loading

”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”

  • Home
  • Blog
  • ”နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း”

ကျွန်တော်အခုရေးချင်တာက
နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ်
စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။
ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့
ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ”ဝင်းမင်းအောင် ”
ဆိုပါတော့ ‘ဝင်း’ ကအရင်းစာလုံး။ ” အောင်”ကအဖျားစာလုံးပေါ့
ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့
အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ
မြင့်မားကြတဲ့ ဆရာသမားတွေ ပညာရှင်တွေ အနေနဲ့နှာခေါင်းရှုပ်လေမလား
အပြစ်များတင်ကြမလားလို့ စိုးရိမ်မိတာအမှန်ပါ။ ကျွန်တော်အနေနဲ့ ရေးသားတဲ့အခါမှာ အမှားများပါရင်ဆရာများအနေနဲ့ထောက်ပြပါ။
ဝေဖန်အကြံပေးကြပါလို့ပြောချင်ပါတယ်။
ကျွန်တော် ဆန်းဗေဒင်သင်ရတုန်းက နာမည်ရဲ့အဖျားစာလုံးစိတ်ကိုဖော်ညွှန်းတယ်လို့ သင်ခဲ့ရဖူးပါတယ်။ (ဇနီးကိုရည်ညွှန်းတယ်လို့လဲဆိုပါတယ်။အဲဒီအကြောင်းအရာကိုတော့သပ်သပ်တင်ပြပါ့မယ်။)
အဲဒီတော့နာမည်အဖျားစာလုံးတွေ ွအကြောင်းပြောမယ်ဆိုတော့သူတို့ရဲ့စိတ်နေသဘောထားကို ပဲထောက်ပြတာမျိုးပါ။အဲလိုထောက်ပြတော့ ခုနှစ်ရက်သားသမီးတွေအတွက်ဘာတွေအကျိုးရှိသလဲဆိုတော့ ဥပမာ ဗျ တနင်္ဂနွေနဲ့အဆုံးသတ်ပေး ထားတဲ့နာမည်ရှင်တွေနဲ့ ပက်သက်မှုတွေရှိလာရင် သူတို့ရဲ့အကျင့်စရိုက်လေးတွေသိထားတော့ ဆက်ဆံရတာအဆင်ပြေနိုင်တယ်။ ဒါအပြင် အိမ်ထောင်ဘက်တွေကြား… မိဘနဲ့သားသမီးကြား… အလုပ်ရှင်နဲ့အလုပ်သမားကြား…
ဆရာနဲ့တပည့်ကြား …မိတ်တွေအချင်းချင်းကြား… စရိုက်လေးတွေသိထားတော့ ပိုမိုဆက်ဆံရေးနွေးထွေး
အဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ရေးရခြင်းပါ။
အခုစပြောချင်တာက အဖျားစာလုံံးတနင်္ဂနွေနဲ့ပေးထားတဲ့နာမည်ရှင်များယေဘုယျစရိုက်လက္ခဏာစိတ်ဓာတ်တွေ အကြောင်းပေါ့
ဥပမာ လင်းထက်အောင် စိုးထိုက်အောင် လွင်ဦး
ဖွေးဖွေးအိ သန်းထိုက်အောင် ယဉ်မင်းဦး စသည်နာမည်ရှင်တွေပေါ့။
ကဲစလိုက်ကြရအောင်…..
တနင်္ဂနွေ အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေဟာ
စည်းကမ်းရှိကြတာများပါတယ်။ဘယ်အရာမဆိုစည်းကမ်းတကျလုပ်တတ်သလို သူများတွေကို စည်းကမ်းရှိမှကြိုက်တတ်ပါတယ်။ နောက်ပြီးသူတို့တွေဟာအသန့်ကြိုက်တတ်ကြပါတယ်။
ကိုယ့်ကိုကိုယ့် တစ်ကိုယ်ရေသန့်ရှင်းရေးအမြဲဂရုစိုက်ပါတယ်။ အဲဒီတော့ညစ်ပတ်တဲ့သူတွေဆိုသူတို့နဲ့ ကီးမကိုက်ဘူးပေါ့ဗျာ။ သူတိုတွေဟာ စိတ်ဆတ်တဲ့ စိတ်မြန်တဲ့သူတွေများတယ်။ လုပ်တာကိုင်တာ ပြောတာဆိုတာ စိတ်မြန်လက်မြန်လုပ်တတ်ကြတယ်။ စဉ်းစားတာက နောက် လုပ်လိုက်တာကအရင်ဆိုတဲ့အနေအထားမျိုးပေါ့။
တနင်္ဂနွေအဆုံးသတ်နာမည်ရှင်တွေဟာအသိအမှတ်ပြုခံချင်တဲ့စိတ် ချီးကျူးခံချင်တဲ့စိတ်က အခြားအဆုံးသတ်နေ့တွေထက်ပိုကြတယ်ဗျ။
သူတို့လုပ်တဲ့အလုပ်တိုင်းကို တော်ကြောင်း ကောင်းကြောင်းပြောပေးနိုင်မယ်ဆိုရင် သူတို့တွေနဲ့သဟဇာတဖြစ်ပါလိမ့်မယ်။ မြှောက်ပြောနေမှန်းသိရင်တောင် သဘောကျတတ်တဲ့သူတွေပါ။
သူတို့ကိုအပြစ်တင်တဲ့သူ ဝေဖန်တဲ့သူတွေဟာ သူတို့ရဲ့ကမ္ဘာ့ရန်ပါပဲ။
အရာရာတိုင်းကိုဦးဆောင်ဦးရွက်လုပ်လိုစိတ်ရှိပါတယ်။
အဲဒီစိတ်အားကြီးလွန်းတဲ့သူတွေဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် တယူသန်ပြောတတ်လုပ်
တတ်တဲ့ဘက်ကိုအားသန်သွားတာတွေ့ရပါတယ်။
သူတို့ဟာအနာဂတ်အတွက်ရည်မှန်းချက်ကြီးကြီး
ထားကြတာများပါတယ်။ဒါပေမဲ့အနာဂတ်ရည်မှန်းချက်တွေကို စိတ်ထဲမှာသာ ထားပြီးအခြားလူတွေက ိုထုတ်မပြောတတ်ပါဘူး။
ဘာသာရေးနဲ့ပက်သက်လို့တနင်္ဂနွေအဆုံးသတ်
်နာမည်ရှင်တွေဟာ ပုံစံနှစ်မျိုးနဲ့တွေရပါတယ်။
တစ်မျိုးကဘာသာရေးကို မှတ်ပုံတင်ထဲမှာသာအသုံးပြုထားပြီးအပြင်မှာ မိရိုးဖလာအဆင့်ထက်မပိုတာမိျုးပေါ့။
တစ်မျိုးကတော့ ဘာသာတရားကို လေးလေးနက်နက်ယုံကြည်ပြီး ဘာသာတရားရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
နေထိုင်တတ်သူတွေပါ။
လျော့လွန်းတင်းလွန်းတဲ့အနေအထားပေါ့ဗျ။
အခြားလူတွေအပေါ်သူတို့တွေကစိုးမိုးလိုစိတ်အားကြီး
လွန်းတာတွေကိုပြင်ရမှာပါ။ အိမ်ထောင်ဘက်အပေါ် အရာရာစိုးမိုးချင်တဲ့စိတ်တွေကိုလျှော့ပါ။အခန့်မသင့်ရင်အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်နိုင်လို့ပါ။ဒါပေမဲ့သူတို့တွေကမိသားစုအပေါ်တာဝန်ကျေကြတာများပါတယ်။
သူတို့တွေဟာခေါင်းဆောင်လုပ်လိုစိတ်ရှိတဲ့အတွက်
တာဝန်ယူတဲ့စိတ် တာဝန်ကျေပွန်အောင်လုပ်ဆောင်တတ်တဲ့စိတ်
အလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်တတ်တဲ့စိတ်က အခြားသူတွေထက်ပိုကြောင်းပြောရင်း ဒီနေရာမှာတင်ပဲ တနင်္ဂနွေစာလုံးအဆုံးသတ်ပေးထားသူတွေရဲ့စရိုက် လက္ခဏာတွေကိုအဆုံးသတ်ပါရစေခင်ဗျာ။ ။
ဗေဒင်သုတေသီ

Leave a Reply

Your email address will not be published. Required fields are marked *