loading

” ချမ်းသာ၊ကျန်းမာ ဘေးကင်းကွာ”

  • Home
  • Blog
  • ” ချမ်းသာ၊ကျန်းမာ ဘေးကင်းကွာ”

Like တစ်သိန်းပြည့်တုန်းက ဗေဒင်ပရိတ်သတ်တွေအတွက်မှတ်မှတ်ရရ ယတြာလေးတစ်ခု
ရေးမယ်ဆိုပြီး noteစာအုပ်ထဲမှာအကြမ်းလေးရေးထားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင်မရေးနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာစာရေးပျင်းသူ တစ်ယောက်မဟုတ်ပါ။ စာပေဝါသနာအလွန်ပါတဲ့သူပါ။ စာရေးနေရရင်ပျော်နေတဲ့သူပါ။
ရတဲ့အချိန် တစ်ရက်၂၄နာရီမှာ အိပ်ချိန်ကလွဲလို့ ကျန်တာ အချိန်ပြည့်မအားလပ်ပါဘူး။ မိမိစာဖတ်ဖို့ ၊
အဓိဌာန်ဝင်ဖို့အချိန်တွေတောင်ဖဲ့ပြီး ဗေဒင်ဟောပေးနေတာပါ။ ဉာဏ်ပူဇော်ခပေးပြီး မေးတဲ့သူတွေကိုတောင်
မနည်းအချိန်လုပြီးပြောနေ ဟောနေရတာပါ။
Online ကနေ ငွေဖြည့်ကဒ်လွှဲပီးမေးကြသူတွေကို
လိုရင်းတိုရှင်းပဲပြန်ဖြေနိုင်တာပါ။
အားနာရပါသည်။ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ဟောပေးချင်ပေမဲ့အချိန်မလောက်ပါ။ နေ့တိုင်းဗေဒင်Post တစ်ခုတင်ချင်ပေမဲ့ တစ်ပတ်တစ်ခါတင်ဖို့တောင် မနည်းအချိန် ဆွဲထုတ်နေရပါသည်။
အဲဒီကြားထဲ Onlineကနေ freeမေးတာကိုပြန်မဖြေလို့ပြဿ နာရှာသူကရှာသေးသည်။ အလကားဗေဒင်မေးချင်ရင် Onlineကနေ ပညာယူ ၊အတွေ့အကြုံရှာ ဟောပြောပေးနေတဲ့ တတ်သစ်စ ဗေဒင်ဆရာလေးတွေဆီ မေးစေချင်ပါသည်။
သင်္ကြန်ကာလတုန်းက အနားယူနေပေမဲ့ မိမိဆွေမျိုးနီးစပ်တွေကို ဗေဒင်ဟောပေးရပါသည်။ ဆွေမျိုးတွေကိုတောင်
အခကြေးငွေနဲ့ပဲဟောတာပါ။
အလကားမေဟာပါဘူး။
ကဲအဲလောက်ဆိုရင် Message boxကနေအလကားမေးကြသူတွေ နားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။
Like 100000 ပြည့်တုန်းကအဆုံးသတ်
မရေးဖြစ်ခဲ့သောယတြာဆောင်းပါးလေးကို အဆုံးသတ်ပြီးရေးလိုက်ပါတယ်ဗျ။
အခုယတြာလေးက သူများတွေကိုပေးလို့အကျိုးများခဲ့တာတွေ ရေးပြရမယ်ဆိုရင် ၂လက်မအထူရှိတဲ့ စာအုပ်တစ်အုပ်စာလောက်ရမည်ထင်သည်။
လူတစ်ဦး တစ်ယောက်ဟာ နှစ်စဉ်အသက်တစ်နှစ်ကြီးလာတိုင်း ထိုနှစ်မှာ ကံဆိုးခြင်း ကံကောင်းခြင်း ဒွန်တွဲဖြစ်လာစမြဲပါ။ အရမ်းဆိုးနေတဲ့ကံကို ဒီယတြာလုပ်ပေးခြင်းဖြင့် လျော့ပါးသက်သာစေသလို ကံကောင်းနေတဲ့သူတွေကလဲ ကံတွေတဆင့်ဆင့်မြင့်တတ်ပြီးအဘက်ဘက်ကအဆင်ပြေပါတယ်ဗျ
ငယ်စဉ်ကာလထဲက ဒီဗုဒ္ဓယတြာကို
ဆရာဆီကရခဲ့သည်။ ဒီယတြာဖြင့် လူအများရဲ့ ရင်ကိုအေးစေခဲ့သည်။ အင်္ဂါ ၊ဗုဒ္ဓဟူး၊ စနေ သက်ရောက်လို့ဆိုတဲ့ အဆိုးလောကဓံတွေကြုံတိုင်း ဒီယတြာအမြဲမပြတ်လုပ်တဲ့သူတွေ အညံအဆိုးတွေမခံစားရတာမျက်မြင်ပင်။
လူသားအားလုံးချမ်းမြေ့ကြစေဖို့ ရည်ရွယ်ပြီးရေးလိုက်ပါသည်။
*************************************
“ဆရာ…”
” ေဟ..ဘာလဲကြ”
” ဆရာသင်ပေးတဲ့ ဆန်းယတြာတွေရှုပ်နေတာပဲဆရာ
သက်ရောက်တစ်ခုမှာ လုပ်ရတဲ့ယတြာတွေက တိုင်ထိပ် ၊တန်းစီးယတြာ တွေရော ၊
နိစ်ပြစွန့်ရတာတွေရော
ကာရကသဘောကြည့်ပြီးလုပ်ရတဲ့ယတြာတွေရော
နောက်ပြီးရှိသေးတယ် …..ဆန်းကျင်ဂြိုဟ်ကိုကြည့်ပြီး
ခြေရတဲ့ယတြာတွေရော အများကြီးပဲ”
“အေးလေ သက်ရောက်တစ်ခုမှအဲလောက်တော့
ယတြာလုပ်ရမှာပဲလေ”
” လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ယတြာမရှိဘူးလားဆရာ”
ဆရာက ဘုကြည့်ကြည့်ပြီး
“မင်းတော်တော်အပျင်းတတ်တဲ့ကောင်ပဲကွ…..
မင်းအလွယ်လမ်းတွေလိုက် …..ဗေဒင်ပညာတတ်
်မြောက်ဖို့ကြာနေလိမ့်မယ်”
“အလြယ္လိုက္တာမဟုတ္ပါဘူး ဆရာ
ကျွန်တော် ပြောချင်တာက တစ်နှစ်ပတ်လုံး ယတြာတစ်မျိုးတည်းကို ခဏခဏလုပ်ပြီး ဒီနှစ်ထဲမှာ ကျရောက်မယ့်အဆိုးအညံ့တွေလျော့ပါးသက်သာစေတဲ့ယတြာမျိုးကို ဆိုလိုတာပါ ဆရာ ၊ဗေဒင်မတတ်တဲ့သူတွေတောင်မိမိဘာသာ
တွက်ချက်ပြီးလုပ်လို့ရမဲ့
ယတြာမျိုး ကိုဆိုချင်တာပါဆရာ “
ဆရာကခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်ပြီး
“မင်းပြောတဲ့စိတ်ကူးကတော့ မဆိုးပါဘူး..
သက်ရောက်ယတြာတွေက နတ်ကြီးတယ်လေ…အမှားလဲမခံဘူး။ဣဋ္ဌ၊အနိဋ္ဌတွေကိုလဲနားလည်ရသေးတယ်”
ဆရာကပြောနေရင်းခဏနားပြီးရေနွေးတစ်ဖလားက
ိုငှဲ့သောက်နေလေသည်
” ငါပြောပြမယ်ကွ…. မိမိရဲ့ရောက်ဆဲအသက်မှာ
ကြုံတွေရမဲ့ အခက်ခဲတွေပြေပျောက်စေမဲ့
ယတြာတစ်ခုပေါ့
ယတြာကစွမ်းတယ်ကွ စနေဂြိုဟ်ထဲရောက်နေပါစေ
ထိုယတြာကို မှန်မှန်လုပ်နေသူက စနေဂြိဟ်ရဲ့
ဆိုးကျိုးတွေတောင်မခံစားရဘူး”
“ဟုတ္ကဲ့ဆရာ”
“မင်းအခု အသက်ဘယ်လောက်လဲ”
“၂၀ပါ ဆရာ”
“အေး ရောက်ဆဲအသက်ကို ၇နဲ့စားကွ
အကြွင်းကိုအင်္ဂဝိဇ္ဇာတိုင်ထူလိုက်”
“၂၀ကိုရနဲ့စားတော့ ၆ကြွင်းတယ်ဆရာ
တိုင္ထူၿပီးၿပီ။”
၃ နဝင်း
*၆*
” နဝင်းမှာ ဘာရှိလဲကြည့်”
” အဂၤါပါဆရာ”
“အဲဒါဆိုရင် နဝင်းကရှိတဲ့နံကို ဘုရားကိုလှူရမှာကွ
အင်္ဂါနံနဲ့ပက်သက်တဲ့လှူဖွယ်ပစ္စည်းတွေက ဘာတွေရှိမလဲ”
“ဇီးယို၊ဇီးထန်းလျက်၊ဇီးသီး ၊ဇီးဖျော်ရည်၊ဆေးအလှူ
စိန်ခြယ်ပန်း ၊ဇော်စိမ်းပန်း စတာတွေပါ ဆရာ”
“အေးဟုတ်ပြီ …ခုန မင်းဘာကြွင်းတာ….”
“၆ကြွင်းတာပါ ဆရာ “
“၆ဆိုတာသောကြာပဲလေ
အဲဒါကြောင့်သောကြာနေ့ဖွား ဘုရားရှင်တွေကို ခုနက အင်္ဂါနံလှူဖွယ်ပစ္စည်းတွေကပ်လှူပေါ့ကွ
နီးစပ်ရာ ဘုရားသွား မိမိမွေးနံဂြိုဟ်ထောင့်မှာ
ပွင့်တော်မူပြီးသော သောကြာနေ့ဖွားဘုရားရှင်တွေကို
ဇော်စိမ်းပန်း စိန်ခြယ်ပန်းကပ်ပေါ့၊ ဇီးဖျော်ရည်၊ ဇီးထန်းလျက် ၊
စတုမဓု ၊ဇီးသီး စတာတွေကပ်ရမယ်ကွာ ။
မိမိနေတဲ့မြို့မှာ သောကြာနံဘွဲတော်ရှိတဲ့
သီဟိုရှင်ဘုရား၊သိဒ္ဓိရှင်ဘုရားတွေရှိရင်တော့ ထိုဘုရားတွေမှာသွားလှူပေါ့ကွာ။ မရှိရင်လဲ
နီးစပ်ရာစေတီမှာ ရည်မှန်းပြီးလှူပေါ့။
ကိုယ်နေတဲ့ ဒေသအရ အဆင်ပြေမဲ့ အင်္ဂါနံလှူဖွယ်
ပစ္စည်းဆိုရတယ်ကွ။ ပြီးရင် သောကြာဂြိုဟ်မင်းနှင့်တကွ သောကြာသားသမီးအပေါင်းကို မေတ္တာပို့ အမျှဝေပေး ။
ကိုးရက်ဆက်တိုက်လုပ်ရမယ်။စလုပ်တဲ့ နေ့က မိမိမွေးနေ့ဆိုရပြီ”
“အချိန်ကရော ဆရာ
ဘယ်အချိန်လုပ်ရမလဲ”
“အချိန်ရွေးမနေနဲ့တော့ ဒီခေတ်ကြီးက လူတွေက အားကြတာမဟုတ်ဘူး။ အကောင်းဆုံးကတော့
အစောကြီးထပြီးလုပ်တာအကောင်းဆုံးပဲ
ဘုရားမသွားနိုင်တဲ့သူ ၊ဘုရားနဲ့မနီးတဲ့သူကတော့
အိမ်ကဘုရားမှာပူဇော်ကပ်လှူ ပေါ့”
“အဲဒါဆိုဘယ်နေ့သားဖြစ်ဖြစ် မိမိရောက်နေတဲ့အသက်ကို ၇နဲ့စားပြီးယတြာစီရင်လို့ရတာပေါ့နော်ဆရာ “
“ေအးဟုတ္တယ္ကြ
လေးလတစ်ကြိမ် အဲလို ကိုးရက်ဆက်တိုက်စီရင်ပေး။
တစ်နှစ်မှ အနည်းဆုံးသုံးကြိမ်လုပ်ပေးရတာပါ။
ကောင်းကျိုးကတော့ အနန္တပဲကွ။ ဘေးဆိုးကပ်ဆိုးမကျဘူး။ စီးပွားရေးအလုပ်အကိုင်အထူးကောင်းတယ်။ စီးပွားပျက် ၊ဘဝပျက်မဲ့ကံဇာတာရှင်တွေတောင် ထိုယတြာမျိုး လုပ်နေသူဟာ ကံအညံ့အဆိုးတွေပြေပျောက်ကုန်တာပဲကွ”
“အသက်တစ်နှစ်ကြီးတိုင်းအကြွင်းပြောင်းသွားတော့ လှူဖွယ်ပစ္စည်းတွေ ၊ လှူရမဲ့ ဘုရားနေ့နံတွေပြောင်းသွားမှာပေါ့”
“ဟုတ်တယ်လေ နှစ်တိုင်းသာလုပ်ပေး။ သေတဲ့အထိလုပ်လို့ရတဲ့ယတြာတွေပဲလေ၊ဘယ်လောက်ထိအကျိုးများတယ်ဆိုတာ မင်းဗေဒင်ဆရာဖြစ်တဲ့အခါ
ထိုယတြာသုံးကြည့်ရင်သိပါလိမ့်မယ်”
ပညာသင်ကာလတုန်းက ဆရာဆီကရခဲ့သောပညာအမွေယတြာတစ်ခုပါ။ လက်တွေ့နယ်ပယ်မှာအသုံးတည့်လွန်းတဲ့အတွက်လက်ဆင့်ကမ်းမျှဝေ လိုက်ပါတယ်။
******************************************
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၁ကြွင်းပါက
တနင်္ဂနွေနေ့နံ ဘုရားရှင်အား မေမြို့ပန်း ၊မြေပဲကြော် ၊ဖာလူဒါ၊ပဲအမျိုးမျိုး၊ မက်မန်းသီး ၊ပန်းသီးစတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး တနင်္ဂနွေဂြိုဟ်မင်းနှင့် တနင်္ဂနွေသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၂ကြွင်းပါက
တနလ်ာနေ့နံဘုရားရှင်အား သစ္စာပန်း၊သင်္ဘောသီး၊ သရက်သီးစတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး တနလ်ာဂြိုဟ်မင်းနှင့် တနလ်ာသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၃ကြွင်းပါက
အင်္ဂါနေ့နံဘုရားရှင်အား ဒေါနပန်း၊နှင်းဆီပန်း၊ဒံပေါက်၊
ထောပတ်သီး ၊ထန်းလျက်ခဲ စတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး အင်္ဂါဂြိုဟ်မင်းနှင့် အင်္ဂါသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၄ကြွင်းပါက
ဗုဒ္ဓဟူးနေ့နံဘုရားရှင်အား အုန်းပန်း၊အုန်းသီးစိပ်၊အုန်းထမင်း စတဲ့ လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး
ဗုဒ္ဓဟူးဂြိုဟ်မင်းနှင့် ဗုဒ္ဓဟူးသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၅ကြွင်းပါက
ကြာသပတေးနေ့နံဘုရားရှင်အား ကံ့ကော်ပန်း၊ခရေပန်း၊ခတ္တာပန်း၊ကရေကရာမုန့် ၊ကြံရည်၊ဌက်ပျောသီးစတဲ့လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး ကြာသပတေးဂြိုဟ်မင်းနှင့် ကြာသပတေးသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၆ကြွင်းပါက
သောကြာနေ့နံဘုရားရှင်အား ဇီးယို၊ဇီးထန်းလျက်၊ဇီးသီး ၊ဇီးဖျော်ရည်၊စိန်ခြယ်ပန်း ၊ဇော်စိမ်းပန်း စတဲ့
လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး သောကြာဂြိုဟ်မင်းနှင့်
သောကြာသားသမီးတွေကိုမေတ္တာပို့ရမည်
မိမိအသက်ကိုတည် ၇ဖြင့်စား၍ ၀ကြွင်းပါက
စနေနေ့နံဘုရားရှင်အား ရွက်လှပန်း၊ လိမ္မော်သီး၊ရွှေရင်အေး၊လက်ဖက်ရည်၊လက်ဖက်သုပ် စတဲ့
လှူဖွယ်ပစ္စည်းတွေကပ်လှူပြီး စနေဂြိုဟ်မင်းနှင့် စနေသားသမီးတွေကိုမေတ္တာပို့ရမည်။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 

Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *