ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ”က ခ ဂ ဃ င” နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။
ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။
အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေက
အရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။
နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။
လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။
စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း
စဉ်းစားလွန်းတဲ့သူတွေပါ။
သူတို့တွေဟာအများကိစ္စဖြစ်တဲ့ ပရဟိတတွေ။ လူအများကောင်းကျိုးတွေ ။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင်စေ့စပ် ချိတ်ဆက်ပေးတဲ့နေရာမှာတော့ တော်ကြတယ်။
ဒါကြောင့်သူတို့တွေဟာစိတ်ကူးအသားပေး
လုပ်ရတဲ့အနုပညာအလုပ်တွေ media လုပ်ငန်းတွေ
communication နဲ့ပက်သက်တဲ့ အလုပ်တွေမှာအံ့ဝင်ဂွင်ကျဖြစ်ကြတာများတယ်ဗျ။
နောက်တစ်ခုက သူတို့တွေကစိတ်နုကြတယ်ဗျ။ လောကဓံရဲ့ကြီးကြီးမားမားရိုက်ပုတ်တဲ့ဒဏ်တွေကို
မခံနိုင်ကြပါဘူး။ သူတို့တွေဟာ စည်ကမ်းတင်ကြပ်တာတွေ ကြီးမားတဲ့တာဝန်တွေပေး
တာမျိုးတွေ ချုပ်ချယ်ခံရတာမျိုးတွေ ကိုအရမ်းကြောက်တတ်ပါတယ်။
သူတို့တွေဟာလွတ်လပ်မှုကို မြတ်နိုးကြပါတယ်။
ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းချင်သူတွေပါ။ ဒါကြောင့်
သူတို့တွေဟာ pressure ပေးတာကို လုံးဝမကြိုက်
တတ်ပါဘူး။ အိမ်မှာစည်းကမ်းတင်းကြပ်ပြီး ဖိအားပေးတာများလာရင်
သူတို့ဟာမပျော်တော့ပါဘူး။တနင်္လာနဲ့အဆုံးသတ်ပေးထားတဲ့ ကလေးတွေဆယ်တန်းရောက်လာရင် ်မိဘတွေအနေနဲ့သတိထားစေချင်ပါတယ်။ ကျောင်းမှာစာတွေများလို့စိတ်ညစ်တာတစ်မျိုး ။ အိမ်ရောက်တော့မိဘက အဆင့်နည်းတယ် စာမကျက်ဘူးဆိုပြီးဖိအားပေး တော့ ကလေးက စာစိတ်မဝင်စားတော့ဘူး။ စိတ်ပျော်ရာနောက်လိုက်သွားတာမျိုးတွေခဏခဏ ကြုံဖူးပါတယ်။
အလုပ်ခွင်ဝင်တဲ့အခါမှာလဲတာဝန်တွေအမြဲပိနေအောင်ခိုင်းတဲ့အလုပ်တွေဆို သူတို့တွေဟာဝေးဝေးရှောင်ကြပါတယ်။ စည်ကမ်းတွေထုတ်ပြီး ချုပ်ချယ်တဲ့ရည်းစားတွေဆိုသူတို့တွေဟာ အဆက်ဖြတ်ဖို့ဝန်မလေးပါဘူး။
ကောင်းတာက သူတို့ရင်ထဲမှာ အာဃာတတွေ အညှိုးတွေမထားတတ်ကြပါဘူး။ ဒေါသဖြစ်စရာ မကျေနပ်စရာတွေကိုရင်ထဲကြာကြာမထားတတ်တဲ့သူတွေပါ။ သူတို့တွေဟာ အတုခိုးတာလွယ်ကြ ပါတယ်။
ကောင်းတာအတုခိုးရင်အကြောင်းမဟုတ်ပေမဲ့ ဆိုးတာကိုအတုခိုးမိရင်တော့ ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်သွားတတ်တဲ့အတွက်သတိထားစေချင်ပါတယ်။ အသင်းအဖွဲ့နဲ့ပျော်ပျော်ပါးပါးလုပ်ချင်ကိုင်ချင်စိတ်ရှိသူတွေပါ။ သူတို့တွေဟာ”ပျော်ရာမှာမနေတော်ရာမှာနေ ”ဆိုတဲ့ ဆောင်ပုဒ်
ရဲ့ ပြောင်းပြန်ဖြစ်တဲ့ ”တော်ရာမှာမနေပျော်ရာမှာနေ ”တဲ့သူတွေ ဖြစ်ကြောင်းပြောကြားရင်း တနင်္လာနံအဖျားစာလုံးမှည့်ပေးထားတဲ့သူတွေအကြောင်း
ဒီနေမှာတင်ပဲအဆုံးသတ်လိုက်ရပါတယ် ခင်ဗျာ။ ။
ဗေဒင်သုတေသီ