loading

နာမည်အဖျားစာလုံး စနေနံနှင့်အဆုံးသတ်ပေးထားသော နာမည်ရှင်များအကြောင်း

  • Home
  • Blog
  • နာမည်အဖျားစာလုံး စနေနံနှင့်အဆုံးသတ်ပေးထားသော နာမည်ရှင်များအကြောင်း

အခုပြောချင်တာက နာမည်အဖျားစာလုံး ”တ ထ ဒ ဓ န”
နှင့်အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်များ အကြောင်းပါ။
ဥပမာ သန်းထွန်း ခင်မောင်တင် ဖြူနှင်း သုဓန သိမ့်သိမ့်ထွေး တင်မင်းထွန်း ဟန်နီ စတဲ့နာမည်ရှင်တွေပါ။
ဒီနာမည်ရှင်တွေအကြောင်းပြောရရင်တော့ သူတို့ ဘယ်ကိစ္စမဆို အခြေအမြစ်ရှိရှိ ပြောပြမှလက်ခံတဲ့သူတွေပါ။ ကြောင်းကျိုး ဆက်စပ်မှုမရှိတဲ့ဘယ်အရာကိုမှလက်ခံမှာမဟုတ်ပါဘူး
သူတို့တွေသာခေါင်းဆောင် တွေဖြစ်လာမယ်ဆိုရင်အောက်လက်ငယ်သားတွေတော့မချောင်ပါဘူး။ သူတို့ကိုယ်တိုင်စည်းကမ်းရှိကြသလို သူ့အောက်ကလူတွေ စည်းကမ်းမရှိရင်လဲပြင်းပြင်းထန်ထန်အပြစ်ပေးတတ်ကြပါတယ်။
သူတို့တွေဟာ ဘာလုပ်လုပ် နှေးကွေးလေးလံကြပါတယ်။ မြန်မြန် သွက်သွက် လုပ်ရင်းလဲ အမှားများတတ်တဲ့သူတွေပါ။
နောက်ပြီးသူတို့တွေဟာစိတ်ရှည်ကြပါတယ်။ ဒါကြောင့်လဲအသေးစိတ်လုပ်ငန်း အနုစိတ်လုပ်ငန်းတွေကိုစိတ်ဝင်စားကြပါတယ်။ အသေးစိတ်စဉ်းစားပြီး ဦးနှောက်နဲ့လုပ်ရတဲ့ အလုပ်တွေနဲ့အကျိုးပေးသန်ပါတယ်။ ဥပမာ ဖုန်း လက်တော့ပ် ကွန်ပျူတာ နာရီ စတာတွေကိုပြင်ဆင်ရတဲ့ သေးငယ်ခက်ခဲတဲ့အလုပ်တွေကို အားသန်ကြတာများပါတယ်။
သူတို့တွေဟာ လျှို့ဝှက်နက်နဲတဲ့ ဂမ္ဘီရ ဗေဒင် နက္ခတ်
စိတ်နယ်လွန်ဖြစ်ရပ်တွေ သမိုင်းကြောင်းတွေကိုလဲ စိတ်ဝင်စားကြတယ်ဗျ။ ဒါကြောင့်လဲ ထိုပညာရပ်တွေအပေါ်စိတ်ဝင်တစား လေ့လာလိုက်စားမယ်ဆိုရင် အောင်မြင်ပေါက်ရောက်ကြတာများပါတယ်ဗျ။
သူတို့ပက်သက်တဲ့သူတွေ သတိထားရမှာတစ်ခုက
သူတို့တွေက ဝေဖန်တာ အပြစ်တင်တာလုပ်တတ်ကြတယ်ဗျ။ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဆိုသည်းခံတတ်ဖို့လိုလိမ့်မယ်ဗျ။ ဝေဖန်တာအပြစ်ရှာပြောတာကသူတို့ရဲ့ဝသီလိုဖြစ်နေတတ်တယ်ဗျ။
သူတို့တွေဟာ ဘယ်ကိစ္စကိုမဆိုပေါ့ပေါ့တန်တန်မလုပ်တတ်ကြပါဘူး။
အရာရာတိုင်းကိုလေးလေးနက်နက်တွေးတတ်ကြတယ်ဗျ။ သူတို့နဲ့ ပက်သက်သူတွေကိုလဲ အကျိုးမရှိအရေမရ အဖတ်မရကိစ္စတွေလုပ်နေရင်လဲ တားမြစ်အပြစ်တင်တတ်တဲ့သူတွေဖြစ်ကြောင်း ပြောကြားလိုက်ရပါကြောင်းပါဗျ။ ။

Leave a Reply

Your email address will not be published. Required fields are marked *