နာမည်တွေနဲ့ပက်သက်ပြီး ပြောစရာတွေရင်ထဲမှာတသီကြီး ကိန်းအောင်းနေပါတယ်။ဒါကြောင့်လဲအပိုင်းတွေနဲ့ရေးဖို့ဆုံးဖြတ်ထားသည်။ နာမည်ပေးတဲ့နေရာမှာ မဟာဘုတ်ကိုအခြေပြုထားပြီး အင်္ဂဝိဇ္ဇာ ဆန်းပညာတို့ဖြင့်ချိန်ဆပေးလေ့ရှိသည်။ နာမည်ပေးရာတွင်လဲ
တတ်သိနားလည်သည့်ဆရာတွေနှင့်တိုင်ပင်စေချင်သည်။ မိမိဘာသာစိတ်ထင်ရာပေးသည့်နာမည်တွေထက်တော့အများကြီးသာနိုင်သည်။
မိမိအပေါ်အားကိုးလို့မေးလာကြသည့်
သူတွေအပေါ် ဆရာတွေကလဲအလေးထားဖို့လိုသည်။
မဟာဘုတ်တစ်ခုထဲကြည့်ပြီး ဘာလာလာ အထွန်းနဲ့ပဲအဆုံးသတ်ပေးတော့မှာလား။
အင်္ဂဝိဇ္ဇာနဲ့ ကြည့်ပြီးဘာနေ့လာလာပဥ္စပွတ်.
ဆပွတ်.အညွှန့်နဲ့ပေးတော့မှာလား။ အချို့ကရှိသေးသည်။ နဝင်းကအားကြီးတယ်ဆိုပြီးဘာနေ့လာလာ
နဝင်းနဲ့သာအဆုံးသတ်ပေးလေ့ရှိသည်။ နဝင်းနာမည်တွေဟာ အချို့နှစ်တွေမှာ နိစ်ပြဂြိုဟ်မိပြီး နာမည်ရှင်အပေါ် ဆိုးကျိုးတွေသက်ရောက်စေတယ်ဆိုတာ မတွေးမိကြတာလား။
နာမည်ဟာဘဝမှာဘယ်လောက်ထိအရေးပါအရာရောက်သလဲဆိုတာ နားလည်အောင်ပြောပြချင်သည်။
နာမည်က လှလှပေးချင်ကြသည်။ လက်ခံပါတယ် နာမည်လှတော့ကောင်းတာပေါ့။ နာမည်ကလှပြီးခေတ်ဆန်တာဆိုအတိုင်းထက်အလွန်ပေါ့ဗျ။ ခေတ်ဆန်ရုံတင်မကဘဲ ခေတ်လွန်နေတာကခက်လွန်းသည်။ အချို့ကမိဘတွေကလဲမိဘနာမည်ပါအောင်မှည့်ချင်ကြသည်။ နာမည်ပေးရာမှာ မိဘနာမည်အဆုံးသတ်ဖို့အဆင်မပြေတာတွေရှိသည်။ နားလည်အောင်ရှင်းပြပေမယ့်
လက်မခံကြတာများသည်။ ကျွန်ုပ်လဲဘာမှာမတတ်နိုင် ။ ဥပေက္ခာပြုလိုက်ရသည်။ ကလေးတွေရဲ့အနာဂတ်အတွက်စိတ်မကောင်းဖြစ်ရသည်။
ပြောရင်ဆုံးမည်မဟုတ်။အခုအပိုင်း ၁အနေ
နဲ့ ပြောချင်တာက ဗျူပ္ပတ်လွန်တဲ့နာမည်တွေအကြောင်းပါ။
ဗျုပ္ပတ်လွန်တဲ့နာမည်မျိုးတွေလည်းမမှည့်သင့်ပါ။ ဘဝမှာအပျက်အစီးများတတ်သည်။
ရန်သူပေါများပြီးစိတ်ဆင်းရဲရတတ်တယ်။
ပြဿနာတွေကိုလည်းဝယ်ယူထားတယ် ထင်ရလောက်အောင်ဒိုင်ခံဖြေရှင်းနေရမယ်။
ဥပမာ ။ ။မိုးထက်အာကာ နေမင်းသူရိန်မိုး
ဖိုးသိကြား၊ ဥက္ကာ ။ ဝေယံထက်ကျော်။ ဣန္ဒြာ၊ မိုးနင်း၊ အာကာကျော် စသည်ဖြင့်ပေါ့။
ဒီနာမည်ရှင်တွေဟာ အောင်မြင်မှုတစ်ခုရဖို့ အခက်အခဲတွေအများကြီးကြုံရသလို အောင်မြင်ဖို့အတွက်လဲ အချိန်တွေအများကြီးပေးရသူတွေပါ။ အောင်မြင်လာရင်လဲ ကောက်ရိုးမီးလို ခဏလေးသာခံပြီး ပြန်ကျဆုံးတတ်ပါတယ်။
အချို့ကြတော့ကျန်းမာရေးအရမ်းချူခြာကြတယ်ဗျ။ ၉၆ ပါးရောဂါကို တစ်လှည့်စီ ကန်ထရိုက်ဆွဲထားကြတာမျိုးတွေပေါ့။
မူလမဟာဘုတ်မှာ ဖွားဇာတာညံ့ပြီး နာမည်ဇောက်ထိုးမိနေတာမျိုးတွေ ပက္ခမိနေတဲ့နာမည်မျိုးတွေမှည့်ထားတာဆိုရင်တော့ ဘဝမှာဒုက္ခတွေနဲ့ အမြဲနပန်းလုံးနေရတတ်တယ်ဆိုတာပြောလိုက်ရပါတယ်ဗျာ