အင်္ဂလိပ် မွေးလ ၊ မွေးရက် ၊ မွေးနှစ်တွေကို
တစ်ခုထဲရအောင်ပေါင်းရမှာပါ။
ကိုယ့်အကြောင်းကိုယ်သိ ရတာပေါ့
ဥပမာ။ ။ တွက်မယ့်သူရဲ့ မွေးနေ့က အောက်တိုဘာလ၊ ၈ ရက်နေ့ ၊ ၁၉၅၀ ဆိုရင်
လ + ရက် + နှစ် = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလိုလေး ရိုးရိုးလေး ပေါင်း လိုက်ပါ။
ပြီးတော့ ရလာတဲ့ အဖြေ ၁+၉+၆+၈ = ၂၄
ပြီးတော့ ရလာတဲ့ အဖြေ ၂+၄ = ၆
၆ ဟောကိန်းကြည့်ရမှာပါ။
မွေးနေ့က
ဇွန်လ ၊ ၁၅ ရက် ၊၁၉၈၄ ဆိုပါစို့
၆ + ၁၅ +၁၉၈၄ = ၂၀၀၅ ပေါ့
၂+၀+၀+၅ = ၇ ပေါ့
၇ ဟောကိန်းကြည့်ရမှာပါ။
ဂဏန်းတလုံး ဖြစ်အောင် လုပ်လိုက်တာပါ။ ပြီးရင် အောက်မှာ သူ့ နံပါတ်နဲ့ သက်ဆိုင်တဲ့အဖြေတွေကို ကြည့်လိုက်ရအောင်
ပေါင်းလိုက်တဲ့ ဂဏန်းတစ်လုံးက—–
၁ ဆိုရင် လောကမှာ မရှိသေးသောအရာတွေကို တီထွင် ဖန်တီးသူ
———————————————————————-
၁ ဂဏန်းရသူတွေဟာ မူလဖန်တီးသူတွေပါ။ သူတို့တွေဟာ ဆန်းပြားတဲ့ အတွေးတွေ အိုင်ဒီယာ တွေနဲ့ ပြည့်စုံနေတဲ့သူတွေပါ။ ကိုယ့်ကိုတိုင် စဉ်းစား တွေးခေါ်နိုင်တဲ့အတွက်လည်း ခေါင်းမာပါတယ်၊ မိမိယုံကြည်ချက်ကို လွယ်လွယ်နဲ့ မလျှော့ပါဘူး ဒါကြောင့်လည်း ဘဝမှာ တခါတရံ အောင်မြင် တတ်ပါတယ်။ သူတို့တွေဟာ ရိုးသားပါတယ် ခေါင်းမာတယ်ဆိုသော်ငြား လည်း သူတို့မှာ သူတစ်ပါးသူတိို့ဘက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အချင်း တွေ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလုပ်တွေမှာ
ခေါင်းဆောင် သို့မဟုတ် သဌေး ဖြစ်တတ်ပါတယ်။ သတိထားစရာ အချက် ကတော့ မိမိမှာ စိတ်ကူးစိတ်သန်းကောင်းသော်လည်း လောကမှာ မိမိထက် သာသူတွေ ရှိတတ်စမြဲ ဖြစ်တာကြောင့် ခေါင်းမမာသင့်ဘဲ တခြားသူ အကြံဉာဏ်ကို လက်ခံလျှင် ဘဝမှာ ပိုအောင်မြင်တတ်ပါတယ်။
အောင်မြင်သူ ၁ ဂဏန်းသမားများ – Tom Hanks (Hollywood ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ Robert Redford ( Hollywood ရုပ်ရှင်မင်သား၊ ဒါရိုက်တာ၊စာရေးဆရာ ) Nancy Reagan ( အမေရိကန် သမ္မတ ရောနယ်ရေဂင် ၏ ဇနီး ) စသဖြင့် အများကြီးရှိသေး
၂ ဆိုရင် ငြိမ်းချမ်းရေးသမား
—————————–
၂ သမားတွေက ဗီဇကိုက သံတမန်လို ဖြစ်တယ်။ သူတို့ဟာ တစ်ပါး သူရဲ့ လိုအပ်ချက်တွေ၊ခံစားချက်တွေ ကို အရင်ဆုံး စဉ်းစားသုံးသပ်လေ့ ရှိတယ်၊ သိလည်း သိတယ်။ သူတို့ဟာ တစ်ဦးတည်းနေရတာကို သဘော မကျ ပါဘူး၊ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေ ဟာ သူတို့ အတွက် အလွန် အရေး ကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် သူတို့မှာ သူငယ်ချင်း ကောင်း သို့မဟုတ် ပါရမီဖြည့်ဘက် ကောင်း လိုအပ်ပါတယ်။
အောင်မြင်ကျော်ကြားသူ ၂ ဂဏန်းသမား – အမေရိကန်သမ္မတ Bill Clinton၊ မက်ဒေါနား၊ သောမတ်အက်ဒီဇင်
၃ ဆိုရင် အတွေးအခေါ်ကောင်းသူ
———————————-
၃ တွေက ထိုးထွင်းတဲ့ ဉာဏ်ရှိတယ်။ ဆွဲဆောင်မူကောင်းတယ်၊ romantic ဖြစ်တယ်၊ ပြီးတော့ အေးဆေး သမားတွေပါပဲ။ သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေ အများကြီး ရှိလိမ့်မယ်၊ ချစ်ခင်ဖွယ်ဖြစ်အောင် နေတတ် တဲ့အတွက်လည်း လူချစ်လူခင် များပါတယ်။ သူတို့တွေဟာ သူတစ်ပါး ပျော် အောင်လည်း အမြဲလုပ်တတ်တယ်။ ဒါကြောင့် သူတို့ တွေဟာ နာမည်ကြီးတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများကတော့ – Bill Cosby ( အမေရိကန်ဟာသ ပညာရှင်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ) ၊ Jodi Foster ( ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ )
၄ ဆိုရင် ရှေးရိုးဝါဒီ
——————-
၄ တွေဟာ စဉ်းစားချင့်ချိန်တတ်ပါတယ်။ အသိတရားရှိတယ်၊ ဘယ်အချိန်မှာ ဘယ်ပြောမလဲ ဘယ်လုပ်ရမလဲဆိုတာကို ကောင်းစွာ သဘောပေါက် သူတွေ ဖြစ်တယ်၊ အလိုက်သိတတ်တယ်။ သူတို့ဟာ အရာတခုကို ကောင်းစွာ သဘောပေါက်မှ အဲ့အလုပ်ကို စလုပ်တယ်၊ မပေါက်သေးရင် အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ အဲ့အလုပ်ကို စလုပ် ပါတယ်။ သူတို့ဟာ သဘာဝအလှကို နှစ်သက်သူတွေဖြစ်ရာ ခရီးသွား ခြင်း ကို အထူး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ သူတို့တွေမှာ မဆုတ်မနစ် လုပ်တတ်တဲ့ သဘောသဘာဝ ရှိရာ တခါတရံ အလွန်ခေါင်းမာ တတ် ပါတယ်။ ဇွဲ ရှိတဲ့ အတွက်ကြောင့်လည်း သူတို့ လုပ်ငန်းတွေမှာ အောင်မြင် တတ်ပါတယ်။
အောင်မြင်သူများ – ဗိုလ်ချုပ်အောင်ဆန်း ၊ မာဂရက် သက်ချာ (Margaret Thatcher -ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်) ၊ အာနိုး (Arnold Schwarzenegger)၊Oprah Winfrey (မင်းသမီး၊ အမေရိကန် TV show တွေမှာ အောင်မြင်နေသူ )၊
၅ ဆိုရင် သူများနဲ့ မတူ ထူးခြားသူ
————————————-
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်ပါတယ်။ သူတို့ဟာ ဗီဇကိုက စပ်စုတတ် တယ်၊ ကျရူံးမှာလည်း မကြောက်တတ်ပါဘူး။ အတန်းထဲမှာ ဆိုရင် မေးခွန်း တွေ တခုပြီးတခု သူတို့ ခေါင်းထဲမှာ ထွက်ပေါ်လာတတ် တယ်။ ဉာဏ်ထက်သူဆိုရင်လည်း မမှားပါဘူး။ သူတို့မေးလိုက်တဲ့ မေးခွန်းတွေဟာ ဖြေသူက တော်တော် လေးကို ကျွမ်းကျင်မှ သူတို့ သဘောကျ တဲ့ အဖြေကို ရတတ်တယ်။ သူတို့လေးတွေ သတိထားဖို့ကတော့ အကြောင်းအရာတခုကို အလုံးစုံနားလည်အောင်
ထောင့်ပေါင်းစုံက ချဉ်းကပ်လေ့လာပြီးမှ ကောက်ချက် ချသင့်ပါတယ်၊ မဟုတ်ရင် အမှားတွေ လုပ်မိတတ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင်လည်း သူဟာ အဲ့အတိုင်း လုပ်တတ်လို့ပါ ဒါကြောင့် အရာအားလုံးကိုကောင်းကောင်း လေ့လာစေချင်ပါတယ်။
အောင်မြင်သူများကျော်ကြားသူများ – ဟစ်တလာ၊ မော်စီတုန်း၊ လင်ကွန်း (အမေရိကန် သမ္မတ)၊ Helen Keller
၆ ဆိုရင် စိတ်ကူးယဉ် ဆန်သူ (သို့) သဘာဝအလှတွေ၊ သဘာဝ အဖြစ်အပျက်တွေကို စိတ်ကူးဖြင့် ဖော်နေရာမှာ စိတ်ကူးကောင်းသူ
——————————————————————-
၆ တွေဟာ ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။ မိသားစု စုစုဝေးဝေး နဲ့ နေထိုင်ရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သစ္စာ ရှိသူ ဖြစ်ပြီး သူတစ်ပါး နားလည်သဘောပေါက်အောင်လည်း စွမ်း ဆောင် နိုင်သူ ဖြစ်ရာ ဆရာအလုပ်တွေမှာ အောင်မြင်တတ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို သစ္စာရှိသူဖြစ်ရာ မိမိကိုယ် သစ္စာမဲ့ ပြု လုပ်သွားပါက အငြိုးကြီးစွာဖြင့် တစ်သက်လုံး မခေါ်တတ်ပေ။ သူတို့ဟာ စိ်တ်ကူး စိတ်သန်းကောင်းသဖြင့် တခါတရံ လောကကြီးကို သူတိူ့ ဉာဏ်ပညာဖြင့် ပြောင်းလဲပစ်တတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများ – အိုင်စတိုင်း၊ ကိုလံဘတ်(စ်)၊ Jane Seymour ( အင်္ဂလန် ဘုရင်မ)၊ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ်အောင်ဆန်း ဇနီး)၊ ဦးညီပု (ပထမဆုံး မြန်မာသရုပ်ဆောင်မင်းသား)၊ ဦးကျော်ဟိန်း (ရုပ်ရှင်မင်းသား)
၇ ဆိုရင် ဉာဏ်ထက်မြက်သူ
———————————
၇ တွေဟာ ရှာဖွေရေးသမားလို့ ပြောလို့ မတတ်အောင်ကို အကြောင်းအရာ
တခုပြီးတခု အမြဲတမ်း လေ့လာ ရှာဖွေ နေတတ်သူပါ။ သူတို့ ကို puzzle game တွေ ဆော့ခိုင်းရင် အရင်ဆုံး အဖြေရှာနိုင်သူပါ။ သူတို့ဟာ အလုပ် တခုကို ဘယ်တော့မှ တစွတ်ထိုး မလုပ်ပါဘူး၊ဖြည်းဖြည်းနဲ့
အောင် မြင်အောင် လုပ်ပါတယ်။ သူတို့ဟာ အတွေးအခေါ် ကောင်းသူ တွေ
ဖြစ်ပြီး ဗဟုသုတ လည်း နှံစပ်ပါတယ်။ သူတို့တွေဟာ လျှိ၀ှက်တတ်ပါတယ်။ သူတို့ ဘဝကို သူများတွေ လာစပ်စုတာကို မကြိုက်ပါဘူး။ အမြဲတမ်း လေ့လာ နေသူဖြစ်ရာ ဘာလုပ်လုပ် သူများထက်ကို သာ နေတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူ – ဦးဇာဂနာ၊ ဦးဇော်ဝမ်း ၊ မင်းသမီး ဒိုင်ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy
၈ ဆိုရင် ပြဿနာရပ်ရပ်တွေကို ဖြေရှင်းနိုင်သူ
——————————————-
၈ တွေဟာ ပြဿနာအရပ်ရပ်တွေကို ခေါင်းအေးအေး နဲ့ ဖြေရှင်းနိုင်သူ ဖြစ် ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာတွေလည်း တိကျပြီး အကျိုးရှိတဲ့ ဆုံးဖြတ်ချက် မျိုးတွေ ချတတ်ပါတယ်။ သူတို့ဟာ ဘဝ ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း ချင်သူ တွေဖြစ်ပြီး ထိုသို့ ဖြတ်သန်းဖို့လည်း သူတို့မှာ စနစ်တကျ လုပ်ထား တဲ့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ သူတို့ဟာ လူအများကို ဦးဆောင် နိုင်သူတွေဖြစ်ပြီး လူသားတိုင်းရဲ့ ရည်မှန်းချက်အများစုကို နားလည် သူ ဖြစ်ပါတယ်။ လူသားအများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လိုတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်အောင်လည်း လုပ်ပေးနေတဲ့အတွက် သူတို့ ရဲ့ ဘဝဟာ သူတို့လိုချင်သလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် မိမိ အတွက် နဲ့ တပါးသူ တွေ ရဲ့ အတွက် မျှမျှတတ စဉ်းစားပြီး လုပ်စေလိုပါတယ်။
အောင်မြင်ကျော်ကြားသူ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အပေါ်က ၈ အကြောင်းကို ဘာသာပြန်ရင်း အမေစု ဘယ်ဂဏန်းလဲ သိချင်တာ နဲ့ တွက်ကြည့်တော့ ၈ ဂဏန်း ရတာ တွေ့ရလို့ ဝမ်းနည်းဝမ်းသာ ဖြစ်ရပါတယ်) ၊ ဆရာကြီး ဦးသုခ ၊ Edgar Cayce ( စိတ်ပညာရှင် အနောက်နိုင်ငံမှာ ဘဝကူးတယ်(သံသရာလည်ခြင်း) အဆိုကို လက်တွေ့ မှန်ကြောင်း လုပ်ပြသူ) ၊
၉ ဆိုရင် ဖျော်ဖြေသူ (သို့) ဂရုဏာရှင်
————————
၉ သမားတွေဟာ ဖျော်ဖြေတက်ဆက်တဲ့ဘက်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ဂရုစိုက်တတ်တယ်၊ ကူညီရိုင်းပင်းစိတ်ရှိတယ် နောက်ဆုံး သူ့မှာ ပိုက်ဆံ ၁ ထောင်ပဲ ကျန်လို့ အကူအညီတောင်းလာရင်တောင် သူ့ပိုက်ဆံ ကို သူများဆီ စွန့်ကြဲတတ်တယ်။ သူတို့ဟာ ဘဝမှာ ကံကောင်းတတ်တယ်၊
ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား စရာမလိုဘဲ စိုင်ကော်လို့ ချုံ ပေါ် ရောက် ဆိုသကဲ့သို့ မိမိဘက်မှ ကံတရားက အမြဲပါနေတတ်တယ်။ ကံအရမ်း ကောင်းသူပေ့ါ။
အောင်မြင်ကျော်ကြားသူ – Elvis Presley (ပရက်စလေ ဂန္တဝင်အဆိုတော်) ၊ Jimmy Carter ( အမေရိကန် သမ္မတ) ၊ Harrison Ford ( India Jones ရုပ်ရှင် သရုပ်ဆောင် ) ၊ မာသာထရီဆာ( Mother teresa)
အထူးဟောကိန်းဗေဒင်