၇ ရက်သားသမီးများ
လာဘ်လာဘတွေပွင့်လန်းလာစေဖို့……
အဆိုးလောကဓံတွေရဲ့ရိုက်ခတ်မှု နည်းစေဖို့…….
စိတ်ချမ်းသာပြီး မကြောင်းမကျနေရဖို့……
အဂၤဝိဇၨာပညာလာ
လာဘအရပ်မှာလာဘ်ပန်းဆင်တဲ့၊ပညာခန်း
အကြောင်းဖော်ပြလိုက်ပါသည်။
ဧည့်ခန်းတွေ၊အလုပ်စားပွဲတွေ ၊Receptionတွေ အိပ်ခန်းတွေမှာ အလှပန်းအိုးထိုးသလိုမျိုးပေါ့။ လာဘ်ပန်းဆင်တာဖြစ်တဲ့အတွက်နေ့သားအလိုက် အရပ်မျက်နှာတွေ၊ထိုးရမဲ့ပန်းတွေ၊ပန်းအရေအတွက်တွေတော့ ကွဲပြားသွားမှာပါ။
၇ရက်သားသမီးအကုန်လုံး လုပ်ဆောင်နိုင်ပြီးလာဘ်လာဘတွေ
ပွင့်လန်းလာပါလိမ့်မယ်။
၇ရက်သားသမီးအကုန်လုံးလုပ်နိုင်ပေမဲ့ မွေးနေ့နဲ့ နာမည်နဲ့ မကိုက်သူတွေကတော့ နာမည်ရဲ့အရင်းစာလုံးနေ့နံကိုပဲ အတည်ပြုဓာတ်ဆင်ရမှာပါ။
ဥပမာ နာမည်က “အောင်ကျော်” ပေးထားပြီး မွေးနေ့က သောကြာဖြစ်နေရင် သောကြာသားသမီးလို့ မယူရဘဲ “အ”နဲ့စတင်မှည့်ခေါ်ထားတဲ့အတွက် တနင်္ဂနွေသားသမီးအဖြစ်ဓာတ်ဆင်ရပါမည်။
နာမည်က “ဖူးပွင့်ခိုင်” ပေးထားပြီး မွေးနေ့က
စနေဖြစ်နေရင် စနေသားသမီးလို့မယူဘဲ
“ဖ”နဲ့စတင်မှည့်ခေါ်ထားတဲ့အတွက် ကြာသပတေးသားသမီးအဖြစ်ဓာတ်ဆင်ရပါမည်။
နာမည်က “လင်းလင်း” ၊မွေးနေ့ကလဲ ဗုဒ္ဓဟူးဆိုရင်တော့ ဗုဒ္ဓဟူးသားသမီးအဖြစ်ဓာတ်ဆင်ပေါ့ဗျ…..
အကျယ်တော့မပြောတော့ပါဘူး။ ဘယ်အက္ခရာက ဘာနံဆိုတာလောက်တော့ ကောက်ယူတတ်မည်ထင်ပါသည်။
ယခုပညာခန်းကိုစတင် ပြုလုပ်တော့မည်ဆိုရင်
မိမိကအိမ်ထောင်ဦးစီးဆိုပါက
ဧည့်ခန်းတွင် ဓာတ်ပန်းဆင်အသုံးပြုရမည်ဖြစ်ပြီး၊
အိမ်ထောင်ဦးစီးမဟုတ်သူများအတွက်
မိမိ၏အလုပ်စားပွဲ(သို့)မိမိ၏တစ်ကိုယ်တည်း
အိပ်သောအိပ်ခန်းတွင်ပြုလုပ်ရပါမည်။
ထိုလာဘ်ပန်းအစီအရင်အား၊မိမိတို့၏တစ်သက်တာကာလပတ်လုံးထိုးထားနိုင်ပါသည်။ ဘဝတစ်သက်စာ ပြုလုပ်နိုင်ပါတယ်။
ကဲစပါပြီဗျာ…..
တနင်္ဂနွေသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊..မြောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊သပြေညွန့်၂၁ညွန့်အား၊ဝေဝေဆာဆာဖြစ်စေရန် ၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊
တင်ရမည့်အချိန်မှာ(အင်္ဂါနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
တနင်္လာသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏
အနောက်တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊နှင်းဆီအနီရ ပွင့်ကို၊ဝေဝေဆာဆာဖြစ်စေရန်၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(ဗုဒ္ဓဟူးနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
အင်္ဂါသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အရှေ့မြောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊အုန်း ၆ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(ကြာသပတေးနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အရှေ့အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ကံ့ကော် ၁၅ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(သောကြာ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
ရာဟုသားသမီးများအနေဖြင့်ဤဗုဒ္ဓဟူးသားသမီးများကဲ့သို့ပြုလုပ်နိုင်ပါသည်။
ကြာသပတေးသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏ အရှေ့
တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ဇော်စိမ်း ၈ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ(စနေနေ့ နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
သောကြာသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.တောင်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊ရွက်လှ ၁၇ ညွန့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(တနင်္ဂနွေနေ့နံံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
စနေသားသမီးများ
မိမိအိပ်ခန်း၊အလုပ်ခန်း၊ဧည့်ခန်းတို့၏၊.အနောက်အရပ်တွင်၊ပန်းအိုးလှလှလေးတစ်လုံးထဲသို့၊မေမြို့ပန်း ၅ပွင့်ကို၊ဝေဝေဆာဆာဖြစ်စေရန်
၊ရေထည့်၍၊စားပွဲ(သို့)ခုံမြင့်မြင့်တစ်လုံးပေါ်တွင်တင်ထားရပါမည်၊တင်ရမည့်အချိန်မှာ
(တနင်္လာနေ့နံနက် ၁ဝနာရီခွဲမှ၁၂ နာရီအတွင်းဖြစ်ပါသည်)၊
မည်သည့်ပုဂ္ဂိုလ်ကိုမှတင်လှုပူဇော်ခြင်းမဟုတ်သောကြောင့်ရှိခိုးရန်မလိုပါ။
မှတ်ချက်
ပန်းများ၊အညွန့်များညှိုးခြောက်သွားပါက၊ပန်းထိုးသောနေ့အတိုင်းပြန်လည်ပြုလုပ်ပါ၊ရွက်လှပန်းလို ဇော်စိမ်းပန်းလို ကြာရှည်ခံတဲ့ပန်းတွေကတော့ ရေလဲပေးပေါ့ဗျ။
ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား)အားရိုသေစွာဦးခိုက်ရှစ်ခိုးလျက်
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)