတယ်။ ဆိုကြပါစို့  ..”သောကြာနံဘွဲအမည်ရှိတဲ့  ဘုရားကတော့ ကျွန်တော်တို့ မြို့မှာမရှိဘူးဆိုခဲ့ရင် နီးစပ်ရာ တန်ခိုးကြီးဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ကုသိုလ်ပြု စီရင်လို့ရနိုင်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

   ၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                Viber Only( 09775555695)

Leave a Reply

Your email address will not be published. Required fields are marked *