loading

မတော်တဆ ထိခိုက်မှု (accident) ဖြစ်လွယ်သော အသက်အပိုင်းအခြားများ

  • Home
  • Blog
  • မတော်တဆ ထိခိုက်မှု (accident) ဖြစ်လွယ်သော အသက်အပိုင်းအခြားများ

ပေးထားတဲ့ ခေါင်းစီးကိုကြည့်ပြီးတော့ မလန့်သွားပါနဲ့ဗျာ။ ကြောက်လန့်သွားစေလိုတဲ့ ရည်ရွယ်ချက်မျိုး  ဥပါဒါန်စွဲသွားလိုတဲ့ ဆန္ဒမျိုးမြူတစ်မှုံမျှမရှိဘူးဆိုတာ နားလည်စေချင်ပါတယ်။ မိမိတို့ဆင်ခြင်နိုင်ဖို့နဲ့ သတိကပ်နိုင် ဖို့တင်ပြရတာပါ။ အသက်မှာ Spare Parts မပါဘူးဆိုတဲ့ စကားကလူတိုင်းကြားဖူးနားဝ ရှိပါလိမ့်မယ်။ မှန်ပါတယ်။  မဖြစ်ခင်ကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားကြပြီး အရေးကြုံမှ အမိတလို့မရနိုင်ပါဘူး။

ကျွန်တော်ကိုယ်တိုင်လဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ပက်သက်တဲ့ သင်တန်းများတတ်ခဲ့ ဖူးပါ တယ်။သင်ကြားသူက accidentနဲ့ ပက်သက်တဲ့ video တွေကို projector နဲ့ဖွင့်ပြပြီး သင်ပြပေးလေ့ရှိပါတယ်။ videoတွေကနေတဆင့် အမှားတွေကို သင်ခန်းစာယူတတ်ဖို့ နဲ့ PPE ပြည့်စုံစွာ ဝတ်ဆင်ဖို့ ပြောပြတိုက်တွန်းလေ့ ရှိပါတယ်။ ကျွန်တော်လဲ ဒီသဘောပါပဲ ။ ကျွန်တော်တတ်သိထားတဲ့ ပညာလေးနဲ့ တတ်သိသလောက်ပြောပြပြီး  ဆင်ခြင်နိုင်ဖို့နဲ့  ရှောင်တတ် ဆောင်တတ်စေလိုတဲ့စေတနာနဲ့ ပြောပြရခြင်းပါ။

Zero Accident ဖြစ်ဖို့ Safely Officerတွေလုပ်ဆောင်ကြသလို မတော်တဆထိခိုက်လွယ်တဲ့ အသက် အပိုင်းအခြားများမှာ ဘယ်လိုဗုဒ္ဓယတြာတွေနဲ့ထိန်းသွားမယ်ဆိုတာမျိုးလဲ ပြောပြပေးချင်ပါတယ်။ အလုပ်စုံ ဘဝစုံ ခဲ့တဲ့ ကျွန်တော်ကတော့ မတော်တဆထိခိုက်မှုတွေ ခဏခဏကြုံတွေ့ခဲ့ရဖူးတယ်။ ထိခိုက်ဒဏ်ရာရလို့ ကုသရပြီ ဆိုရင် ငွေကုန်လူပမ်းဖြစ်ရသလို မပြောကောင်း မဆိုကောင်းအသက်ဆုံးရှုံးကြရပြီဆိုရင်လဲကျန်ရစ်သူတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။

  သတ္ထုတူးဖော်ရေးအလုပ်မှာလုပ်ခဲ့တုန်းက”လူဆိုတာသေမျိုးပါပဲ…သေဖို့ကံပါလာရင်တားမရပါဘူး” ဆိုတဲ့ သူတွေလဲမြင်ဖူးပါတယ်။ ဖြစ်ချင်တော့ မကြာခင်က ထိုသူက ငှက်ဖျားရောဂါ  ခံစားရလေသည်။ ဆေးခန်းသွားဖို့   ကျွန်တော့်ကိုခေါ်တော့ “ငှက်ဖျားတိုက်ဖျက်ရေး သွားပြီး ဆေးထိုးဆေးသောက်လုပ်မလို့လား …လုပ်မနေပါနဲ့ကွာ သေဖို့ကံပါလာရင်သေမှာပါပဲ” 

   ထိုသို့ပြောလိုက်တော့ ထိုသူမျက်နှာညှိုးသွားလေသည်။ သူပြောခဲ့စကားကိုလဲ ပြန်ရုတ်သိမ်းသွားသည်။ ကာကွယ်ခြင်း ကုသခြင်းဆိုတဲ့စကားလုံတွေ အကြောင်းမဲ့ပေါ်လာခြင်းမဟုတ်ပါဘူး။  

 ကဲဘယ်အသက်အပိုင်းအခြားတွေက မတော်တဆထိခိုက်မှုတွေဖြစ်တတ်လဲ……..?

တနင်္ဂနွေသားသမီးတွေကနေစပြောရအောင်ဗျာ။ 

တနဂၤေႏြ

  တနင်္ဂနွေသားသမီးတွေ မတော်တဆထိခိုက်လွယ်သော အသက်အပိုင်းအခြားများကတော့ 

၄၊၅၊၁၂၊၁၃၊၂၀၊၂၁၊၂၈၊၂၉၊၃၆၊၃၇၊၄၄၊၄၅၊၅၂၊ ၅၃၊၆၀၊၆၁၊၆၈၊၆၉၊၇၆၊၇၇ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

တနလၤာ

 တနင်္လာသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားများကတော့ ၃၊၄၊၁၁၊၁၂၊၁၉၊၂၀၊၂၇၊၂၈၊၃၅၊၃၆၊၄၃၊၄၄၊၅၁၊၅၂၊၅၉၊၆၀၊၆၇၊၆၈၊၇၅၊၇၆စတဲ့ အသက်အပိုင်းအခြားတွေပါပဲ။

အဂၤါ

 အင်္ဂါသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၂၊၃၊၁၀၊၁၁၊၁၈၊၁၉၊၂၆၊၂၇၊၃၄၊၃၅၊၄၂၊၄၃၊၅၀၊၅၁၊၅၈၊၅၉၊၆၆၊၆၇၊၇၄၊၇၅ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ဗုဒၶဟူး

 ဗုဒ္ဓဟူးသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၁၊၂၊၉၊၁၀၊၁၇၊၁၈၊ ၂၅၊၂၆၊၃၃၊၃၄၊၄၁၊၄၂၊၄၉၊၅၀၊၅၇၊၅၈၊၆၅၊၆၆၊၇၃၊၇၄ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ရာဟု

   ရာဟုသားသမီးတွေ မတော်တဆ ထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၆၊၇၊၁၄၊၁၅၊

၂၂၊၂၃၊၃၀၊၃၁၊၃၈၊၃၉၊၄၆၊၄၇၊၅၄၊၅၅၊ ၆၂၊၆၃၊၇၀၊၇၁ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ၾကာသပေတး

 ကြာသပတေး သားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၇၊ဂ၊၁၅၊၁၆၊၂၃၊၂၄၊၃၁၊၃၂၊၃၉၊၄၀၊၄၇၊၄၈၊၅၅၊၅၆၊၆၃၊၆၄၊၇၁၊၇၂ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

ေသာၾကာ

 သောကြာသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့ အသက်အပိုင်းအခြားတွေကတော့ ၅၊၆ ၊၁၃၊၁၄၊၂၁၊ ၂၂၊၂၉၊၃၀၊၃၇၊၃၈၊၄၅၊၄၆၊၅၃၊၅၄၊၆၁၊၆၂၊၆၉၊၇၀ စတဲ့အသက်အပိုင်းအခြားတွေပါပဲ။

စေန

   စနေသားသမီးတွေ မတော်တဆထိခိုက်လွယ်တဲ့

အသက်အပိုင်းအခြားတွေကတော့ ၁၊၈၊၉၊၁၆၊၁၇၊

၂၄၊၂၅၊၃၂၊၃၃၊၄၀၊၄၁၊၄၈၊၄၉၊၅၆၊၅၇၊၆၄၊၆၅၊၇၂၊၇၃ စတဲ့ အသက်အပိုင်းအခြားတွေပါပဲ။

 ဒီကာလတွေ မှာ သွားသတိလာသတိရှိရပါလိမ့်မယ်။ ယာဉ်ကားမောင်းရင်လဲ အန္တရာယ်ရှိအောင်မမောင်းနဲ့။ အန္တရာယ်ရှိတဲ့နေရာတွေ မသွားနဲ့။ အန္တရာယ်ဖြစ်စေမဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေ လျော့သင့်ပါတယ်ဗျ။ 

     ဒီလို ကာလတွေမှာတော့ ကျွန်တော်အကြိုက်ဆုံးက ဗုဒ္ဓဘာသာပီပီ ပဌာန်းရွတ်တာအကြိုက်ဆုံးပါပဲ။ တစ်နေ့တစ်ခေါက်ပဲဖြစ်ဖြစ် တစ်ပတ်ကို တစ်ခါလောက်ဖြစ်ဖြစ်ရွတ်ပေးစေချင်တာပါ။ အကောင်းဆုံး ဗုဒ္ဓယတြာပါ။ 

    နောက်ထပ်ပြုလုပ်ပေးစေချင်တာက စျေးသွားပြီး သေအံ့ဆဲဆဲ အသတ်မခံရမှီငါးတွေ ဝယ်ပြီး လွှတ်ပေးစေချင်တာပါ။

    အဆင်သင့်ရင် လုပ်စေချင်တာက မိမိဆွေမျိုးသားချင်းတွေထဲကပဲဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေထဲကဖြစ်ဖြစ် နေမကောင်းလို့ ဆေးရုံတတ်ရပြီဆိုရင်တော့ မိမိက တတ်နိုင်သ၍လူနာစောင့်သွားလုပ်ပေးစေချင်ပါတယ်။ 

    နောက်ဆုံးလုပ်စေချင်တာက ကာယနဲ့ရင်းတဲ့ ကုသိုလ်တွေများများလုပ်ပါ။နားလည်အောင်ပြောရရင် ဘုရားတွေမှာ တံမြက်စည်းလှဲတာ ၊ သန့်ရှင်းရေးလုပ်တာ ၊  ရေညှိတွေခွာတာ ၊ လမ်းပြုပြင်တာ ၊ရေတွင်းရေကန်တွေဖော်တာ ၊ ဘုန်းကြီးကျောင်း ကုဋီတွေဆေးကြောတာ စတဲ့ ကာယနဲ့ရင်းနှီးပြီး လုပ်ရတဲ့ ဝေယျာဝစ္စကုသိုလ်မျိုးတွေများများ လုပ်ပေးပါလို့ မှာချင်ပါတယ်ဗျာ။ 

 သိသလောက်တော့ မျှဝေခဲ့တာပါပဲ။ ဒီအသက်အပိုင်းခြားရောက်တိုင်း ထိခိုက်လွယ်တာမျိုးတော့ မဟုတ်ပါဘူး။ လူတစ်ဦးရဲ့မူလဇာတာနဲ့ သူပြုခဲ့တဲ့ အတိတ်ကံက အဓိကပါ။ အများဖတ်လို့ရအောင် ရေးရတာဆိုတော့ ယေဘုယျဆန်ဆန် ရေးမှလဲ အဆင်ပြေနိုင်မှာမို့ပါ။ 

၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                       ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

                Viber Only( 09775555695)

Leave a Reply

Your email address will not be published. Required fields are marked *