လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က…။ အခုလိုသင်္ကြန်ကာလပါပဲ။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတစ်ရက်နေ့ မနက်ခင်း…။ မိဘတွေကို ကန်တော့ပြီးလို့ ဗေဒင်ပညာသင်ပေးသော အဘမင်းသိုက်ဆီကို ဂါရဝပြုရန်ရောက်ခဲ့သည်။ ထိုခေတ်အခါက ဆိုင်ကယ်အလွန်ရှားသေးသည်။ လူတိုင်းနီးပါး စက်ဘီးကိုပဲ အားထားကြသည်။ ကျွန်တော်ကိုယ်တိုင်လဲ စက်ဘီးလေးစီးပြီး အဘဆီကို လာရသည်။
အဘက စွပ်ကျယ်လက်ပြတ်နှင့် ပုဆိုးအကွက်ကျဲကြီးကို ခပ်တိုတို ဝတ်ထားလေသည်။ လက်ထဲတွင် ငါးဂါလံလောက်ဆံ့မည့် ရေပုံးကြီးထဲက ရေတွေကို ရေခွက်လေးနှင့် ခပ်ပြီး တစ်အိမ်လုံးပက်ဖျန်းနေကြလေသည်။
“အဘ ဘာတွေလုပ်နေတာလဲ…ပျဉ်တွေပူလို့ ရေဖြန်းနေတာလား ….ကျွန်တော်ဝိုင်းကူမယ်လေ..”
အဘက စကားမဆိုသေးဘဲ ခေါင်းရင်းရေအိုးစင်က ရေတစ်ကျိုက် မော့သောက်နေလေသည်။
“ဒါက ရေမဟုတ်ဘူး..ငါ့တူရေ…ဆားကိုရေဖျော်ထားတဲ့ ဆားငန်ရေတွေပဲ …”
“သြော်…ဘာအတွက် သုံးတာလဲ အဘ..”
” လိုရင်းတိုရှင်း ပြောရရင် ‘အိမ်သန့်’ တယ်လို့ ခေါ်
တယ္ကြ”
ကျွန်တော် ခေါင်းကုပ်ပြီးစဉ်းစားနေမိသည်။
“ငါ့တူကြည့်ရတာ အဘပြောတာနားမရှင်းဘူးနဲ့ တူတယ်…”
“ဟုတ္…အဘ သိပ္နားမလည္ဘူး”
” ဒီလိုကွ…အခုလို နှစ်ဆန်းတစ်ရက်နေ့မှာ ရပ်ကွက်တွေထဲမှာ ရဟန်းသံဃာတွေ ပရိတ်ရွတ် ကမ္မဝါ
ဖတ်ပြီး မကောင်းဆိုးဝါးတွေကို နှင်ထုတ်တာမျိုး တွေ့ဖူးတယ်မဟုတ်လား…
နေ့ ၇နေ့ ပန်းတွေ ၊ ဆန်၊ဆနွင်း၊ ချည်မန်းကွင်း၊ ရေဘူးတွေကို ယူသွားပြီး ရဟန်းသံဃာတွေရှေ့မှာ
ပရိတ်အမွမ်းခံပစ္စည်းအဖြစ်ထားကြတယ်… အဲဒီပစ္စည်းတွေကို အိမ်မှာ အတားအဆီးအဖြစ်ပြန်သုံးကြတယ်လေ..”
“ဟုတ္အဘ …ျမင္ဖူးပါတယ္”
“အဲဒါက ရတနာ သုံးပါးရဲ့ အစွမ်းသတ္တိတွေပေါ့ကွ ..”
အဘက ပြောလက်စ စကားကို ခဏနားပြီး ကွမ်းအစ်ထဲမှာ ကွမ်းယာပြီး စားနေလေသည်။
” အခုလို ဆားငန်ရေကို အိမ်တွေ ခြံတွေထဲ ပက်ဖြန်းတာမျိုးကတော့ ဒီလိုနေ့မျိုး နှစ်ဆန်းတစ်ရက်မှ မဟုတ်ဘူး… မိမိတို့ ကြိုက်တဲ့နေ့လုပ်နိုင်တယ်…
အိမ်သစ်မှာ စပြီးနေတာမျိုး ၊ အစိုးရလိုင်းခန်းတွေ ၊အဆောင်တွေ ၊ သူများအိမ်ဝယ်ပြီး နေမဲ့သူတွေလဲ မနေခင်မှာ အခုလို ဆားငန်ရေနဲ့ ပက်ဖြန်းသင့်တယ်..ငါ့တူရ… ကောင်းကျိုးကတော့ မကောင်းတဲ့ အောက်လမ်းအနှောက်အယှက်တွေ၊ အင်းမြှပ်ထားတာတွေ၊ မိမိကိုမနာလိုပြီး မကောင်းဆိုးဝါးတွေနဲ့ တိုက်ထားတာတွေ၊ အိမ်မှာ စွဲလမ်းကပ်ငြိနေတဲ့ နာနာဘာဝတွေရဲ့ အခြောက်အလှန့်တွေ စတဲ့ ရန်တွေက လွတ်ကင်းနိုင်တယ်ကွ… “
“ဟုတ်ကဲ့အဘ …အခုမှပဲ နားလည်သွားတော့တယ်… နောက်ထပ်ရော ဘာတွေထပ်လုပ်ဖို့ လိုသေးလဲအဘ… ”
အဘကရေအိုးစင်အောက်ကို လက်ညှိုးညွှန်ပြလေသည်။ ရေအိုးစဉ်အောက်တွင် ဒန်ခွက်လေးထဲ သံပုရာသီး ၅ လုံးခန့် ရေစိမ်ထားလေသည်။
” အဲဒီ သံပုရာသီးတွေကို အိမ်ရဲ့ ဧည့်ခန်းရယ်၊ အိပ်ခန်းတွေရယ် မှာ ပစ်ထားလိုက်ကွာ၊ တစ်နေရာမှာအထူးတလည်ထားရတာမျိုး မဟုတ်ဘူးနော် …
ဧည့်ခန်းဆို ခုံအောက်ပဲ ရောက်ရောက် ဗီဒိုအောက်ပဲ ရောက်ရောက် ပစ်သာထားလိုက်ကွာ…
အိပ်ခန်းဆို ကုတင်အောက်ထဲ ပစ်ထားလိုက်လဲ ရတယ်… ပုပ်သွားမှပဲ သံပုရာသီးအသစ်စျေးကဝယ်ပြီးလဲပေးလိုက်ကွာ…
သံပုရာသီးကအရမ်းစွမ်းတယ်ကွ …အိမ်အေးချမ်း
တယ်.. အိမ်တွင်းအပူ မိသားစုအပူမတွေ့ဘူး…
ဘေးလူရဲ့ အတိုက်အခိုက်အောက်လမ်းတွေနဲ့ လုပ်လို့မရဘူး..”
” ဟုတ်ကဲ့…အဘ …နားလည်ပါပြီ..အဘကိုဂါရဝပြု ကန်တော့ဖို့လာရင်းနဲ့ အခုတော့ ပညာတစ်ခုတိုးသွားပြီ…”
စက်ဘီးခြင်းလေးထဲမှ အဘအတွက် လှူ ဖွယ်ပစ္စည်းတွေထုတ်ယူပြီး အဘရှေ့ချ ဦးသုံးကြိမ်ကန်တော့လိုက်လေသည်…။
“သာဓု..သာဓု…သာဓု နှစ်သစ်ကစပြီး ကောင်းတဲ့ လိုအင်ဆန္ဒတွေပြည့်ဝပါစေကွာ… ၇ရက်သားသမီးကို တစ်ထောင့်တစ်နေရာက ကူညီနိုင်တဲ့ ဗေဒင်ဆရာကောင်းတစ်ယောက်ဖြစ်ပါစေ….”
“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…အဘ”
” နေလဲမြင့်ပြီ…ငါ့တူလဲပြန်တော့ …နှစ်သစ်မှာ ကုသိုလ်စိတ်လေးနဲ့ အချိန်ပြည့်နေနိုင်အောင်ကြိုးစား..”
“ဟုတ်ကဲ့အဘ …. အဲဒါဆို ကျွန်နော်ပြန်လိုက်ပါအုံးမယ်… “
အဘမင်းသိုက်ရှေ့မှ စက်ဘီးလေးနင်းပြီး ထွက်လာခဲ့သည်။ နွေနေပူပြင်းပေမဲ့ ကျွန်ုပ်ရင်ထဲ အေးမြလို့နေသည်။ ဗေဒင်ဆရာအဖြစ် အသက်မွေးရပ်တည်တဲ့အခါ ဒီနည်းလေး (၇)ရက်သားသမီးတွေကို
ပေးလိုက်အုံးမှပဲလို့ စိတ်ထဲမှာမှတ်သားရင်းနဲ့……
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )