တောင်ဒဂုံ (၇ဝ)ရက်ကွက်မှ ပန်းရောင်းစားရသော စန်းမာသည် အမောသောကောပြေးလာပြီး အမှတ်(၄ဝ)ကား ရပ်လိုက်သည်နှင့် စန်းမာကားပေါ် သို့ အပြေးတက်လိုက်၏။ တော်သေး၏။ စန်းမာ သူ့ကိုယ်သူ ကံဆိုးလှ သည်ဟု ထင်နေသော်လည်း ကံကောင်းမှုတော့ရှိသေးသည်။ ဒါလောက်ကားကျပ် နေသော အချိန် သူကားပေါ်သို့ရောက်လျှင် ထိုင်နေသူယောက်ျားတစ်ဦးက ထိုင်ခုံမှထ၍ စန်းမာကို နေရာပေးလိုက်၏။
မောင်မင်းကြီးသားကို စန်းမာ ကျေးဇူးတင်လို့မဆုံးသော မျက်နှာဖြင့် ထိုင်ချလိုက်သည်။ စန်းမာ ထိုင်မိသည်နှင့် ကားကလည်းထွက်သည်။ ဒါကိုလည်း စန်းမာကျေးဇူးတင်ရပြန်သည်။ သူ့ရဲ့ ချစ်လင်မောင်ဟန်ဝင်း အရက် သောက်ပြီး အိပ်မောကျနေတုန်း အပြေးထွက်ခဲ့ရသည် မဟုတ်ပါလား။
သူ့ယောက်ျား မောင်ဟန်ဝင်းသည် အလုပ်မလုပ်၊ နေ့ရှိသရွေ့ အရက်သောက်ပြီး ဆဲဆိုကြိမ်းမောင်းနေသည်။ ကလေး(၃)ယောက်ကို ကျွေးမွေး စောင့်ရှောက်ရသည် ကတစ်မျိုး၊ မိခင်အိုကြီးက တစ်ဖက်၊ ဒီ အရက်သမားက တစ်ဖုံ။
နံနက်လင်း ပန်းရောင်းထွက်ရ၊ ညနေ ပန်းသွားဝယ်ရ၊ နေ့ခင်း ပန်းရောင်းက အပြန် ချက်ရပြုတ်ရ၊ အဝတ်လျှော်ရ မအားလပ်ရတဲ့အထဲ အရက်ဖိုး တောင်းလို့ရှိရင် အရိုက်ခံရ၊ အဆဲခံရ။ ဒါတွေ ခံရပါများလာတော့ စန်းမာ ချုံးပွဲချ ငိုပစ်လိုက်သည်။
ဒီနေ့ စန်းမာ မငို၊ အိမ်နီးချင်း စပ်စုမကလေး မလှလှထွေး ပြောလို့ ကျိုက္ကစံဘုရားကို ထွက်လာခဲ့တာ။ အရှေ့မုခ်ဘက်မှာ ဗေဒင်ဆရာတွေ ရှိတယ်။ အဲဒီမှာ ဆရာမြတ်စောလင်းဆိုတာ ရှိတယ် ငါတို့ဆရာဘဲ အဟောလဲ မှန်တယ် ယတြာလဲကောင်းတယ်။ အဲဒါ ညည်းသွားမေးပါလား။ ပြီးတော့ ညည်းဖြစ်ချင်တာကို ဆရာ့ကို ပြောပြ ပေါ့လို့ အကြံပေးတာနှင့် စန်းမာလာခဲ့တာဆိုတော့ စန်းမာ ခေတ္တတော့ စိတ်ချမ်း သာနေသည်။
‘ ဆရာ မြတ်စောလင်းဆိုတာ ဆရာလား ‘
စန်းမာ ဘုရားလမ်း မှတ်တိုင်၌ ကားပေါ်က ဆင်းပြီး ဘာကိုမျှ အလေးမထားနိုင်။ ကျိုက္ကစံဘုရား အရှေ့မုခ်ရှိ သူမေးလိုတဲ့ ဗေဒင်ဆိုင်ရှိရာသို့ သုတ်ခြေတင်လာခဲ့ပြီး ဆိုင်ရှေ့ရောက်တာနှင့် ကုလားထိုင်ပေါ်တွင် ထိုင်၍ ပုတီး စိပ်နေသော ယောဂီဝတ် ဆရာတစ်ဦးကို မေးလိုက်ခြင်းဖြစ်၏။
‘ ဟုတ်တယ်သမီး။ ဘာကိစ္စရှိလို့လဲ ‘
‘ ကျွန်မ ဗေဒင် မေးချင်လို့ပါ ‘
‘ သြော် . . . . ဝင်ထိုင်လေ ‘
ဆရာက ဝင်ထိုင်ခိုင်းသဖြင့် ထိုင်လိုက်၏။ ဆရာက ဂနာမငြိမ် ဖြစ်နေသော စန်းမာကို ကြည့်၍ ပြုံးနေ၏။ ဆရာသည် ဗေဒင်တွက်ရန် ကွန်ပျူတာ စာစီစက်ဖြင့် အသင့်ပြုလုပ်ထားသော စာရွက်ပေါ်မှ ရာသီခွင် များကို ကြည့်၍ စန်းမာရောက်လာသည့် အချိန်နာရီမိနစ်ကိုကြည့်၍ ရာသီတစ်ခု၌ လ,အက္ခရာကို ရေးမှတ်လိုက်ပြီး . . .
‘ သမီး မေးချင်တာ အိမ်ထောင်ရေး ကိစ္စမဟုတ်လား။ ခု လာခဲ့တဲ့အကြောင်းက အဲဒါ အဓိကပဲ ဖြစ်မယ်လေ ‘
စန်းမာ သဘောကျသွားသည်။ မျက်လုံးများ ဝင်းလက်လာ သည်။ မွေးတဲ့သက္ကရာဇ်လည်း မမေး၊ မွေးနေ့လည်းမမေး၊ လက္ခဏာလည်း မကြည့်ဘဲလာရင်းအကြောင်းကို ပြောနိုင်သဖြင့် စန်းမာ သဘောကျနေသည်။
‘ ဟုတ် ဟုတ်တယ ဆရာ။ ကျွန်မ ယေက်ျား အလုပ်မလုပ်ဘဲ ကျွန်မကို အရက်သောက်ပြီး နေ့တိုင်း နှိပ်စက်လွန်းလို့ သူကျွန်မကို မနှိပ်စက် အောင်၊ အရက်မသောက်တော့အောင် လုပ်ချင်တယ်ဆရာ။ လုပ်ပေးလို့ ရမလား’
သူ ပြောချင်တာတွေ စန်းမာ တစ်ဆက်တည်း ပြောချ လိုက်သည်။
‘ ရပါတယ် သမီး။ သမီး ယောက်ျား ဘာနေ့သားလဲ ‘
‘ ေသာၾကာသားပါ ဆရာ ‘
ဆရာသည် စန်းမာ၏ မျက်နှာကို စိုက်ကြည့်လျက် . . .
‘ သောကြာသားဆိုရင် ခရေဆိုတဲ့ နံညှပ်သားကို ပူးရုပ်အောက် က ခံပြီးအပေါ်က ဆင်စီးတဲ့ အဆောင်ရုပ်ကို မနက်ဖြန် အင်္ဂါနေ့ (၉)နာရီခွဲအချိန် မှာ ပန်းပုဆိုင်ကို သမီးသွားပြီး ကိုယ်တိုင် ထိုင်စောင့်ပြီး ထုခိုင်း။ ပြီးတော့ သမီး ယောကျ်ားအုံးတဲ့ ခေါင်းအုံး အလယ်လောက်မှာ ထည့်ပေးလိုက်။ (၃)ရက် အုံးမိတာနဲ့ သမီးယောကျ်ား၊ အရက်ပြတ်သွားလိမ့်မယ်။ သမီးကိုလဲ မရိုက် မဆဲတော့ ပါဘူး။ ယုံယုံကြည်ကြည် လုပ်နော် ‘
‘ ဝမ်းသာပါတယ် ဆရာ။ ဒါပေမယ့် ခရေသား ဟုတ်, မဟုတ် သမီးက မသိတော့ ဆရာဘဲ ကိုယ်တိုင်စီမံ လုပ်ပေးပါလား။ သမီး ကျသလောက် ကန်တော့ပါမယ်’
ဆရာသည် ခေါင်းညိတ်လျက် စန်းမာ၏ အကူအညီတောင်း ခြင်းကို လက်ခံထားလိုက်၏။ နောက်တစ်နေ့တွင် စန်းမာ ဆရာ့ထံမှ စီရင်ပြီးသား အဆောင်ကို ယူ၍ ဆရာ ပြောသည့်အတိုင်း ပြုလုပ်ထားရန် စိတ်ကြည်နူစွာဖြင့် ပြန်သွားလေတော့၏။
တစ်မိုးကုန်၍ တစ်ဆောင်းသစ်ရန် နှင်းမှုံတို့သည် ရောက်လာခဲ့ ပြန်သည်။ ကျိုက္ကစံဘုရား တန်ဆောင်တိုင် မီးထွန်းပွဲနှင့် မသိုးသင်္ကန်းရက်ပြိုင်ပွဲ မနက်ဖြန်ဆိုလျှင် စတော့မည်။ ဆိုင်ခန်းတွေ၊ ရဟတ်တွေ၊ တုတ်ထိုးရုပ်သေးများနှင့် ကြည့်စရာတွေက စည်ကားစ ပြုနေပြီ။ စန်းမာ ကလေးနှစ်ယောက် လက်ဆွဲလျက် ပွဲစျေးတန်း လျှောက်ရင်း ကျိုက္ကစံ အရှေ့မုခ်ရှိ ဗေဒင်ခန်းဆီသို့ လာခဲ့ပြန်သည်။
စန်းမာ ဝမ်းသာသော မျက်နှာဖြင့် ဗေဒင်ဆိုင်ခန်းအတွင်းသို့ ဝင်လိုက်၏။ အမျိုးသားတစ်ဦး ရှိနေသဖြင့် စန်းမာ ခြေထောက် တုံ့ခနဲ ဖြစ်သွား ၏။ ဆရာကြီးသည် စာရေးနေရာမှ စန်းမာဝင်လာသည်ကို သတိထားမိသဖြင့်
‘ ဝင်ထိုင်လေ သမီး ‘
ဆရာကြီးစကားကြောင့် ဝင်ထိုင်လိုက်ရသော်လည်း စန်းမာ အားတုံ့အားနာ ဖြစ်နေသည်။ ဒါကို ဆရာကြီးက ရိပ်မိသည် ထင်၏။
‘ အားမနာပါနဲ့ သမီးရယ်။ ဒါ ဆရာ့တပည့်ပါ။ သမီး ပြောချင်တာ ပြောလို့ရပါတယ်။ ဆရာ လုပ်ပေးလိုက်တဲ့ ကိစ္စ အောင်မြင်ရဲ့လား’
ဒီတော့မှ စန်းမာ ပြုံးလာသည်။
‘ အောင်မြင်ပါတယ် ဆရာ။ ဆရာ လုပ်ပေးလိုက်တဲ့ အဆောင် ကို ခေါင်းအုံးထဲထည့်ပြီး သုံးရက်လောက်ကတည်းက သူ အရက်မသောက် တော့ဘူး။ ကျွန်မနဲ့ စကားပြောရတာလဲ အားလုံး ပြေပြေလည်လည် ဖြစ်သွား တယ်။ ခု အလုပ် လုပ်နေပြီ ဆရာ။ သမီး ဆရာ့ကို သိပ်ကျေးဇူးတင်ပါတယ်။ အခု ဆရာ့ကို လာကန်တော့တာ ‘
စန်းမာသည် သူ့လက်ဆွဲခြင်းထဲမှ ဖယောင်းတိုင်ထုပ်၊ အမွှေး တိုင်ထုပ်များ၊ မုန့်ထုပ်များကို ယူ၍ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးလျှင် ရိုသေစွာ ဒူးတုတ်လျှက် လက်နှစ်ဖက်ယှက်၍ နဖူးမြေကျဝတ်ချ ကန်တော့လိုက်လေ၏။
‘ အေး အေး၊ သာဓု သာဓု သာဓု။ သမီးတို့လင်မယား ထာဝရ ငြိမ်းချမ်းသာယာပါစေကွယ် ‘
စန်းမာသည် ဆရာကြီးအား ဝတ်ချပြီး ပြန်ရန် ထလိုက်၏။
‘ ဆရာ သမီးကို ပြန်ခွင့်ပြုပါဦး ‘
စန်းမာ ထပြန်သွားလျှင် ဆရာကြီး၏ တပည့်သည် ဆရာကြီး ၏ ရှေ့သို့ တိုးလာပြီး . . . .
‘ ဆရာ သူ့ယောက်ျား အရက်သောက်ပြီး အလုပ်မလုပ်ဘဲ မိန်းမကို ရိုက်နှက် ဆိုးသွမ်းနေတာကို ခုလို ငြိမ်သွားအောင် ဘယ်လိုအစီအရင်တွေ လုပ်ပေးလိုက်သလဲဆိုတာ ကျွန်တော့်ကို သင်တန်းပေးတဲ့အနေနဲ့ ရှင်းပြပါဦး ဆရာ ‘
‘ အေး ဟုတ်သားပဲ။ ဒီ အင်္ဂဝိဇ္ဇာတိုင်ရဲ့ နံညှပ် ပညာ မောင်ဝင်းနိုင် ကို ဆရာ မပေးရသေးဘူး နော်။ ကဲ မောင်ဝင်းနိုင်၊ မွေးနံကို အလယ်မှာထားပြီး ခုနစ်နေ့သား အတွက် တိုင်ခုနှစ်တိုင် ထူလိုက်ပါ ‘
၅ ၆ ဝ ၁ ၂ ၃ ၄
၂ ၃ ၄ ၅ ၆ ဝ ၁
၆ ဝ ၁ ၂ ၃ ၄ ၅
၁ ၂ ၃ ၄ ၅ ၆ ၇
၄ ၅ ၆ ဝ ၁ ၂ ၃
ဝ ၁ ၂ ၃ ၄ ၅ ၆
၃ ၄ ၅ ၆ ဝ ၁ ၂
‘ အင်္ဂဝိဇ္ဇာတိုင်ထူပြီးပြီလား မောင်ဝင်းနိုင် ‘
‘ ဟုတ္ကဲ့ ဆရာ၊ ၿပီးပါၿပီ ‘
‘ ဒါဆိုရင် ခုနစ်နေ့သားအတွက် တိုင်ခုနှစ်တိုင်မှာ သူ့နေ့သား တွေရဲ့ အောက်နဲ့အထက်မှာ ညှပ်ထားတဲ့နံတွေ ပေါ်မလာဘူးလား ‘
မောင်ဝင်းနိုင်သည် ခေါင်းညိတ်ရင်းက . . . .
‘ ဟုတ်ကဲ့ ဆရာ၊ ပေါ်လာပါတယ် ‘
‘ တနင်္ဂနွေသားအတွက် လောက်သေ၊ တနင်္လာသားအတွက် ပိတောက်၊ အင်္ဂါသားအတွက် သစ်အယ်၊ ဗုဒ္ဓဟူးသားအတွက် ဒန်းကြီး၊ ကြာသပတေးသားအတွက် သြဇာ၊ သောကြာသားအတွက် ခရေ၊ စနေသား အတွက် စိန်ပန်းဆိုတဲ့ အသားတွေ ထွက်မလာဘူးလား မောင်ဝင်းနိုင်’ တပည့်ဖြစ်သူ မောင်ဝင်းနိုင်သည် ထူထားသော တိုင်များကို ကြည့်နေလျက်က
‘ ဟုတ်ကဲ့၊ တွေ့ပါတယ် ဆရာ ‘
‘ အဲဒီ နေ့သားအလိုက် ရထားတဲ့ အသားတွေကို တနင်္ဂနွေ သားအတွက် ဂဠုန်ရုပ်ပေါ်မှာ ပူးစီးပြီး ထုရမယ်။ တနင်္လာသားအတွက် ကျားရုပ် ပေါ်မှာ နဂါးစီးပြီး ထုရမယ်။ အင်္ဂါသားအတွက် ခြင်္သေ့ရုပ်ပေါ်မှာ ဂဠုန်စီးပြီး ထုရမည်။ ဗုဒ္ဓဟူးသားအတွက် ဆင်ရုပ်ပေါ်မှာ ကျားစီးပြီး ထုရမယ်။ ကြာသပတေး သားအတွက် ြ<ွကက်ရုပ်ပေါ်မှာ ခြင်္သေ့စီးပြီး ထုရမယ်။ သောကြာသားအတွက် ပူးရုပ်ပေါ်မှာ ဆင်စီးပြီး ထုရမယ်။ စနေသားအတွက် နဂါးရုပ်ပေါ်မှာ ြ<ွကက်စီးပြီး ထုရမယ် မောင်ဝင်းနိုင်။ ဆိုလိုတာက နံညှပ်သားကို မွေးနံရုပ်ပေါ်မှာ ဆပွတ်ကျတဲ့ အရုပ်ကို စီးခိုင်းတာပဲ ‘
မောင်ဝင်းနိုင်သည် သူ၏ မှတ်တမ်းစာအုပ်ပေါ်မှာ ဆရာကြီး ၏ ပြောစကားများကို ရေးမှတ်လိုက်၏။
‘ ဒါဆိုရင် နံညှပ်သားပေါ်မှာ မွေးနံကို ဆပွတ်စီးရုပ် ထုလုပ်ပြီး ခေါင်းအုံးထဲ ထည့်ထားလိုက်ရုံနဲ့ အရက်သောက်ပြီး ပြောစကားဆိုစကား နားမ ထောင်တဲ့သူတိုင်း အရက်ပြတ်ပြီး ပြောလို့ဆိုလို့ ကောင်းသွားမှာလား ဆရာ ‘
‘ အေး ဟုတ်တယ် မောင်ဝင်းနိုင်၊ ဆရာ တော်တော်များများ လက်တွေ့ စမ်းသပ်ကြည့်ပြီးသား။ လင်ယောက်ျားမှ မဟုတ်ဘူး။ သားအတွက်၊ မောင်အတွက်၊ ဖခင်အတွက်တွေလဲ လုပ်လို့ ရတာပဲ။ ပိုပြီးကောင်းတာကတော့ စရေဓာတ်ပေါ်တဲ့အချိန်၊ ဒါမှမဟုတ် မိမိ ပိုင်နိုင်ကျွမ်းကျင်ရာ အောင်အခါ ရွေးပြီး အစီရင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ လိုက်နာကျင့်သုံးရမယ့် အချက်တွေ ပြည့်ဝမယ် ဆိုရင် ပိုပြီး ထက်မြက်အောင်မြင်မှာပေါ့ ‘
မောင်ဝင်းနိုင်သည် လင်းလက်သော မျက်လုံးအစုံဖြင့် ဆရာကြီး အား ကြည့်လျက် . . .
‘ ဟုတ်ပြီဆရာ၊ ခုနှစ်ရက်သားသမီးတွေအတွက် ‘
စန်းမာ ယောကျ်ား ဟန်ဝင်း အရက်မသောက်တော့ပါဆိုတဲ့ ဒီနံညှပ်သားဖြစ်တဲ့ အသားတွေနှင့် မွေးနံရုပ်ခံ၊ ဆပွတ်နံ ရုပ်စီး ထုလုပ်ဆောင်ရွက်ပုံ ကို ကျွန်တော်ရေးလိုက်မယ်နော် ဆရာ ခုနစ်ရက်သားသမီး လူသားတိုင်း စိတ္တသုခ ကာယသုခ ပြည့်ဝစေခြင်းငှာ ပေါ့ဆရာ
သစ္စာဝါဒီ ဆရာမြတ်စောလင်း