loading

လက်ဝါးပြင်နှင့် လက်ချောင်းများရဲ့ ဆက်စပ်မှုများ

  • Home
  • Blog
  • လက်ဝါးပြင်နှင့် လက်ချောင်းများရဲ့ ဆက်စပ်မှုများ

၁။
လက်ဖဝါးတို + လက်ချောင်းတို ကို
ပထဝီလက်လို့ခေါ်ပါတယ်။
စိတ်ကူးယဉ်တာ ၊စဉ်းစားတာအားနည်းတဲ့သူမျိုးပါပဲ။အရာရာတိုင်းကိုလက်တွေ့ လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်။ လုပ်လိုက်တာကအရင် စဉ်းစားတာကနောက်မှဆိုတဲ့ သူမျိုးတွေပါ။
အနုစိပ် အသေးစိပ်လုပ်ရတာမျိုးကိုစိတ်မဝင်စားပါဘူး။ သူတစ်ပါးလုပ်တာစိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်လုပ်ရမှကျေနပ်ခြင်းတွေက
အရွယ်လွန်သည်အထိ အလုပ်နဲ့မပြတ်လုပ်ရတတ်ပါတယ်။နေရာတကာစဉ်းစားမှု အားနည်းခြင်း၊ တွေးခေါ်အမြော်အမြင်နည်းပါးခြင်းတွေက ဘဝမှာ အခက်အခဲများတာ အမှားများတာမျိုးဖြစ်စေပါလိမ့်မယ်။
ချင့်ချိန်နိုင်၊ ဆင်ခြင်နိုင်ကာမှ ဘဝမှာ အောင်မြင်ပါလိမ့်မယ်။
၂ ။
လက်ဖဝါးရှည် +လက်ချောင်းတို ကို
တေဇောလက်လို့ခေါ်ပါတယ်။
စိတ်မြန်လက်မြန်တဲ့သူပါပဲ။ အမြဲတမ်းသွက်လက် ထက်မြက်သူတွေပါ။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ နှေးတာမကြိုက်
အလွန်မြန်ဆန် ချင်သူများ ဖြစ်ပါတယ်။ထိုသူတွေအောက်မှာ တာဝန်ထမ်းဆောင်ရတဲ့ သူတွေကတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်လဲ အချောင်မခိုတတ်သလို အောက်လက်ငယ်သားကိုလဲ နားနေတာ ၊
နှေးကွေးစွာလုပ်နေတာမြင်ရင်မကြိုက်တဲ့သူမျိုးတွေပါ။ဖြစ်သင့်တာကိုမကြည့် ဖြစ်ချင်တာကိုဦးစားပေး
တတ်သောကြောင့် တယူသန်သမားတွေလို့ ခေါ်လဲမမှားပါဘူး။ လဲရင်ပြန်ထမယ်၊ ဇွဲရှိမယ်ဆိုရင်
အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။
၃။
လက်ဖဝါးရှည် + လက်ချောင်းရှည်ကို
အာပေါလက်လို့ခေါ်ပါတယ်။
စိတ်ကူးယဉ်တတ်သူတွေပါ။
မိသားစုအပေါ် သံယောဇဉ်ကြီးတတ်သူများလဲ ဖြစ်
နေကြပြန်တယ်။
အလုပ်တစ်ခု လုပ်တဲ့အခါ အသေးစိပ် လိုက်ပြီး
စဉ်းစား လုပ်တတ်သူ ဖြစ်ပါတယ်။ အနုစိပ်အသေးစိပ်လုပ်ရမဲ့အလုပ်၊ လက်ဝင်တဲ့အလုပ်မျိုးတွေကို စိတ်ရှည်စွာ လုပ်နိုင်သူပါ။ ဒေါသနည်းတယ်။ ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်သူပါ။
လေထဲတိုက်အိမ်ဆောက်ပြီး လက်တွေ့ပိုင်းအားနည်းသာကြောင့် တခါတရံ ကြီးမား
တဲ့ အခက်အခဲနဲ့တွေ့ရတတ်တယ်။
စိတ်ကူးကောင်းတွေကို လက်တွေ့အကောင်အထည်ဖော်ရင်ဖြင့် အောင်မြင်မှုကိုလှမ်းကိုင်နိုင်ပါလိမ့်မယ်။
၄ ။
လက်ဖဝါးတို + လက်ချောင်းရှည် က ဝါယော
လက်လို့ခေါ်ပါတယ်။
စည်းကမ်းကြီး ၊ရည်ရွယ်ချက်ကြီးကြပါတယ်။ ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူတွေပါ။
အလုပ်တစ်ခုကို စနစ်တကျ လုပ်တတ်သော
ကြောင့် အတတ်ပညာရှင် အသိပညာရှင်များ
အဖြစ် ထင်ပေါ်လာတတ်တယ်။ ဘယ်နေရာရောက်ရောက် ခေါင်းဆောင်ရသူ၊ဦးဆောင်ဦးရွက်ပြုရသူ
ူဖြစ်လွယ်ပါတယ်။ သူတစ်ပါးစိတ်ကိုနားလည်
ပေးနိုင်ကြပါတယ်။ အတ္တဟိတထက် ပရဟိတကို ဦးစားပေးတတ်သောကြောင့်မိသားစုတာဝန်လစ်ဟင်းရတတ်ပါတယ်။ ချမ်းသာမှုထက် ဂုဏ်သိက္ခာကိုအလေးပေးတဲ့သူပါ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *