loading

လှိမ့်ဝင် တည်သုံးအဆောင်အကြောင်း

  • Home
  • Blog
  • လှိမ့်ဝင် တည်သုံးအဆောင်အကြောင်း

လှိမ့်ဝင်တည်သုံးစဉ့်အိုးအဆောင်နဲ့
ပက်သက်ပြီးCBကနေ ဓာတ်ပုံလေးရိုက်ပို့ပြီး
မေးကြတာတွေရှိပါတယ်။ ကျွန်တော်အနေနဲ့ လှိမ့်ဝင်တည်သုံးအကြောင်း ရေးမတင်ခဲ့ပါ။
ဒါပေမဲ့ လှိမ့်ဝင်တည်သုံးအကြောင်း မေးကြတာများလာသည်။ ကျွန်တော်လဲ သိသလောက်တော့ ပြန်ဖြေပေးလိုက်တာပါပဲ။ Post တင်ပြီး မရေးတင်တာကလဲ အိုးရောင်းရအောင်လုပ်တာပါလို့
အပြောမခံချင်တာရယ်..
ပညာရပ်တစ်ခုကိုထဲထဲဝင်ဝင်နားမလည်ဘဲ “ကိုယ်လုပ်မှကိုယ်ရတာပါ” လို့ဘေးထိုင်ဘုပြောမဲ့သူတွေ ကြောင့်ပါ။
လှိမ့်ဝင်တည်သုံးအကြောင်းမေးကြသူတွေအနေနဲ့ ဘာတွေအဓိကမေးကြလဲဆိုရင်…..
၁။ဘယ်လိုအကျိုးတွေထူးလဲ….?
၂။အိမ်မှာပဲ ဆောင်ရတာလား ဆိုင်ခန်း အလုပ်ရုံမှာရော ဆောင်လို့ရလား…..?
၃။လှိမ့်ဝင်တည်သုံးအဆောင်ကို ဘယ်သူစအသုံးပြုခဲ့လဲ…? (အဆောင်ရဲ့သမိုင်းကြောင်း)
၄။ ဆောင်ခါစတော့ လာဘ်ဝင်ပြီး
နောက်ပုံမှန်ပြန်ဖြစ်သွားတာဘာဖြစ်လို့လဲ..?
၅။ဘယ်လိုဆောင်ရလဲ….?
အထက်ပါအချက်တွေမေးတာအများဆုံးပါ။ ကျွန်တော်အနေနဲ့ ဒီလှိမ့်ဝင်တည်သုံးအဆောင်ကို လွန်ခဲ့သော သုံးနှစ်ကတည်းကစတင်သိမိကြားမိခဲ့သည်။
ဂဃဏနတော့သိခဲ့သည်မဟုတ် ။ တဆင့်စကားတဆင့်နားဖြင့်သာသိခဲ့သည်။ ပထမတော့ မိမိကိုယ်တိုင်စလုပ်ကြည့်သည်။
ငွေအထူးဝင်တာသတိထားမိတယ်။ အဲဒီကနေတဆင့် အခြားလူတွေစတင်ပေးမိသည်။ အဆောင်လေးစွမ်းကြောင်းသတိထားမိသည်။ နည်းမှန် စနစ်မှန်လုပ်တတ်ရင်ပိုစွမ်းလေဖြစ်သည်။ မိမိအနေနဲ့ အသိမိတ်ဆွေတွေတွေ၊ ရင်နှီးသူတွေကိုတော့
ထိုလှိမ့်ဝင်တည်သုံးအဆောင်လေး ပေးဖြစ်တယ်။
online ကနေတော့ မပေးဖြစ်ခဲ့ပါ။
အခုတော့ Online ကဗေဒင်ပရိတ်သတ်တွေအတွက် သေချာစွာပြန်ဖြေထားပါတယ်ဗျ။စတင်ဆောင်မဲ့သူတွေလဲအဆင်ပြေအောင်ပေါ့
*************************************
၁။ဘယ်လိုအကျိုးတွေထူးလဲ….?
ထိုမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ မိမိအတွေ့အကြုံကတော့ ငွေအရမ်းဝင်တာပါပဲ။ ဆိုင်တွေဆိုလူအရမ်းဝင်သည်။
အလုပ်တွေအောင်မြင်တယ်။
လက်ဖက်ရည်ဆိုင် ၊ ထမင်းဆိုင် ၊ဆေးဆိုင် ၊အလှပြင်ဆိုင် ကျူ ရှင ်အကုန်လုံးဆောင်ထားပါ။ လူဝင်လိမ့်မယ်။ ဝန်ထမ်းဆို လစာအပြင်အခြားပိုဝင်ငွေရတဲ့အလုပ်တွေရလာတတ်တယ်။ အကြွေးလည်ပင်းမြုပ်နေသူတွေအကြွေးတစ်ပြားမကျန်ဆပ်နိုင်သွားတယ်။
ပုံမှန်ထက်ငွေပိုဝင်တယ်။ အတိတ်ကံအားကောင်းသူဆို ငွေအစုလိုက်ဝင်တယ်။
ကိုယ်ပိုင်လုပ်ငန်းသမားတွေကတော့ လုပ်ငန်းတိုးတတ်မယ်။ အရောင်းအဝယ်ကောင်းမယ်ပေါ့။စီးပွားတွေချဲ့နိုင်လာမယ်ပေါ့။
( နီးစပ်ရာအိုးဆိုင်တွေထိသွားပြီး ဒီလှိမ့်ဝင်တည်သုံးနဲ့ပက်သက်တဲ့အကြောင်းအရာတွေ၊ဝယ်သွားသူတွေရဲ့ ပြန်ပြောပြတဲ့အကျိုးထူးပုံတွေလက်တွေ့သာဓကတွေအများကြီးပါ။ )
———————————————————-
၂။အိမ်မှာပဲ ဆောင်ရတာလား ဆိုင်ခန်း အလုပ်ရုံမှာ ရော ဆောင်လို့ရလား…..?
မိမိက လခစားဝန်ထမ်း၊ကုမ္ပဏီဝန်ထမ်း ၊အစိုးရဝန်းထမ်းဆို မိမိနေထိုင်ရာ အိမ်၊လိုင်းခန်း၊ဝန်ထမ်းအိမ်ရာတွေမှာ ဆောင်ထားလို့ရတယ်။
မိမိကကိုယ်ပိုင်လုပ်ငန်းလုပ်သူဆို မိမိဆိုင် မိမိအလုပ်ရုံမှာ ဆောင်ထားတာပိုသင့်တော်ပါတယ်ဗျ။
———————————————————
၃။လှိမ့်ဝင်တည်သုံးအဆောင်ကို ဘယ်သူစအသုံးပြုခဲ့လဲ…? (အဆောင်ရဲ့သမိုင်းကြောင်း)
အမှန်အတိုင်းပြောရရင်တော့ လှိမ့်ဝင်တည်သုံးရဲ့သမိုင်းကိုအရင်ကမသိပါ။ ဘယ်သူစတင်စီရင်ခဲ့တယ်ဆိုတာလဲမသိပါ။သေသေချာရှင်းပြနိုင်သူလဲ မတွေ့ခဲ့ဘူးပေါ့။မိမိအနေနဲ့ ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပြီးအောင်မြင်မှုတွေရှိလို့သာဆောင်ဖို့အကြံပေးခဲ့တာပါ။
လက်ဆန်းဗေဒင်နဲ့တွက်ချက်ကြည့်ပြီး နဝင်းအား ဆပွတ်အားတွေသုံးထားတယ်ဆိုတာ ဗေဒင်တီးခေါက်မိတဲ့သူတွေဆိုသိပါလိမ့်မယ်။
ဒါကြောင့်လဲသုံးခဲ့တာပါ။
ဒီသမိုင်းကြောင်းကို စသိတာကတော့ ဆရာဝင်မင်းအောင် (ပဲခူး) ဆီကနေစသိတာပါ။ ဆရာကအခုမှထွက်ထားပြီး သူရောင်းပေးနေတဲ့ “ဆရာစိုးရဲထက်(အောင်ပန်း)ရဲ့ ဟိတ်ယတြာစာအုပ်လေးပေးပါတယ်။ ထိုစာအုပ်လေးထဲမှာ လှိမ့်ဝင်တည်သုံးရဲ့ သမိုင်းကြောင်းလေးပါပါတယ်။ ဒီလှိမ့်ဝင်တည်သုံးနဲ့ပက်သက်ပြီး ဆရာစိုးရဲထက်နဲ့လဲ စကားတွေအများကြီးပြောဖြစ်ပါသေးတယ်။ကြာပါပြီ… ထားပါတော့…
ဒီလှိမ့်ဝင်တည်သုံး အစီအရင်ကိုစတင်အသုံးပြုခဲ့တာက ဘိုးတော်အောင်မင်းခေါင်ပါ။ အချိန်ကာလအနေနဲ့ အဘအောင်မင်းခေါင် ကချင်ပြည်နယ်သစ်တောထဲ တရားကျင့်နေချိန်မှာပါ။ ၁၉၂၀-၁၉၄၁ ဝန်ကျင်းကာလအတွင်းလို့သိရပါတယ်။ နှစ်အတိအကျမသိပါ။ အဘ ကောလင်းမြို့ရောက်တဲ့အချိန်မှာအရမ်းချို့တဲ့ပြီး ဆင်းရဲရှာတဲ့သူတစ်ယောက်ကို သူကိုယ်တိုင်စျေးကစဉ့်အိုးနှစ်လုံး စျေးကဝယ်လာပြီးစီရင်ပေးခဲ့တာပါ။ စဉ့်အိုးတစ်လုံးကို ဆီထည ့်ပြီးအိမ်အောက်ထပ်ကွပ်ပျစ်နားမှာထားခိုင်းထားပါတယ်။
နောက်စဉ့်အိုးတစ်လုံးကို ငွေအကြွေစေ့တွေထဲထည့်ခိုင်းပြီးအိမ်အပေါ်ထပ်ဘုရားခန်းမှာတည်ထားခိုင်း ပါတယ်။
အဲလိုငွေအိုးတစ်လုံး ၊ဆီအိုးတစ်လုံးလှိမ့်ဝင်လာ
ပြီးကတည်းကထိုလူဟာ အလုပ်အကိုင်စီးပွားရေးအဆင်ပြေပြီးလူလတ်တန်းစားတစ်ယောက်အထိ နေထိုင်နိုင်ခဲ့တယ်။
ထိုသူအားအဘအောင်မင်းခေါင်က “မောင်ချမ်းသာရေ မင်းကိုကြီးပွားတိုးတတ်အောင်လိမ့်ဝင်ပေးခဲ့ပြီးပြီ…မင်းအလေအလွင့်မရှိအောင်တည်သုံးပေတော”့ဟုပြောခဲ့လေသည်။
ခေတ်ရေစီးကြောင်းအရအခုကတော့ အကြွေစေ့အစားရော၊ဆီအစားပါ ငွေစက္ကူ တွေပဲစဉ့်အိုးထဲ
ထည့်ကြတော့သည်။
၄။ ဆောင်ခါစတော့ လာဘ်ဝင်ပြီး နောက်ပုံမှန်ပြန်ဖြစ်သွားတာဘာဖြစ်လို့လဲ….?
အမှန်အတိုင်းပြောရရင်တော့အဆောင်တွေကိုအသက်ဝင်အောင်လုပ်ဖို့လိုတာပါ။ ဘယ်အဆောင်ပဲဖြစ်ဖြစ်အသက်မဝင်ရင်မစွမ်းပါ။
ဥပမာပေးရရင်
ဆောင်းတွင်းမီးလှုံဖူးကြမှာပါ။ ထည့်ထားတဲ့ထင်းကုန်သွားရင် မီးညွှန့်နည်းသွားမယ်။ အပူလျော့လာသလိုပေါ့။ ထင်းထပ်ထည့်မှ မီးအားကောင်းလာမယ်။ပြန်ပူနွေးလာမှာပါ။ ဒါကြောင့်အဆောင်တွေကိုအမြဲ
အသက်ဝင်နေအောင် ပူနွေးနေအောင်အမြဲလုပ်ရပါတယ်။ အသက်ဝင်အောင်လုပ်နည်းလေးကို ဘယ်လိုဆောင်ရမလဲဆိုတဲ့အပိုင်းမှာ တစ်ခါထဲပြောပေးမှာပါ။
၅။ဘယ်လိုဆောင်ရလဲ….?
* ပထမဦးစွာ လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတစ်စုံဝယ်လိုက်ပါ။ ပြီးရင်နွားနို့(သို့)ဆားကိုအရည်ဖော်ပြီးဆေးကြောသန့်စင်လိုက်ပါ။
*မိမိမွေးနေ့နံနက် ၉း၄၅မိနစ်တိတိမှာ လှိမ့်ဝင်စဉ့်အိုးလေးအား အိမ်ဘက် ဆိုင်ဘက်ကိုလိမ့်ဝင်နေတဲ့အနေအထားလေးထားပြီးစဉ့်အိုးလေးထဲ ငွေစက္ကူ လေးကတော့ထိုးပြီးထည့်ပါ။ ထိုလှိမ့်ဝင်စဉ့်အိုးလေးအား အိမ်ရှေ့ ဆိုင်ရှေ့အဝင်အဝမျက်နှာသာနေရာမှာထားပေးပါ။
*တဆက်တည်းမှာပဲ တည်သုံးစဉ့်အိုးလေးအား အိမ်ထဲကအမြင့်တစ်နေရာ/ ဆိုင်ထဲကအမြင့်တစ်နေရာမှာထားပေးပါ။ တည်သုံးစဉ့်အိုးလေးထဲ ငွေစက္ကူလေးတစ်ရွက်ကတော့ထိုးပြီးထည့်ပါ။ငွေစက္ကူကဘယ်လောက်တန်ဖြစ်ဖြစ်ရပါတယ်။ထိုနောက်လှိမ့်ဝင်တည်သုံးနှစ်ခုစလုံးကို နံ့သာဖြူ အရည်၊ကရမက်အရည်ဆွတ်ပေးပါ။ထိုသို့စီရင်နေစဉ်ငွေရဂါထာတစ်ခုခုရွတ်နေရင်ပိုကောင်းပါတယ်။
(အချို့က တည်သုံးစဉ့်အိုးလေးအား ဂဟပတိအရပ်မျက်နှာဘက်လှည့်ခိုင်းကြသည်။ကျွန်တော်ကတော့
စဉ့်အိုးလေးကို အိမ်အဝင်ဘက် ၊ဆိုင်အဝင်ဘက်မျက်နှာလှည့်ထားရင် ရပါပြီလို့ပြောချင်ပါတယ်)
“အဆောင်လေးအသက်ဝင်ပြီး
လာဘ်အမြဲဝင်အောင်”
*ပထမဦးစွာ လှိမ့်ဝင်တည်သုံးစဉ့်အိုးလေးတွေကို တစ်ပတ်တခါ
ရေသဘတ်လေးတိုက်ပေးပါ။
*နံ့သာဖြူ အရည်၊ကရမက်အရည်တို့ဖြင့် အနည်းဆုံးတစ်ပတ်တစ်ခါ
ဖြန်းပေးပါ။
*ပထမဦးစွာ မနက်စောစော
စျေးဦးပေါက်ရတဲ့ငွေပဲဖြစ်ဖြစ်၊အခြားဝန်ထမ်းတွေဆို
မိမိတစ်နေ့တာသုံးမဲ့ကိုယ်ပိုင်ငွေထဲကပဲဖြစ်ဖြစ်၊တစ်ရာတန်သည် နှစ်ရာတန်သည် (တတ်နိုင်သ၍)
လှိမ့်ဝင်အိုးလေးထဲထည့်ပါ။ ပြီးရင်နေ့တိုင်းထိုငွေလေးနဲ့ဒါနတစ်ခုနေ့စဉ်ပြုပါ။ အလှူ ခံလာရင်အလှူ ငွေထည့်ဝင်တာမျိုးပဲဖြစ်ဖြစ်၊ မုန့်ဝယ်ပြီး ခွေးလေးတွေ ငှက်လေးတွေကျွေးတာပဲဖြစ်ဖြစ်ပေါ့။ စတင်ဆောင်စဉ်ကထည့်ထားသော ငွေကိုတော့မသုံးပါနှင့်။
*နေစဉ်လှူ ဖို့အဆင်မပြေတဲ့သူတွေကတော့ အိမ်ထဲက တည်သုံးအိုးလေးအောက်မှာ တစ်နေ့တတ်နိုင်သလောက်လှူ ဖို့ရည်ရွယ်ပြီးစုပါ။တစ်လလောက်နေရင်စုထားတဲ့ငွေလေးကိုအလှူ တစ်ခုလုပ်ပါ။ထိုအတိုင်းသာလုပ်ပေးပါ။ အမြဲတမ်းလှိမ့်ဝင်တည်သုံးလေးကအစွမ်းထက်နေမှာပါ။
ဒီလောက်ဆိုလှိမ့်ဝင်တည်သုံးအဆောင်နဲ့ပက်သက်ပြီး စီရင်
တတ်ပြီးလို့ထင်ပါတယ်။ မရှင်းတာရှိက cbကနေမေးပါ။
ငြိမ်းအေးလူ (ဗေဒ်သုတေသီ)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *