ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံး
စ ဆ ဇ စျ ည နဲ့ မှည့်ထားတဲ့သူတွေရဲ့အကြောင်းပေါ့
ဥပမာ အောင်စိုး မိုးမိုးစန်း သန်းမင်းဇော်
မိုးဆွေ အောင်ညိမ်း စသည့်နာမည်ရှင်တွေပေါ့။
ထိုနာမည်ရှင် တွေက လျင်မြန်မှု ဖျတ်လတ်မှုကတော့
အခြားအဆုံးသတ်နာမည်ရှင်တွေထက်သာပါတယ်။
ဘယ်ကိစ္စကိုမဆိုစိတ်မြန်လက်မြန်လုပ်တတ်တဲ့သူတွေပါ။
နှေးကွေးလေးလံတယ်ဆိုတာ သူတို့အဘိဓာန်မှာမရှိပါဘူး
နောက်ကျတယ်ဆိုတဲ့ စကားကိုလုံးဝမကြိုက်တဲ့သူတွေပါ။
သူတို့ကိုယ်တိုင်ကလဲနောက်ကျမှာကိုကြောက်ကျတဲ့အတွက် သူတို့နာရီကိုငါးမိနစ်လောက် ရှေ့နဲနဲစောပြီး လှည့်ထားတတ်တဲ့သူတွေပါ။
သူတို့ဟာ အကင်းပါတဲ့နေရာ လူကဲခတ်တဲ့နေရာသူမတူအောင်တော်ပါတယ်။သူတို့ရှေ့
မှာလိမ်မယ်ဆိုရင်တော့ ပိပိရိရိတော့ရှိပါစေ။ အဲလိုမှမဟုတ်ရင်တော့ ကိုယ်လိမ်မိတာအစဆွဲထုတ်သလိုဖြစ်နေပါလိမ့်မယ်
နောက်ပြီးသူတို့တွေဟာအရာရာ အနိုင်ယူလိုစိတ်ရှိပါတယ်။သူများတွေကျောသွားတာကို
လက်မခံနိုင်ကြသူတွေပါ။ ဥပမာဗျ ကားမောင်းတဲ့အခါမှာ
ဆိုရင် သူတို့တွေဟာ ဘေးကားတစ်စီးကပ်ကျော်သွားရင်တောင်မခံနိုင်တဲ့သူတွေပါ ။ မရရအောင်ပြန်ကျော်တတ်တဲ့သူတွေပါ။
သူများတွေနဲ့ယှဉ်လာရင်
အနိုင်ရမှကြိုက်တတ်တဲ့သူတွေပါ။သူတို့တွေဟာတစ်ဦးတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးပြောရင်မကြိုက်တတ်ပါဘူး။
သူများနဲ့ယှဉ်ပြီး ”မင်းက သူနဲ့ယှဉ်ရင် ဘယ်နေရာက အားနည်းတယ် ”စသည်ဖြင့် သူတို့တွေကိုသွားမပြောသင့်ပါဘူး။ အဲလိုပြောတဲ့သူဟာ
သူနဲ့ကမ႓ာရန်တွေ ဖြစ်သွားပါလိမ့်မယ်။
သူတို့တွေဟာ အလုပ်လုပ်တဲ့နေရာမှာ တုံးတိုက်တိုက်
လုပ်ရဲတဲ့အတွက်သူတို့တွေဟာ ဝန်ထမ်းထက် ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုရင် ပိုပြီးသင့်တော်ပါတယ်။
သူတို့တွေဟာအပြိုင်အဆိုင်နဲ့ နေရတာကိုကြိုက်တဲ့အတွက် သူတို့တွေဟာ ပြိုင်ဘက်တွေရှိရင်တိုးတက်ကြပါတယ်။ သူတို့အတွက်ပြိုင်ဘက်ကောင်းတစ်ယောက်သာရှိမယ်ဆို
ရင် ဘဝမှာတဟုန်ထိုး တိုးတတ်သွားတတ်ပါတယ်။
ဘဝမှာစံချိန်စံညွှန်း သတ်ံမှတ်ချက်တွေနဲ့နေတဲ့သူတွေဟာ အင်္ဂါနံနဲ့အဆုံးသတ်သူတွေပါ။ မိမိသည် ဘယ်လောက်အတိုင်းအတာထိ အောင်မြင်ရမည်။
လုပ်ငန်းခွင်တွင်လဲ ဘယ်လောက်ရာထူးထိရ ရမည်ဟုမိမိကိုယ်တိုင် သတ်မှတ်ကြိုးစားကြသလိုပဲ
အိမ်ထောင်ဘက်ရွေးချယ်သည့်အခါမှာလဲ မိမိသတ်မှတ်ထားတဲ့စံချိန်စံညွှန်းမကိုက်ညီရင် လုံးဝမစဉ်းစားတဲ့သူတွေပါ။
ဇွတ်တရွတ်လုပ်တာ မိုက်မိုက်ကန်းကန်းလုပ်တာ
စွန့်စွန့်စားလုပ်တာတွေ တစ်ခါတလေရိုင်းရိုင်းပြပြ ဆက်ဆံတတ်တာဟာသူတို့အကျင့်တွေပဲဆိုတာပြောကြားရင်း အင်္ဂါနံအဆုံးသတ်ပေးထားတဲ့သူတွေရဲ့ အကြောင်း ဒီမှာတင်ပဲနိဂုံးချုပ်အပ်ပါတယ်။
ဗေဒင်သုတေသီ