loading

“ဝါတွင်းကာလ အဓိဋ္ဌာန်”

  • Home
  • Blog
  • “ဝါတွင်းကာလ အဓိဋ္ဌာန်”

ဝါတွင်းကာလ…မနက်ဖြန်ဆိုရောက်ပြီ။
ဝါတွင်း၃လအတွင်း ဗုဒ္ဓဘာသာတွေပြီပြီ သီလဆောက်တည်ကြသည်။ တရားဘာဝနာပွားများကြသည်။ ကျင့်စဉ်တွေအဓိဋ္ဌာန်တွေဝင်ကြသည်။
အဓိဋ္ဌာန်တစ်ခု ၊ကျင့်စဉ်တစ်ခု ဖြည့်ကျင့်မယ်လို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ပထမလုပ်ရတာကပရိကံပါပဲ။ပရိကံကခိုင်မာဖို့လိုသည်။ ထိုပရိကံခိုင်မာမှုအလျောက်အကျိုးပေးမှုတွေကွာသွားသည်။
ဝါတွင်းသုံးလ ပဋ္ဌာန်းဒေသနာတော်တစ်နေ့တစ်ခေါက်ပူဇော်မယ်ဆိုတာမျိုးပဲဖြစ်ဖြစ်၊ သုံးလတိတိသတ်သတ်လွတ်စားမယ်လို့ရည်ရွယ်သည်ပဲဖြစ်ဖြစ်၊ ဘုရားဂုဏ်တော်ပဲပွားများပွားများ၊ပရိတ်ကြီး၁၁သုတ်ပဲနေ့စဉ်ရွတ်ရွတ်ကောင်းသည်သာ။
မိမိသန်ရာသန်ရာ ရွတ်ဆိုပူဇော်ကြတာ ၊အကျင့်သီလစောင့်ထိန်းကြတာ ၊သမထ ဘာဝနာပွားများကြတာ ကောင်းသည့်အလုပ်ပင်မဟုတ်ပါလား ။
ကိုယ်ကပဋ္ဌာန်းနေ့စဉ်ရွတ်မည်ဆိုကြပါစို့ ။ ပထမဦးစွာ ဘုရားရှင်ကိုတိုင်တည်ပေါ့။ ယနေ့မှစ၍ ဝါတွင်းသုံးလ ပဋ္ဌာန်းပစ္စယနိဒ္ဒေသောဒေသနာကို နေ့စဉ်တစ်ခေါက်တစ်ကြိမ်နေ့တိုင်းရွတ်ဆိုပူဇော်ပါမည်”
ပူဇော်ရခြင်းအကျိုးကြောင့်ဆိုပြီး နိဗ္ဗာန်ဆုအရင်းတောင်းပါ။ ပြီးမှ လောကီဆုတောင်းပေါ့။ နေ့စဉ်ဆိုတဲ့အတိုင်းရက်မပြတ်စေနဲ့ပေါ့။
ဂုဏ်တော်ပွားမယ်ဆိုလဲ ဒီဝါတွင်းကာလအတွင်း
ဘုရားဂုဏ်တော်တွေအားအကြိမ်ရေတစ်သောင်း ပွားများပါမည်….စသည့်ဖြင့်အဓိဋ္ဌာန်ပြီး ပုတီးနဲ့နေစဉ်မပြတ်ရွတ်ဆိုပေါ့ဗျာ
ဘုရားဂုဏ်တော်တွေပွားများတဲ့အခါ အနက်အဓိပါ္ပယ်သိအောင်လေ့လာပြီးမှရွတ်ဆိုပွားများရင်ပိုအကျိုးထူးတာပေါ့။နေ့စဉ်ရွတ်ဆိုဖို့တော့ လိုအပ်တာပေါ့။
ကျွန်တော်ဆီကို ဘာဂုဏ်တော်ရွတ်ရမလဲ ၊ဘယ်ဂါထာပွားများရမလဲလို့မေးကြသူတွေအနေနဲ့လဲ
မိမိကြိုက်ရာသန်ရာ ပွားများကြပါ။ အစွဲမထားစေလိုပါ။
ကျွန်တော်ကြိုက်ရာ အားသန်ရာ ဂါထာကိုပြောပြပါဆိုရင်တော့ ပထမံ ဂါထာကိုပဲပြောရမှာပါပဲ။ အကျိုးထူးမှုက အံ့မခန်းပင် ။ မိမိအဓိဋ္ဌာန်တာတွေ လွန်စွာပြည့်ဝစေသည်။ ကျွန်တော်အနေနဲ့ ဗေဒင်နဲ့ပက်သက်ပြီး ပညာတွေတိုးဖို့ ရည်ရွယ်အဓိဋ္ဌာန်ခဲ့ဖူးသည်။ အောင်မြင်သည်။ ကူညီမဲ့သူ သင်ပေးမဲ့ဆရာတွေပေါ်လာသည်။ လိုချင်တဲ့ပညာတွေမပင်ပန်းဘဲရသည်။ ဒီဂါထာကိုပဲ လူတော်တော်များများကို အဓိဋ္ဌာန်နဲ့ရွတ်ဖို့ပေးခဲ့သည်။ အောင်မြင်သည်သာ။
အကြွေးကိစ္စ ၊အမွေကိစ္စ၊ လုပ်ငန်းစီးပွားကိစ္စ ၊ ငွေကြေးလာဘ်ရွှင်ဖို့ကိစ္စ၊ အိုးအိမ် ပိုင်ဆိုင်လိုမှုကိစ္စ စသည်ဖြင့် မိမိဆန္ဒရှိရာ ဆုတောင်းအဓိဋ္ဌာန်ကြည့်ပါ။ ကောင်းသော တစ်ပါးသူမထိခိုက်စေသော ကိစ္စသာဖြစ်ပါစေ .. အောင်မြင်သွားကြသည်သာ…..။
မိမိဆန္ဒ အကြီးအသေးပေါ်မူတည်ပြီး တစ်လအတွင်း၊ သုံးလအတွင်း ၊ခြောက်လအတွင်း တစ်နှစ်အတွင်းအသီးသီးပြေလည်သွားကြသည်။
ဂါထာကိုစတင်ရွတ်ဆိုမည်ဆိုပါက ပရိကံအရင်ပြုရမည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပါ။ ဘုရားဆောင်ရှေ့တွင်ဆီးမီး၊ရေချမ်း၊အမွှေးနံသာကပ်လှူလိုက်ပါ။ ထို့နောက်……
“ဘုရားတပည့်တော် ( )နေ့သားသမီးသည် ယနေ့( )ရက်မှ ( )အထိ ဘရားရှင်၏အမြတ်ဆုံးဂုဏ်တော်ကိုရည်မှန်းကာ ပထမံဂါထာတော်ကြီးကို အကြိမ်ရေ ( ) တိတိရွတ်ဆိုပါမည်။ နေ့စဉ် ( )ခေါက်ရွတ်ဆိုပါမည်။ ရွတ်ဆိုနေစဉ် ငါးပါးသီလထဲက ( )သီလကိုလုံခြုံစွာစောင့်ထိန်းပါ့မည်။ ဤ ဂါထာတော်ကြီးကိုပြည့်မီအောင်ရွတ်ဆိုပြီးပါက မည်သည့်ကိစ္စအောင်မြင်ခြင်းဖြစ်ပါစေသား” အစရှိသည်ဖြင့် အဓိဋ္ဌာန်ပါ။ ကျွန်တော်ကတော့ နေ့စဉ်ပုတီးတစ်ပတ်(၁၀၈)ခေါက်အနည်းဆုံးရွတ်စေချင်သည်။
ဒီဂါထာဟာ ပူဇော်ဖိအဘိဓမ္မတ္ထသင်္ဂဟအဖွင့်သခေပဝဏ္ဏနာဋီကာ(၂၉၆)လာဂါထာတော်လဲ
ဖြစ်ပါသည်။
ရွှေတောင်မြို့၊ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးကဋီကာလာအရာရာသိဒ္ဓိပေါက်အဆောင်ဂါထာလို့ဆိုထားခဲ့ဖူးပါသည်၊
ပထမံဦးအောင်အမြဲရွတ်ပွားသောဂါထာလို့လည်း
ဆိုကြပါသည်၊ထို့အပြင် ဤပထမံဂါထာကို
သစ္စာအနက်ဆယ့်ခြောက်ချက်ဂါထာလို့လည်းခေါ်
ဝေါ်မှုလည်းရှိပါသည်။
ဂါထာ၏ပါဠိအဓိပ္ပါယ်ကိုအရင်ရေးသားဖော်ပြပါမယ်၊
ပထမံဂါထာ
ပထမံ သက လကၡဏ ေမကပဒံ၊
ဒုတိယာဒိ ပဒႆ နိဒႆ နေတာ
သ-မ-နိ ဒု-နိ-မာ၊ သ-မ-ဒူ သ-နိ-ဒူ၊
ကမေတာ ဝိဘေဇ ပထေမန ဝိနာ။ ။
ပထမံဂါထာ(သို့)သစ္စာအနက် ၁၆ ချက် ဂါထာတော်၏
အနက်အဓိပါ္ပယ်
ပထမံ-ရှေးဦးစွာသော၊မေကပဒံ-တစ်ခုသောအနက်သည်၊သကလက္ခဏံ-မိမိ၏မူလသဘောလက္ခဏာဖြစ်သောအနက်သည်၊ဟောတိ-ဖြစ်၏၊
ဒုတိယာဒိ ပဒႆ – ဒုတိယအနက္မွ
စ၍ကျန်သုံးပါးသောအနက်တို့သည်၊သ-မ-နိ-ဒုက္ခသစ္စာ၌သမုဒယ၊မဂ္ဂ၊နိရောဓသစ္စာတို့ကိုလည်းကောင်း၊
ဒု-နိ-မာ-သမုဒယသစ္စာ၌ဒုက္ခ၊နိရောဓ၊မဂ္ဂသစ္စာတို့ကိုလည်းကောင်း၊သ-မ-ဒူ-နိရောဓသစ္စာ၌သမု
ဒယ၊မဂ္ဂ၊ဒုက္ခသစ္စာတို့ကိုလည်း
ကောင်း၊သ-နိ-ဒူ-မဂ္ဂသစ္စာ၌သမုဒယ၊နိရောဓ၊ဒုက္ခသစ္စာတို့ကိုလည်းကောင်း၊နိဒဿ နတော-ထောက်ထား၍မြင်အပ်သောကြောင့်၊ပဌမေန-ပထမမူလအနက်နှင့်၊ဝိနာ-ကင်းလွတ်၍၊ကမတော-အစဉ်အတိုင်း၊ဝိဘဇ္ဇေ-သိအပ်သောအနက်များတည်း(ဝေဖန်ရာ၏)။
ဒီဂါထာကို ဂါထာဘုရင်ဟုပင်ဆိုကြသည်။ သစ္စာလေးပါးနဲ့ထုံမွှန်းဖွဲ့သီထားသည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ တွင် သစ္စာလေးပါနဲ့ လွတ်သည့်တရားဟူ၍မရှိပေ။ ဒါကြောင့်ပင် ပထမံဂါထာ၏အစွမ်းသည်လဲအံ့မခန်းပင် ။
ဝါတွင်းသုံးလ ရွတ်ဆိုပွားများသူတိုင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝဖို့ရည်သန်လျက်…။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *