loading

“အိမ်ထောင်ရေးနှင့် ပက်သက်၍”

  • Home
  • Blog
  • “အိမ်ထောင်ရေးနှင့် ပက်သက်၍”

သီတင်းကျွတ်ကာလ ဆိုတာနဲ့ အိမ်ထောင်ပြုကြဖို့ မင်္ဂလာရက်ရွေးသူတွေ၊ ဇာတာတိုက်စစ်သူတွေ များလာပါတယ်။
အဲဒီမှာဘာတွေကိုအမြဲရှင်းပြရသလဲဆိုရင်
*သက်ဦးသက်နှောင်း မယူကောင်းဘူးဆိုတဲ့
အယူအဆ
အိမ်တစ်အိမ်မှာ ပထမဆုံးမွေးတဲ့ သား/သမီးဆိုရင် သက်ဦးလို့ခေါ်တယ်။ပထမဆုံးသား/သမီးဆိုတော့အလိုလိုက်ခံရတော့ဗိုလ်ကျတာပေါ့ဗျ
တဖက်ကလည်းအငယ်ဆုံးမှာမွေးလာတော့အိမ်မှာနွဲ့ဆိုးဆိုးပြီးဗိုလ်ကျချ.င် တာပေါ့။
ဗိုလ်နှစ်ဗိုလ်တွေ့ကြတာပေါ့။ဒါကိုသေချာ
သိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြ ပေါ့။ဒီကိစ္စမှာချစ်သူနှစ်ဦးနားလည်ရင်ပြေလည်ပါပြီ…အ ခြေခံအ ကြောင်းရင်းကိုမသိပဲလွဲခဲ့ကြတဲ့ချစ်သူတွေများလွန်းလို့ရှင်းပြရတာ။ဟိုလိုမျိုးကြီးခိုက်တာ မဟုတ်ပါဘူး။
*ဓမ္မာ သောက အင်းဝ ရာဇာ
အိမ်ထောင်ရန်ဘက် ဆိုတဲ့အယူအဆ
စနေ+ကြာသပတေး သောကြာ+တနင်္လာ တနင်္ဂနွေ+ဗုဒ္ဓဟူး ရာဟု + အင်္ဂါ
စတဲ့ နေ့အချင်းချင်းတွေပဲ အိမ်ထောင်ရန် ကျတဲ့ အတွက်ယူတာနဲ့ကွဲကုန်ရောတဲ့လား။
မဆိုင်ပါဘူးဗျ။ အိမ်ထောင်ရန်ဘက်ဖြစ်တိုင်း အိမ်ထောင်ရေးသောကတွေမကြုံနိုင်ပါဘူးဗျ။
* ဘီလူးနက္ခတ်နဲ့ လူနက္ခတ် ယူရင်
ကွဲရင်ကွဲ မကွဲရင်သေတယ်ဆိုတဲ့အယူအဆ
ဘီလူးနက္ခတ်နဲ့ လူနက္ခတ်ယူပြီး အသက်ရှည်ပြီး အိုအောင်မင်းအောင်ပေါင်းသွားကြတဲ့သူတွေအများကြီးပါ။
စနေအချင်းချင်း၊ အင်္ဂါအချင်းချင်းယူရင် အိမ်ပူတယ်ဆိုတဲ့အယူအဆ
အိမ်ပူတဲ့သူတွေ တွေ့ရသလို အိမ်မပူတဲ့သူတွေလဲအများကြီးပါ။ အိမ်ထောင်ရေးငြိမ်းချမ်းပြီး အိမ်ထောင်ရေးသောကကင်းတာလဲအများကြီးတွေ့ရပါတယ်။
ဇာတာနှစ်ခုတိုက်စစ်ပြီး အသေးစိတ်စစ်ဆေးမှသာ အိမ်ထောင်ရေးကံကောင်းခြင်း၊မကောင်းခြင်းတွေ သိရမှာပါဗျ။
ယေဘုယျအချက်လေးတွေလောက်နဲ့ အိမ်ထောင်ရေးပြဿနာရှိမရှိ ဆုံးဖြတ်လို့မရနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ
Posted in Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *