တစ်နေ့တွင် အားလပ်ရက်ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေဘက်ကို ခြေဦးလှည့်ဖြစ်သည်။ ဆိုင်ထဲကောင်းရာနိုးနိုး စာအုပ်လေးတွေရွေးနေတုန်းမှာပဲ ဖုန်းဝင်လာသည်။
” ဟဲလို မဂၤလာပါ
ကျွန်တော်ငြိမ်းအေးလူပါ”
” အေး ..ညီလေး …အကိုအောင်သန်းပါ “
“ေျပာ….အကို”
” အကိုအခုရွှေဆိုင်တန်းဘက်ရောက်နေတယ်၊ အကိုလက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်လို့။ ရှင်းရှင်းပြောရရင် စိန်လက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်တာ…. ဒာဲဒါအကိုနဲ့သင့်တော်ရဲ့လာလို့……”
” သင့်တော်တယ်အကို…. ဟိုတစ်ခါအကိုဗေဒင်လာမေးကတည်းက စိန်ကိုအဆောင်အဖြစ်ဝတ်ဆင်သင့်တယ်လို့ ကျွန်တော်ပြောဖူးပါတယ်။ ရွှေနဲ့ပဲဖြစ်ဖြစ် ၊ ပလက်တီနမ်နဲ့ပဲဖြစ်ဖြစ်ကွင်းဝတ်လို့ရတယ်။ ညာဖက် လက်ခလယ်မှာ ဆင်မြန်း
ရမယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်….”
” ငါ့ညီပြောတာအကို မှတ်မိပါတယ်၊ အချို့ကပြောကြတယ်၊ စိန်ကလူခိုက်တယ်ဆိုလို့ “
“မဟုတ်ပါဘူးအကိုရာ …ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ စိန်ကိုအထွဋ်အမြတ်ထားကြတယ်လေ
စေတီပုထိုးတွေမှာ စိန်ဖူးတော်ဆိုပြီး အလေးအမြတ်ထားကြတယ်မဟုတ်လား
ဒါကြောင့်ပဲ စိန်ကိုဝတ်ဆင်တဲ့သူတွေဟာ သီလမြဲရင်အလွန်အကျိုးပေးပါတယ်…..အကိုကသီလရှိပြီးသားပဲ ..အမြဲတမ်းခါးဝတ်ပုဆိုးလိုမြဲအောင်ကြိုးစားပေါ့”
“. စိတ်ချပါ…ကွာ အကိုလဲသီလရှိအောင်နေပါတယ် ဒါနဲ့စကားမစပ် စေတီတွေမှာစိန်ဖူးတော်ကို ဘာလိုအထွဋ်အမြတ်ထားတာလဲ…ငါ့ညီသိရင် ပြောပြပါလား…”
“ကျွန်တော်သိသလောက်ပြောရရင်တော့ စိန်က ကာဗွန်ဒိုင်အောင်ဆိုက်ဒ်ကင်းတယ်။ သူရဲ့ hardness powerကလဲ အမြင့်ဆုံးရှိတယ်။ သူ့ကို ရွှံနွံထဲမှာပဲထားထား အညစ်အကြေးထဲမှာပဲထားထား သူရဲ့ဓာတုဗေဒ ဂုဏ်သတ္တိတွေကပြောင်းလဲသွားတာမျိုးမရှိဘူး…..
အဲလိုပဲဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို
ဆင်းရဲသားပဲကျင့်ကျင့်
သူဌေးပဲကျင့်ကျင့်
ဘုရင်ပဲကျင့်ကျင့်
သူတောင်းစားပဲကျင့်ကျင့် ..ရရှိလာတဲ့ ဓမ္မချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟာလဲ ပြောင်းလဲခြင်းမရှိဘူး
အဲဒါကြောင့်ပဲ ဓမ္မကို စိန်နဲ့ နှိုင်းယှဉ်ပြီး စေတီတွေမှာ စိန်ဖူးတော်အဖြစ်အထွဋ်အမြတ်ထားတယ်လို့ကြားဖူးတာပဲ..”
“အခုလိုရှင်းပြတာ ကျေးဇူးပါပဲ…..ငါ့ညီရာ
အဲဒါဆို အကိုဝယ်လိုက်တော့မယ်….”
” ဝယ္သာ ဝယ္လိုက္ပါ အကို…..”
*************************************
အဲဒီလိုမျိုး အဆောင်ကျောက်တွေနဲ့ ပက်သက်ပြီး တော့မေးမြန်ကြသူတွေ အပြင်မှာရော လိုင်းပေါ်မှာပါအရမ်းများကြပါတယ်။ အဆောင်ကျောက်မျက်ရတနာတွေနဲ့ ပက်သက်ပြီးရေးပေးဖို့ တိုက်တွန်းကြသူတွေလဲရှိကြပါတယ်။
အဆောင်ကျောက်မျက်ရတနာတွေက လူသားတွေအပေါ် အကျိုးသက်ရောက်မှုတွေရှိစေတာ
တော့အမှန်ပါပဲ၊ အချို့က အထွန့်တက်ကြသည်။ မြေအောက်ကနေထွက်ပြီး လူသားတွေက တန်ဖိုးထားစရာလို့သတ်မှတ်လိုက်လို့ ရတနာဖြစ်လာတဲ့ သတ္ထုတွေက လူသားတွေရဲ့ အောင်မြင်မှု၊ ချမ်းသာမှု ၊ပျော်ရွှင်မှု ၊ကျန်းမာမှုတွေအတွက် အထောက်အပံ့တွေ၊ကောင်းကျိုးတွေ ဖြစ်စေပါ့မလားလို့ အမေးခံရဖူးပါတယ်။
ဒီမှာတင်အဖြေကပါပြီးသားပါ။ လူတွေတန်ဖိုးထားစရာလို့သတ်မှတ်ထားခဲ့ကြတာဟာ ဘယ်အချိန်ဘယ်ကာလကတည်းကဆိုတာ
မသိနိုင်အောင် ကြာမြင့်ခဲ့ပါပြီ။ ဒီရတနာတွေကို
လူတွေကမြတ်နိုးခဲ့ကြတာဟာ လူသားစဉ်ဆက်နှစ်ပရိစ္ဆေတရှိနေပါပြီ။ အဲဒီလိုမြတ်နိုး တန်ဖိုးထားကြတဲ့ ရတနာတွေကို မိမိရဲ့ ခန္ဓာကိုယ်မှာဆင်မြန်းထားပြီဆိုကတည်းကထိုရတနာရဲ့ဟိတ်တွေ မိမိဆီကို ဝင်လာတာမဆန်းပါဘူး။
သဘာဝတရားကြီးက လွန်စွာဆန်းကြယ်သည်။ မိမိဉာဏ်တစ်ထွာတစ်မိုက်လောက်နှင့် ဉာဏ်မှီဖို့မလွယ်ပေ။မိမိဉာဏ်မမှီတာနဲ့ပဲ လက်မခံဘူးဆိုရင် အရမ်းရယ်စရာကောင်းနေမည်သာ။
နေ၊လ၊ရေ၊မြေ၊လေ၊သစ်ပင်တောတောင် စတဲ့သဘာဝအကြောင်းတရားတွေရှိလို့သာ သက်ရှိတွေရှင်သန်နိုင်သည် မဟုတ်လား။ ဒီသဘာဝတရားကြီးကမွေးဖွားပေးလိုက်တဲ့ မြေပေါ်မြေအောက် ရတနာတွေကလဲလူသားတွေအပေါ် သက်ရောက်မှုတွေရှိ သည်သာ။ ဒါကြောင့်ပဲသစ်ရွက်သစ်ဖုတွေဟာ လူသားတွေရဲ့ ဆေးဝါးဖြစ်လာခဲ့ကြသည်။
သဘာဝတရားကြီးမှာ သူ့အာနိသင်နှင့်သူရှိကြသည်။ဒီလိုပဲကျောက်မျက်ရတနာတွေမှာ သူ့အမျိုးအစားအလိုက်အကျိုးအာနိသင်တွေရှိကြစမြဲပင်။
အနည်းငယ်ပြောပြရရင်….
ပတၱျမား
ပတ္တမြားဟာ ရန်ကိုအောင်စေတဲ့နေရာမှာအထူး
ကောင်းတယ်။ရဲရင့်မှု ၊ ထက်မြက်မှု၊ စိတ်အားထက်သန်မှုတွေကိုလဲပေးစွမ်းတယ်။
ပုလဲ
ပုလဲက မျက်နှာပွင့်တယ်။ စန်းပွင့်တယ်။ ငွေရွှင်တယ်။ငွေမြဲတယ်။လာဘ်လာဘကိုပေးစွမ်းတယ်။
စိန်
စိန်ကတော့ ဘုန်းကံမြင့်မားစေပါတယ်။အောင်မြင်မှုတန်ခိုးသြဇာထက်မြက်မှုကို ပေးစွမ်းတယ်။
နီလာ
နီလာကတော့ လုပ်ငန်းကိုတိုးတတ်စေတယ်။ အောင်မြင်စေတယ်။စီးပွားရေးကံကောင်းစေတယ်။ ရန်ငြိုးတွေပြေငြိမ်မှုကိုပေးစွမ်းပါတယ်။
သန္တာနီ
အချစ်ရေး၊အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့စေတယ်အချစ်ရေးကံကောင်းစေတယ်။ ပီယဓာတ်ကိုပေးစွမ်းပါတယ်။
ဥႆ ဖယား
ဥဿ ဖယားက ကံဆိုးခြင်းတွေလျော့ပါးသက်သာတယ် ဘဝအခြေခိုင်မာစေတယ်။ တည်ငြိမ်မှုကိုပေးစွမ်းတယ်။
ပယင်း
ပယင်းကမှတ်ဉာဏ်ကိုကောင်းစေတယ်။ဒေါသကိုထိန်းချုပ်နိုင်တယ်။မေတ္တာတရား ခွင့်လွှတ်ခြင်းကိုပေးစွမ်းတယ်
ကြောင်
ကြောင်ကျောက်က စွန့်စားမှုကိုဖြစ်ပေါ်စေတယ်။ ကံညံ့တာတွေပျောက်စေတယ်။ အနာဂတ်ကြိုတင်ခန့်မှန်းနိုင်မှုကိုပေးစွမ်းတယ်။
ျမ
မြကတော့ ပေါများကြွယ်ဝစေတယ်။ မိသားစုရဲ့ပျော်ရွှင်မှုငြိမ်းချမ်းမှုကိုပေးစွမ်းတယ်
ဂေါ်မုတ်
ဂေါ်မုတ်က ကိုယ်ခံအားကိုကောင်းစေတယ်။ သန်မာခြင်းနဲ့ ခွန်အားကိုပေးစွမ်းတယ်။
မဟူရာ
မဟူရာက သူများမပြုစားနိုင်ဘူး။ အတွေးအခေါ် ကောင်းစေတယ်။ ရန်အောင်ခြင်းကိုပေးစွမ်းတယ်။
ဒါကတော့ ကျောက်မျက်ရတနာအချို့ရဲ့ အစွမ်းအာနိသင်ကိုအနည်းအကျဉ်းဖော်ပြတာပါ။ အဲဒီမှာ
ရွှေကတော့ ကျန်းမာခြင်း ၊ ယုံကြည်ခြင်း ၊ ရဲရင့်ခြင်းတွေကို ပေးစွမ်းသလို လူ အများနဲ့လဲသဟဇာတ
ဖြစ်စေတဲ့ရတနာပါပဲ။
တစ်ဦးတစ်ယောက်ဆီအတွက်သင့်တော်တဲ့ အဆောင်ကျောက်တွေကို ပြောရမယ်ဆိုရင် အယူအဆတွေကအရမ်းများတာတွေရတယ်။ နေ့သားအလိုက် ၊မဟာဘုတ်အကြွင်းအလိုက်၊ အင်္ဂဝိဇ္ဇာအလိုက် အဆောင်ကျောက်တွေ ကွဲပြားနေသေးပါတယ်။ ထိုနောက်ရာသီအလိုက် ၊ ဂဏန်းဗေဒင်အလိုက်လဲ ထပ်မံကွဲပြားမှုကရှိနေပါသေးတယ်။ အရှေ့တိုင်းနည်းအရရော အနောက်တိုင်းနည်းအရပါ မူတွေအမျိုးမျိုးကွဲနေပါသေးတယ်။ အဲဒီတော့ အဆောင်ကျောက်တွေအကြောင်းသာ အစုံရေးပြရမယ်ဆိုရင် ခေါင်းအုံးအိပ်လို့ရမဲ့ အထူလောက်စာအုပ်တစ်အုပ် ဖြစ်လာနိုင်စရာရှိပါတယ်။
အဲဒီတော့ ကျွန်တော်လက်ရှိအသုံးပြုနေပြီး ၇ရက်သားသမီးကို လက်ဆင့်ကမ်းနေတဲ့ အဆောင်ကျောက်မျက်ရတနာ ဆောင်နည်းကတော့ မိမိတို့မွေးတဲ့ အင်္ဂလိပ်မွေးရက်အရ ဆောင်ရတဲ့ နည်းပါပဲ။ ဒီနည်းလေးကို လွန်ခဲ့သော ဆယ်စုနှစ်က ဆရာ
သက်နှင်းဆွေ(ပုပ္ပါး)ဆီကရခဲ့သည်။
လက်တွေ့အသုံးပြုခဲ့တာကြာပြီ။ တကယ်လဲအစွမ်းထက်မြက်ပြီးအကျိုးထူးတာများစွာတွေ့ရသည်။
*************************************
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင်မဆို
၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့
စိန်၊ပယင်းနှင့် အဝါရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာခရစ်နှစ် မည်သည့်နှစ်၊မည်သည့်လတွင် မဆို
၂ရက်၊ ၁၁ရက်၊ ၂၀ရက်၊ ၂၉ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကျောက်စိမ်းနှင့် အစိမ်းနုရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၃ရက်၊ ၁၂ရက်၊ ၂၁ရက်၊ ၃၀ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ငွေသားလက်စွပ်နှင့် ဂေါ်မုတ်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၄ရက်၊ ၁၃ရက်၊ ၂၂ရက်၊ ၃၁ရက်တွေမှာမွေးဖွားခဲ့တယ်ဆိုရင်တော့….
ရွှေကိုတတ်သစ်စနေဝန်းပုံဖော်ပြီး လက်စွပ်ကွင်း ဝတ်ကာ အဆောင်ရတနာအဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၅ရက်၊ ၁၄ရက်၊ ၂၃ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
စိန်၊ငွေနှင့် ပြဒါးလုံး ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၆ရက်၊ ၁၅ရက်၊ ၂၄ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
မြကျောက်နှင့် အပြာရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၇ရက်၊ ၁၆ရက်၊ ၂၅ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲ၊ကြောင်ကျောက်နှင့် အရောင် ဖျော့ သော ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၈ရက်၊ ၁၇ရက်၊ ၂၆ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပုလဲနက်၊ရေသံနှင့် မဟူရာကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်၊၊
မိမိဟာ ခရစ်နှစ် မည်သည့်နှစ်၊ မည်သည့်လတွင် မဆို
၉ရက်၊ ၁၈ရက်၊ ၂၇ရက်တွေမှာမွေးဖွားခဲ့တယ်
ဆိုရင်တော့….
ပတ္တမြားနှင့် အနီရောင်ကျောက်တွေကို အဆောင်ကျောက်အဖြစ် ဘဝတစ်သက်စာ ရွေးချယ်
ဆင်မြန်းနိုင်ပါတယ်၊၊
မိမိကအဆောင်အဖြစ်နဲ့ ဝတ်ဆင်မဲ့ရတနာကို မဝတ်ဆင်ခင် ပထမဦးစွာ နွားနို့နဲ့ အရင်စိမ်လိုက်ပါ။ ပြီးရင် ရေသန့်နဲ့ ၂၁ကြိမ်တိတိ
ဆေးကြောပါ။
ရေဆေးပြီးတာနဲ့ အမွှေးနံ့သာ တစ်ခုနဲ့ ပက်ဖြန်းပါ။ မိမိကိုယ်တိုင်ကလဲ ရေမိုးချိုး ကိုယ်လက်သန့်စင်ပါ၊ ဘုရားမှာ ပန်းဆီမီးရေချမ်း ကပ်လှူပူဇော်ပါ။ဘုရားရှိခိုး ပရိတ်ပဋ္ဌာန်း ရွတ်ဆိုပြီးမှ ဝတ်ဆင်ပါ။
အဆောင်ကို လက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင်တော့ ညာလက်မှာပဲ
ဝတ်သင့်ပါတယ်။ လက်ခလယ် (သို့)လက်သူကြွယ်မှာ ဝတ်ဆင်ပါ။
ထူးထူးခြားခြားကံကောင်းခြင်း၊ လာဘ်ရွှင်ခြင်း၊ ဘေးရန်ကင်းခြင်း၊
မျက်နှာပွင့်ခြင်း၊ ပြောစကားအောင်မြင်ခြင်း၊ မိသားစုအိမ်ထောင်ရေး ချမ်းမြေ့ခြင်း၊ သူတစ်ပါးဒုက္ခမပေးနိုင်ခြင်း ငွေမြဲခြင်း ၊ကျန်းမာခြင်း၊
စတဲ့ကောင်းကျိုးတွေရရှိစေပါတယ်။ ကျောက်မျက်ရတနာဟာ လှပရုံဆင်မြန်းထားဖို့မဟုတ်ဘဲ စနစ်တကျဆောင်ထားခြင်းဖြင့် ကောင်းကျိုးအနန္တတွေ ဖြစ်ပေါ်စေကြောင်း တင်ပြလိုက်ရပါတယ်ဗျာ
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)