အင်္ဂဝိဇ္ဇာလေ့လာဖူးသူတော့သိလိမ့်မယ်။
သာမန်လူကတော့ နည်းနည်းခေါင်းရှုပ်မလား မသိဘူး
ဗုဒ္ဓဘာသာကျမ်းဂန်များအဆိုအရ ဤကမ္ဘာသည် ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟုခေါ်သည်။ မည်သို့ပင်ဖြစ်စေ ဤစာစုကိုဖတ်ရကုန်သောသူတို့သည် လေးဆူမြောက်ဘုရှားရှင်ဖြစ်သော ဂေါတမဗုဒ္ဓ၏သာသနာတော်ကိုသာ ကြုံဆုံခွင့်ရှိတော့သည်။ ထို့ကြောင့် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်သည် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ကူးပြောင်းခြင်း၏ သံသရာထွက်ရပ်လမ်းပြယုဂ် သို့မဟုတ် ဧကံသနမိတ်ပင် ဖြစ်တော့သည်။
သောကြာနံသား ဂေါတမဗုဒ္ဓ၏ဘဝဖြစ်တော်စဉ်ကို (မသိကြလျှင်တွေးဆဦး)ဟု အတိုကောက်ခေါ်သည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို ကြည့်လျှင်…..
မ-ကြာသပတေးနေ့(အမြစ်နေ့)တွင် လူ့ပြည်၌ ပဋိသန္ဓေ ခံယူတော်မူသည်။
သိ-သောကြာနေ့(မူလ၊ရုပ်၊ကံ၊အချာ-ပင်စည်)နေ့တွင် ဖွားမြင်တော်မူသည်။
ကြ- တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
လျှင်- ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
တွေး- စနေနေ့(အညွန့်)တွင် ဓမ္မစကြာ တရားဦး ဟောတော်မူသည်။
ဆ- အင်္ဂါနေ့(ပ ဉ္စပွတ်) တွင် နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြုတော်မူသည်။
ဦး- တနင်္ဂနွေနေ့ (တြိရန်း)တွင် တေဇောဓါတ် လောင်ကျွမ်းတော်မူသည်။
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ပြောင်းလဲခြင်း တနည်းအားဖြင့် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့သို့ကူးပြောင်းခြင်း၏ အဓိကအချက်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း (အိုခြင်း၊နာခြင်း၊သြေခင်း၊ အိုနာသေဘေးမှလွတ်မြောက်ရာလမ်း) နမိတ်ကြီးလေးပါးကိုမြင်ခြင်း နှင့် တောထွက်ခြင်းဖြစ်သည်။ ဇာတိဇရာဗျာဓိမရဏ တရားသဘောအရ သတ္တဝါဟူသည် မွေးလျှင်သေမည်၊ သေဖို့မွေးဖွားကြသည်၊ အဖန်ဖန် ပဋိသန္ဓေတည်ခြင်းကို ပယ်သတ်နိုင်မှသာ အဖန်ဖန်သေခြင်းမှကင်းလွတ်ရာကိုရောက်မည်။ အဝိဇ္ဇာနှင့်တဏှာတည်းဟူသော လောကီကြိုးမပြတ်သရွေ့ဇာတိနှင့်မရဏ အဖန်ဖန် သံသရာလည်ကာ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ ဖြစ်တော့သည်။
၃ သေဆုံးခြင်း (နဝင်း) မရဏ
၀
၄
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၂
၅ ပဋိသန္ဓေတည်ခြင်း (အခိုက်) ဇာတိ
၁
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် မင်းစည်းစိမ် စံစားခံစားခွင့်ရသည့် ဘုရင့်သားတော်ဖြစ်သည်။ ကြင်ရာတော် ယသော်ဓယာမင်းသမီးနှင့် သားတော် ရာဟုလာ အပါအဝင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်ခြင်းမှာ လောကီအာရုံကာမဂုဏ်တို့ကို သေစေခြင်း၊ ပယ်သတ်ခြင်း၊ စွန့်လွှတ်ခြင်း လွတ်မြောက်ရာလမ်းကိုရှာဖွေခြင်း ဖြစ်သည်။ လောကီအမြင်အရကြည့်လျှင် အပြင်ဆုံးရှုံးခြင်းဖြစ်သော်လည်း လောကုတ္တရာအမြင်အမြင်အရကြည့်လျှင် အတွင်းအောင်မြင်ခြင်းဖြစ်သည်။ ဓမ္မအမြင်အရ ဒုက္ခသစ္စာကိုသိခြင်းနှင့် သမုဒယသစ္စာကို ပယ်ခြင်းပင်။
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း၊ အတွင်းအောင်ခြင်း (နဝင်း)
၃
၀
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
၅
၁
၄
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သာမန်လူများကျင့်နိုင်ခဲသော ဒုက္ကရစရိယကျင့်စဉ်ကို ခြောက်နှစ်တာမျှ ဥရုဝေဠတောတွင် ကျင့်တော်မူသော်လည်း တရားထူးမရရှိပေ။ မဇ္ဇျိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ပြီးမှသာလျှင် အရဟံအစ ဘဂဝါအဆုံး ကိုးပါးသောဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ဂေါတမဗုဒ္ဓ ဘုရားရှင်အဖြစ်သို ဗုဒ္ဓဟူးနေ့တွင့်ရောက်တော်မူသည်။ ဓမ္မအမြင်အရ မဂ္ဂသစ္စာကိုပွားခြင်းနှင့် နိရောဓသစ္စာကိုဆိုက်ခြင်းပင်။
၁
၅
၂
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၀
၃
၆ ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံတို့ကို ပယ်သတ်ခြင်း (တြိရန်း)
သိဒ္ဓတ္ထမင်းသားဘဝမှ ဂေါတမဗုဒ္ဓဘဝသို့ တောထွက်ခြင်းနှင့်တရားဓမ္မကျင့်ကြံခြင်းဟူသော အဆင့် (၂)ဆင့်ဖြင့် ကူးပြောင်းခဲ့သည်ကို တွေ့ရမည်။ ထိုနှစ်ဆင့်သည် နံတော်စဉ်အရ တနင်္လာနေ့ (စတုရန်း)နှင့် ဗုဒ္ဓဟူးနေ့(ဆပွတ်) ဖြစ်ပြီး သောကြာနေ့(မူလ၊ ရုပ်၊ ကံ) ကို ချုပ်ငြိမ်းအောင် ပယ်သတ်ပစ်ခဲ့သည်။ တနည်းအားဖြင့် အောင်လံတေဇ စတုရန်းကိန်းနှင့် သူ့ကိုနိုင်လို ဆကိုခို ဆပွတ်ကိန်းတို့ကို ပေါင်းစပ်ဖွဲ့စည်းသော ညှပ်သတ်ကိန်းပင် ဖြစ်သည်။
၃
၀
၄ ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
၆ မွေးဖွားခြင်း (မူလ) ရုပ်၊ ကံ၊ ခန္ဓာငါးပါး၊ ကာမဂုဏ်အာရုံ
၂ တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။
၅
၁
ဘုရား (၇) ဆူ၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်များကို ဆက်လက်လေ့လာကြည့်ပါ။
ဤ (၇) ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့သည် စတုရန်းနေ့တွင် တောထွက်၍ ဆပွတ်နေ့တွင် သဗ္ဗညုတဘုရားရှင်အဖြစ်သို့ရောက်တော်မူကြကုန်သည်။
– (တော၊ အုံ၊ ယုန် ၊ သား ၊ ကျက် ။ မှ ၊ စား) သိခီ တနင်္ဂနွေသားဘုရားရှင်၏ နံတော်စဉ်….
– (အ ၊ က ၊ မ ၊ တူ ၊ ဆူ ၊ သည့်၊ လူ) ဝေဿဘူ တနလာင်္သားဘုရားရှင်၏ နံတော်စဉ်….
– (ကြံ ၊ စီ ၊ သော် ၊ အား ၊ လူ့၊ တ ။ ပါး ) ကကုသန် အင်္ဂါသားဘုရားရှင်၏ နံတော်စဉ်….
– (စ ၊ လွန် ၊ ထီး ၊ ကြယ် ၊ မြ ၊ အ ၊ သွယ် ) ကောဏာဂုံ ဗုဒ္ဓဟူးသားဘုရားရှင်၏ နံတော်စဉ်….
– (လာ ၊ ပါ ၊ အ ၊ ဆုံး ၊ သိ ။ ကြ ၊ တုံး ) ကဿပ ကြာသာပတေးသားဘုရားရှင်၏ နံတော်စဉ်…
– (မ ၊ သိ ၊ ကြ ၊ လျှင် ၊ တွေး ၊ ဆ ၊ ဦး ) ဂေါတမ သောကြာသားဘုရားရှင်၏ နံတော်စဉ်….
– (သက် ၊ တော် ၊ စုံ ၊ ပြည့် ။ အ ၊ လှ ၊ ကြည့် ) နောင်ပွင့်တော်မူမည့် အရိမေတ္တယျ စနေသားဘုရားရှင်၏ နံတော်စဉ်….
ဗုဒ္ဓဘုရားရှင်တို့၏ ဖြစ်တော်စဉ် သို့မဟုတ် နံတော်စဉ်ကို သာမညလောကီပညာရပ်ဖြင့် ရေးသားတင်ပြခြင်းကို အပြစ်ဆိုသူတို့က ဆိုပေဦးမည်။ မိမိသုံးသပ်တင်ပြခဲ့သည်မှာ လောကီ ဗေဒင်အယူအဆများကို ဦးစားပေးခြင်းထက် ဖြစ်တော်စဉ်ကို လောကုတ္တရာ ဓမ္မအမြင်အရ မီးမောင်းထိုးပြခင်းသာ ဖြစ်သည်။
စတုရန်းနေ့တွင်တောထွက်တော်မူခြင်းနှင့်ဆပွတ်နေ့တွင်ဘုရားဖြစ်တော်မူခြင်းဖြင့် အလည်အချာ မူလနေ့(ခန္ဓာငါးပါးဖြင့် ဖွဲ့စည်းထားသော မိမိကိုယ်) ကိုပယ်သတ်ကာ သံသရာစက်ရဟတ်ကို ရပ်တန့်စေခြင်းဖြစ်သည်။ အင်္ဂဝိဇ္ဇာပညာ၌ စတုရန်းကိန်းနှင့် ဆပွတ်ကိန်းတို့သည် မူလ၏အနိုင်ဓါတ်များဖြစ်သော်လည်း အသုံးချပုံနှင့်အကျိုးသွားပုံမှာ မတူကွဲပြားလေသည်။ စတုရန်းနှင့်ဆပွတ်ပူးတွဲသည့် ညှပ်သတ်ကိန်းကား ပို၍ပင် အစွမ်းထက်လှသောကြောင့် ရည်ရွယ်ချက်ကောင်း စိတ်စေတနာကောင်းဖြင့်သာ အသုံးချသင့်လေသည်။
စာလေးမည်စိုးသောကြောင့် လိုရင်းကိုသာ ခြုံငုံတင်ပြခင်းဖြစ်သော်လည်း ကြည့်သောသူမြင်၍ မြင်သောသူများသည် သံသရာမှလွတ်မြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း ဗုဒ္ဓဖြစ်တော်စဉ်တို့က သက်သေခံနေပါသည်။
လေးစားစွာဖြင့်
ဇေယျာမောင်