အခုပြောမှာကနာမည်အဖျားလုံး” သ” ”ဟ”နဲ့အဆုံးသတ်ပေးထားတဲ့နာမည်ရှင်တွေအကြောင်းပါ။ ဥပမာအားဖြင့် အေးမြသွင် ပိုင်သုသု လင်းသန့်
မိုးကျော်သူ စိုးမိုးဟန် နိုင်အောင်ဟိန်း စသည့်နာမည်ရှင်တွေပေါ့ဗျာ ။
သူတို့တွေစနစ်တကျလုပ်တာကိုကြိုက်တဲ့သူပါ။ သူတို့နေရာတကျထားတဲ့ ပစ္စည်းလေးတွေကို သူများတွေယူကိုင်ပြီး ယူတဲ့နေရာမှာပြန်မထားရင် သူတို့နဲ့ ပြဿနာအကြီးကြီးတတ်ပါလိမ့်မယ်။
ပစ္စည်းတွေက သူ့နေရာနဲ့သူ ရှိ စနစ်တကျလှပနေတာကိုကြိုက်တဲ့သူတွေပေါ့။
သူတို့တွေဟာ အောင်မြင်မှုကျော်ကြားမှုတွေကို လိုချင်မက်မောကြပါတယ်။ ဒါပေမဲ့အောင်မြင်မှုအတွက်လုယူတာမျိုး
ကျော်ကြားမှုတွေအတွက် သူတစ်ပါးဘဝတွေကိုချနင်းတာမျိုးတွေ မရှိပါဘူး။ ကျရာနေရာ ပေးထားတဲ့ရာထူးပေါ်မှာပဲ တာဝန်ကျေအောင်လုပ်တတ်ကြသူတွေပါ။
သူ့တို့ကိုယ်တိုင်အနုပညာရှင်တွေမဟုတ်ခဲ့ရင်တောင်
သူတို့ တွေဟာအနုပညာနဲ့ပက်သက်ပြီးထိလွယ်ရှလွယ်
ခံစားလွယ်တဲ့သူတွေပါ။ အနုပညာကိုမြတ်နိုးသူတွေလို့ပြောရင်လဲမမှားပါဘူး။
သူတို့တွေဟာ အေးငြိမ်းချမ်းသာမှု လွတ်လပ်မှုတွေကို
မြတ်နိုးကြသူတွေပါ။ ဒါကြောင့်လဲ သူတို့တွေဟာ လူ့လောကကြီးသာယာငြိမ်းချမ်းဖို့နဲ့ ဖိနှိပ်မှုတွေအောက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ဖို့ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။
သူတို့တွေဟာ စိတ်ထားနူးညံ့ သိမ်မွေ့ကြသလို မေတ္တာတရားအားကြီးတဲ့သူတွေအဖြစ် အတွေ့ရများပါတယ်။ သူတို့တွေဟာမိသားစုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ တွယ်တာချစ်ခင်ကြသူတွေပါ။ မိသားစုအသိုက်အမြုံကွဲပျက်သွားမှာကိုကြောက်ကြတဲ့သူတွေပါ။
မိတ်ဆွေ သူငယ်ချင်းအပေါ်မှာ အရမ်းကောင်းတဲ့သူတွေပါ။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဒုက္ခရောက်နေတယ် အဆင်မပြေဘူးကြားလို့ကတော့ မိမိဘက်ကကူညီဖို့အသင့်ရှိသူတွေပါ။ သူတို့တွေဟာသူငယ်ချင်းကိုညီအကိုလိုခင်မင်ကြသူတွေပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာကသူတို့တွေဟာ
လူတစ်ဖက်သားအပေါ်မှာအလွန်ယုံကြည်စိတ်ချလွယ်သူတွေဖြစ်ပါတယ်။ အဲဒီအပေါ်မှာအခွင့်ကောင်းယူပြီး သူတစ်ပါးတွေရဲ့အမြတ်ထုတ်သွားမှုတွေကို သူတို့တွေဟာ
ခဏခဏခံရတဲ့သူတွေပါလို့ ပြောရင်း သေကြာနံနဲ့အဆုံးသတ်မှည့်ထားသူတွေအကြောင်းနိဂုံးချုပ်အပ်ပါသည်။
ဗေဒင်သုတေသီ