
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၀၅း၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၂၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အမြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ အရနွားမြေခံဖြစ်ပါတယ်။ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
တီထိမြေခံ အရ နေ့လယ်၁၁နာရီခွဲကစလို့သောကြာမြေခံဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင် နေ့တာမို့ မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအတွင်းအချိန်အခါရွေး ပြီးဆောင်ရွက်ဖို့လိုပါတယ်။
ဒီနေ့ဟာ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၁၁နာရီခွဲထိ လဆုတ်တီထိ ၃လုံး၊ကျော်ရင် လဆုတ်တီထိ ၄လုံးရိတ္တတီထိကူး ပြောင်းပါလိမ့်မယ်။အဝတ်အစားနှင့်ပတ်သက်သောကိစ္စများ၊စာပေအနုပညာနှင့်ပတ်သက်သောအလုပ်များ၊အသင်းအဖွဲ့ဝင် ရောက်ခြင်းကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ ခရီးကိစ္စများလဲဆောင်ရွက်လို့သင့်ပါတယ်။ ကုန်သွယ်စီးပွား များလဲ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဆိုင်းဘုတ်လုပ်ငန်းများ၊ တံဆိပ်ရိုက်လုပ်ငန်းများ၊ ကြော်ငြာနှင့်ပက်သက်ပြီးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများအဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။
ကိုယ်ကလုပ်ငန်းရှင်ဆိုပါက ဝန်ထမ်းတွေနဲ့Meeting ထိုင်ပြီးတော့လုပ်ငန်းအတွက်လိုအပ်ချက်များကို ဆွေးနွေးခြင်းများ၊လုပ်ငန်းမကျွမ်းကျင်တဲ့သူတွေကိုဆိုင်ရာသင်တန်းတွေပေးခြင်းများပြုလုပ်နိုင်ပါတယ်။ ပရဟိတ အလုပ်များ၊ဥယျဉ်ခြံအလုပ်များအထူးအကျိုးပေးတာမျိုးလဲတွေ့ရပါတယ်။ ဒီလိုနေ့ရက်ဟာ ဓားလှံလက် နက်ထုတ် လုပ်တဲ့လုပ်ငန်းတွေ၊ခဲယမ်းမီးကျောက်နှင့် ဗျောက်အိုးထုတ်လုပ်တဲ့ အလုပ်တွေ၊အရက်နှင့်အဖျော် ယာမကာအလုပ် တွေ ပိုမိုအဆင်ပြေတတ်ပါတယ်။
လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များအဆင်ပြေကောင်းမွန်တာအထူးတွေ့ရပါတယ်။အတိတ်ကံရဲ့ကောင်းကျိုးတွေကို ပြန်လည်ခံစား ရတဲ့နေ့ရက်ဖြစ်တာကြောင့် ထီကံစမ်းခြင်း၊ကုသိုလ်တွေနဲ့ မိမိကံကိုပိုမိုမြှင့်တင်ခြင်းများ အထူးဆောင်ရွက် နိုင်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေ ရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦး တွေကို စတင်ဆောက်လုပ်တာ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစဖြစ် လွယ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၄)နာရီမှ (၂၂း၄၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ယနေ့မနက် ၉နာရီခွဲမှာ ၁၁နာရီခွဲအတွင်း အရာရာကိုသတိနဲ့ဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ ငွေကြေးနဲ့ပတ်သက်ပြီးပြောဆိုဆောင်ရွက်ရမဲ့ကိစ္စတွေအထူးရှောင်ပါ။ ပညာရှိစကား၊တရားစကားဆိုပေမဲ့ လူမိုက် ကြားရင်နားခါးတယ်ဆိုသလို မလိုအပ်ဘဲ ဘာသာရေးစကား၊အောင်မြင်ရေးစကား ချိန်ဆပြောကြပါ။ လက်ကား စီးပွားရေးများ မလိုအပ်တာတွေကို ဝယ်လှောင်မိတတ်တဲ့နေ့ရက်ပါပဲ။ စက်ကားနှင့် ယန္တရားမောင်းနှင်သူများ၊ ပြိုင်မောင်းကြတာ၊ စိတ်ဆိုးပြီး စက်ကိုင်ကြမ်းတာတွေသတိရှိပါ။ အန္တရာယ်ဖြစ်တတ်ပါတယ်။အွန်လိုင်းကနေ ဝယ်ယူထားသောပစ္စည်းများ သေချာစစ်ဆေးပြီးမှလက်ခံပါ။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မိန်စန်း၊ မနက် ၁၀နာရီခွဲကျော်ရင် စန်းက မိဿရာသီကူးပြောင်းသည်။ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အားငယ်စိတ်တွေ၊ဖြစ်ပါ့ဖြစ်ပါ့မလားဆိုတဲ့စိတ်တွေ ရှိနေတတ်သူပါ။ ဆင်းရဲနွမ်းပါးတဲ့ မိဘဆီမှာဝင်စားရင် သိမ်ငယ်စိတ်က ပိုများသွားတတ်ပါတယ်။ အများကအသိအမှတ်ပြုခံရတာမျိုး တွေအားနည်းပြီးတော့ မိမိကိုယ်စွမ်းကိုယ်စ ထုတ်ပြမှသာ လူအများအထင်ကြီးခြင်းကိုခံရပါလိမ့်မယ်။ သိမ်ငယ်စိတ်ကို ဖျောက်ပြီးကြိုးစားနိုင်သူတွေကတော့ အသက် ၂၈လောက်ကစပြီးသိသာထင်ရှားစွာအောင်မြင်မှုရတတ်ပါတယ်။ သတိပေးလိုတာက ဘဝတစ်လျှောက်လုံး အားနာစိတ်ရယ်၊ အဆင်ခြင်မဲ့ပေးကမ်းတာမျိုးရယ်ကို အထူးရှောင်ပါ။
ဒီနေ့အတွက်ရာဟုကာလအမှောင်ချိန်တွေကတော့ညနေ(၀၃း၀၅)နာရီမှ(၀၄း၃၇)နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင် နှင့် အနီရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်သုပ်စားသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စိတ်ထဲဖြစ်ချင်တာတွေများနေတတ်ပါတယ်။ဟိုကလဲလုပ်ချင် ဒီဟာလဲလုပ်ချင်နဲ့စိတ်တွေဒွိဟဖြစ်နေတတ်ပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်ပြီးအနည်းငယ်ပူပန်ရတတ်ပါတယ်။ ထိခိုက်ရှနာဆိုတာမျိုးလဲဖြစ်လွယ်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသူများ သတိထားလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။ အောက် လက်ငယ် သားတွေ မိမိဝန်ထမ်းတွေကိုထိန်းချုပ်ရခက်ခဲ နေတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်ရတဲ့ကိစ္စ တော်တော် များများ အဆင်ပြေဖို့အတွက် အဓိကတော့ စိတ်ရှည် ရပါလိမ့်မယ်။ ဆွေမျိုးသားချင်းတွေကြောင့် စိတ်ညစ်စိတ်ပျက်ရ တတ်ပါတယ်။
တနင်္လာ
အလုပ်ကံ၊စီးပွားကံတွေကောင်းနေပေမဲ့ လူမှုရေးနှင့် ပတ်သက် သောအရှုပ်အရှင်းတွေဖြစ်ရတတ်ပါတယ်။ သား သမီး တွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးနေရတတ်ပါ တယ်။ဆွေမျိုးသားချင်းတွေကြောင့်စိတ်ညစ် စိတ်ပျက် ရတတ် ပါတယ်။အတူနေညီအကိုမောင်နှမတွေနဲ့ အဆင်မပြေ တာမျိုးဖြစ်လွယ်တာပါ။ ဉာဏ်ဝီရိယတွေစိုက်ထုတ် မှပဲအဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အားနည်း ချက်တွေများတယ်။ စိတ်ထောင်းကိုယ် ကြေဆိုသလိုစိတ် ညစ် စိတ် ရှုပ်ရာကနေကျန်းမာရေးပါအားနည်းသွားတတ် ပါတယ်။စိတ်ကူးကောင်းတွေရပေမဲ့အကောင်အထည် ဖော်လို့ မသင့်တဲ့နေ့ ရက်ပါပဲ။
အင်္ဂါ
စိတ်ထဲလိုချင်နေတဲ့အရာတွေကိုရလာတတ်ပါတယ်။ဒီနေ့မှာအညီအမျှခွဲဝေယူရတဲ့ကိစ္စတွေအဆင်ပြေတတ် ပါတယ်။ ဒါကြောင့်အမွေကိစ္စတော်တော်များများဆောင်ရွက် လို့အဆင်ပြေပါလိမ့်မယ်။ လူအများအပေါ်ချင့်ချိန်ပြီးယုံပါ။ ကူညီတာ ကနည်း နည်း သူ့အတွက်အမြတ်ထုတ်သွား တာကများများဖြစ်ရတတ်ပါတယ်။ ငွေကံပိတ်နေသူများ ပြန်ပွင့် လာတတ်ပါတယ်။ အဆောင်လက်ဖွဲ့များစတင် ဆောင်လို့အထူးပဲသင့်တော်ပါတယ်။ ကျန်းမာရေးအနည်းငယ် ချူခြာ မည်။ ပညာရေးနဲ့ပတ် သက်ပြီး အားထည့် လို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ကံအကောင်းအဆိုးမျှတဲ့နေ့ရက်လဲ ဖြစ် ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
အလုပ်တွေကိုကောင်းမွန်တိုးတတ်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ စာမေးပွဲကိစ္စတွေ၊ ပညာရေးကိစ္စတွေမှာအား အကောင်းဆုံးအနေအထားတွေ့ရတယ်။ငွေစုဆောင်း ခြင်းတွေ၊ ရင်းနှီးမြုပ်နှံခြင်းတွေအထူးအားရဖို့ကောင်းတဲ့နေ့ ရက်ပါပဲ။ လုပ်သင့်တာတွေကိုပိုမိုကောင်းမွန်အောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ လူအများရဲ့အထင်ကြီးလေးစား ခြင်းကိုခံရတတ်ပါတယ်။ တရားရှုမှတ်ခြင်း၊သမထထိုင်ခြင်း ပရိပဋ္ဌာန်းရွတ်ခြင်းများအလေးပေးဆောင်ရွက် လို့ကောင်း ပါတယ်။ အခက်အခဲတွေမရှိဘဲ လုပ်တိုင်းဖြစ်မဲ့ နေ့ရက် ပါပဲ။ ကျန်းမာရေးအတွက်လဲစိတ်ချမ်းသာရပါလိမ့်မယ်။ မိမိလိုချင်တာတွေကို ရလာတတ်ပါတယ်။
ကြာသပတေး
မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုကောင်းစွာအလေးထား ဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိမိအခက်အခဲတွေကို ကူညီ ဖြေ ရှင်းပေးမဲ့ မိတ်ဆွေဆရာသမားတွေလဲ ရှိနေတတ်ပါ တယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးကျန်းမာ လန်း ဆန်း နေတတ် ပါတယ်။ လာဘ်ရွှင်မယ်။စန်းပွင့်မယ် ။ဒါကြောင့်ဒီနေ့ဟာ လူတော်တော်များများရဲ့ချစ်ခင်ခြင်း ခံရနိုင် သလို ငွေရှာလို့လဲကောင်း ပါတယ်။ အိမ်ထောင်ရေး သာယာနိုင်သလို အချစ်ရေးအတွက်လဲ စိတ်ချမ်းသာရပါ လိမ့် မယ်။စုတ်လဲဝင်လာတတ်တဲ့အတွက် အိမ်ထောင် သည်ဆို ဆင်ခြင်နေထိုင်ဖို့ သင့်ပါတယ်။အမှတ်ရစေမဲ့ ခရီးမျိုးတွေ သွား ရတတ် ပါတယ်။
သောကြာ
ပျင်းတဲ့သူတွေအလွန်မှစိတ်ညစ်ရတတ်ပါတယ်။ မိမိအတွက် အလုပ်တွေတာဝန်တွေတာဝန်တွေများလာတတ်ပါ တယ်။ ကိုယ်ပိုင်အလုပ်များကတော့အလွန်မှအဆင်ပြေတိုး တတ်ပါတယ်။အရောင်းအဝယ်တွေအဆင်ပြေတိုး တတ် နိုင်ပါလိမ့်မယ်။ ငွေကြေးကတော့လိုအပ်နေသေးပါတယ်။ အလုပ်အတွက်ငွေထပ်ထည့်ချင်ပေမဲ့ ငွေတွေမြုပ်နေ တတ်ပါ တယ်။ အလုပ်ခွင်အ တွင်းစိတ်ကူးအယူအဆတွေ ကောင်းမွန်တာကြောင့် သူများထက်သာအောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကောင်းပေမဲ့ အသုံးများနေ တာကြောင့် အဖတ်မတင်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အထင်လွဲခြင်းခံရတတ်ပါတယ်။
စနေ
အလုပ်တွေကိုကောင်းစွာတိုးတတ်အောင်စွမ်းဆောင်နိုင်ပါ လိမ့်မယ်။တစ်ပါးသူတွေနဲ့မျက်နှာမလွှဲဘဲသေချာဆောင် ရွက်ဖို့လိုပါတယ်။လူယုံတွေကြောင့်ဒုက္ခရောက်လွယ် လို့ပါပဲ။ စိတ်ပျက်အားလျော့နေလို့မရပါဘူး။ ချစ်ခြင်းတရား တွေရဲ့ လေးနက်မှုတွေကိုခံစားသိရှိပါလိမ့်မယ်။မိသားစု အတွင်း မပြေလည်စရာကိစ္စတွေရှိနေရင်တော့ ကောင်းစွာ ဖြေရှင်း နိုင်ပါလိမ့်မယ်။ အလုပ်တွေထင်တိုင်းမပေါက် တာ၊နှောင့်နှေးတာမျိုးတွေတော့ဖြစ်ရတတ်ပါတယ်။ ကျန်းမာ ရေး ကောင်းနေပေမဲ့ အနည်းလူနုန်းနေသလို ခံစားရ တတ်ပါတယ်။ ဝန်ထမ်းများ လက်ရှိအလုပ်ကနေ ပြောင်းဖို့ ရွှေ့ ဖို့စဉ်းစားနေမိတတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695