
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၁၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံက ဆင်မြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
တီထိမြေခံ အရ ကြာသပတေးမြေခံတဲ့နေ့ရက်ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။မြေခံကောင်းပေမဲ့ သမားညိုရက် တွေ၊ပြဿဒါးတွေနဲ့တိုက်ဆိုင်တာမို့ ရှောင်လိုက်ရင်တော့ပိုကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားဖြူ၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ် ၁၁နာရီကျော်ရင် လဆုတ်တီထိ ၅လုံးပုဏ္ဏတီထိကူးပြောင်းပါတယ်။ စိတ်ရဲ့အေးချမ်းမှု၊ကြည်လင်မှုတွေ ကိုပေးတဲ့ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့မျိုးက ပညာရေးဆိုင်ရာကိစ္စအ၀၀ကိုဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ ပညာရေးဟောပြောပွဲများ၊ ပညာ ရေးဆွေးနွေးပွဲများလဲဆောင်ရွက်နိုင်ပါတယ်။မဟာဘွဲ့များအတွက်၊ပါရဂူဘွဲ့များအတွက်စာတမ်းတင်ခြင်းများလဲ အထူးကောင်းပါတယ်။
ဆန်ရေစပါးများ၊ ကောက်ပဲသီးနှံများလဲစတင်ရိတ်သိမ်းခြင်းများဆောင်ရွက်နိုင်မဲ့နေ့တစ်နေ့ပါပဲ။စာပေနှင့် စာနယ်ဇင်းထုတ်ဝေဖြန့်ချီခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။
အလုပ်စီးပွားနဲ့ပတ်သက်ပြီးအားထည့်ရင် ထည့်သလောက်အကျိုးများတဲ့နေ့ရက်ပါပဲ။အထိုင်လုပ်ငန်းတွေဖြစ်ဖြစ်၊ မတည်ငြိမ်လှုပ်ရှားရတဲ့အလုပ်တွေပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်ပြီးတော့ တော် တော်များများ အဆင်ပြေပါတယ်။ ရေထွက်ပစ္စည်းနှင့်ပတ်သက်သော ငါးလုပ်ငန်းများ၊ပုစွန်လုပ်ငန်း၊ပင်လယ်စာလုပ် ငန်းများလဲ အထူး အဆင်ပြေ ပါတယ်။
ဒီနေ့ဟာစန်းကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် ၇ရက်သားသမီးများ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မှုတွေပိုလာတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်သောယတြာအစီအရင်များလဲဆောင်ရွက်လို့ကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၀)နာရီမှ ည(၂၂း၄၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မိဿစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာကျော်လွှားနိုင်ကြသူတွေဖြစ်တယ်။ မိသားစုကိုကောင်းစွာထောက်ပံ့ပြီးတော့ အပြင်လူတွေကို တော့ အတ္တဆန်ဆန် ဆက်ဆံတတ်ကြသူတွေဖြစ်ပါတယ်။ မိမိအပေါ်မဟုတ်တာလုပ်တဲ့သူတွေကို ပြန်လည် ကလဲ့စားချေလို စိတ်ရှိကြသူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်ကာလကတည်းက ဘဝအဆင်ပြေမှုအောင်မြင်မှုတွေကိုထိတွေ့ခွင့်ရပါလိမ့် မယ်။ ကျေးဇူးရှိသူတွေကို မေ့မထားဘဲ တတ်နိုင်သလောက်ကူညီပေးခြင်းဖြင့် တစ်သက်တာကံကောင်းစေမဲ့ဇာတာရှင် ပဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၁) နာရီမှ မွန်းလွဲ(၁း၃၃)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် အသားရောင် များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ မြေပဲကြော် စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
ရုတ်တရက်စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ အခြေအနေမျိုးတွေကြုံ ရတတ်ပါတယ်။ အလုပ်တွေမှာလဲ ထင်ထားသည် ထက်ပိုမိုတိုးတတ်လာပါလိမ့်မယ်။ အလုပ်ရှာနေသူများ အလုပ် ကောင်းကောင်းရလွယ်ပါလိမ့်မယ်။ ကျန်းမာရေး ကတော့ အထူးပဲအဆင်ပြေပါလိမ့်မယ်။ ခံစားနေရ တဲ့ဝေဒနာ တွေကို ကောင်းစွာသက်သာ လာပါလိမ့်မယ်။ ဝေးကွာ နေသူတွေနဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ မိမိစတင်ချင် တဲ့လုပ်ငန်းတွေအတွက် စတင်ထားခြင်း ၊တစ်ဦး တစ်ယောက် နဲ့ ဒါမှမဟုတ်ကုမ္ပဏီတစ်ခုနဲ့ လက်တွဲ လုပ်ကိုင် ခြင်းများ အလွန်ပဲရေရှည်အတွက်ကောင်းပါတယ်။
တနင်္လာ
ကျန်းမာရေးဆေးစစ်၊ဆေးစားလို့အထူးကောင်းပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး မိမိထင်ထားသည်ထက် ပိုမို တိုးတတ် အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ စွန့်စားလုပ်ကိုင်နိုင်သူတွေ ရဲရဲရှေ့တိုးကျသူတွေပိုမိုအောင်မြင်ပါ တယ်။ မိမိတတ် သိထားတဲ့ပညာတွေကိုလဲ ပေးဝေလို့အထူးကောင်းပါတယ်။ စိတ်ချမ်းသာနေတတ်သလို စိတ်လဲရှင်းနေတတ်ပါတယ်။ စက်ပစ္စည်းတွေဝင်လာတတ်ပါတယ်။ ရွှေဝယ်မယ်ဆိုရင် လဲ အထူးသင့်တော်ပါတယ်။ မိမိစိတ်ကူးလေးတွေကို အဝေး ထိရွက်လွင့်လိုက်ပါ။ အကြံဉာဏ်ကောင်း တွေရရှိပါ လိမ့်မယ်။ ချေးငှားထားတာလေးတွေရှိနေရင် ပြန်လည်ပေးဆပ် နိုင်ပါလိမ့်မယ်။
အင်္ဂါ
မိမိလုပ်ချင်တဲ့ စီးပွားရေးတွေကို အားထည့်လုပ်ဆောင် လို့ သင့်တော်တဲ့နေ့ရက်ပါပဲ။ စိတ်ချမ်းသာ၊ကို ယ်ကျန်းမာခြင်း တွေလဲ အထူးကြုံနေရတတ်ပါတယ်။ ရပ်ဝေးကိစ္စများ ၊နယ်ဝေးကိစ္စများ နှင့် နိုင်ငံရပ်ခြားနဲ့ပတ်သက် သောကိစ္စများ အလွန်ပဲကောင်းနေတဲ့နေ့ရက်ပါပဲ။ပြုပြင်ထိန်းသိမ်း ရတဲ့အလုပ်များနှင့် အနုစိပ်အသေးစိပ်အလုပ်များ ပိုမို အကျိုးဖြစ်ထွန်းပါ လိမ့်မယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ အကူအညီတွေအများကြီးရ လာတတ်ပါတယ်။ စက်ပစ္စည်း များ ဝယ်ယူမယ်ဆိုရင်တော့ ဒီနေ့ကဝယ်ယူလို့အလွန်ပဲ သင့်တော်တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးအတွက်လဲ စိတ်ချမ်း သာ ရပါ လိမ့်မယ်။
ဗုဒ္ဓဟူး၊ရာဟု
ကံကောင်းခြင်းတွေအဆင်ပြေခြင်းတွေကိုအထူးကြုံရ တတ်ပါတယ်။ငွေရှာလို့ကောင်းတယ်။ ငွေလဲစုဆောင်းနိုင် ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တဲ့အတွေးအခေါ်ကောင်း တွေရရှိမဲ့နေ့ရက်လဲဖြစ်ပါတယ်။ ကျန်းမာရေးလဲအလွန် ကောင်းနေပါလိမ့်မယ်။ မင်္ဂလာကိစ္စများ၊ အလှူအတန်း ကိစ္စများအတွက်အစီအစဉ်ဆွဲလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အရည်နှင့်ပတ်သက်သောစီးပွားရေးအလုပ်များ အထူး တိုးတတ်ပါလိမ့်မယ်။ မိခင်ဆီမှဒါမှမဟုတ်အကြီးအကဲ အမျိုးသမီးတစ်ဦးဆီကအကူအညီကောင်းတွေရ လာတတ်ပါ တယ်။ချစ်သူသစ်ရနိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။
ကြာသပတေး
မိမိအတွက်လိုအပ်ချက်တွေများနေတတ်ပါတယ်။ ငွေကြေး လိုငွေပြနေတတ်ပါတယ်။ အချစ်ရေးမှာ အခန့်မ သင့်ရင် ပြဿနာအကြီးကြီးဖြစ်သွားရတတ်ပါတယ်။အလုပ်တွေကို တော့ အားစိုက်ထားပါ။ အလုပ်တွေများ လာနိုင်တဲ့နေ့ရက် မို့ပါပဲ။ အနုပညာနဲ့နွယ်သောအလုပ်မှန်သမျှအခက်အခဲ တွေကိုအရင် ဆုံးရင်ဆိုင်ပြီးမှအောင်မြင်တတ်ပါတယ်။ အလုပ်ခွင်အတွင်း စီနီယာတွေနဲ့အဆင်ပြေပြေဆက်ဆံနိုင် ဖို့လိုပါတယ်။ ကျန်းမာရေးအားနည်းချက်တွေများ နေ တတ်ပါတယ်။ အများနဲ့တွဲဖက်လုပ်ကိုင်ခြင်းထက်တစ်ဦး တစ်ယောက် ထဲလုပ်ရတဲ့အလုပ်တွေက ပိုမိုတိုးတတ်နိုင်ပါ လိမ့်မယ်။
သောကြာ
ငြိမ်နေတာအကောာင်းဆုံးပါပဲ။ ထိုင်နေတာအကောင်းထ သွားမှကျိုးမှန်းသိဆိုတာမျိုးဖြစ်တတ်ပါတယ်။ ကြီးမား တဲ့ ဆုံးဖြတ်ချက်တွေကိုချမှတ်လို့မသင့်တဲ့နေ့ရက်ပါပဲ။ အလုပ်တွေမှာ ဖိအားများနေရတတ်ပါတယ်။အကြ ပ်အတည်း တွေကြားကအောင်မြင်အောင်စွမ်းဆောင်နိုင်ဖို့လဲ လို ပါတယ်။ ဘာလုပ်လုပ် တိုင်တိုင်ပင်ပင်နဲ့ အဖြေရှာပြီးမှလုပ် သွားစေချင်ပါတယ်။ အချစ်ရေးမှာယုံကြည်မှုကို ရိုက်ချိုး ခံရတတ်ပါတယ်။ ကျန်းမာရေး ကတော့ ရေချိုးဆင်ခြင်ပါ။ ဒီနေ့မှာရောင်းမှားဝယ်မှားဖြစ်ရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အားထုတ် လုပ်ကိုင်ခြင်းများ ထင်တိုင်း မပေါက်ဖြစ်ရတတ်ပါတယ်။
စနေ
စိတ်ကူးထားတာလေးတွေအကောင်အထည်ဖော်စေ ချင်ပါတယ်။ စိတ်ကူးနဲ့လက်တွေ့ထပ်တူကျနိုင်တဲ့ နေ့ရက် ပါပဲ။ လူများများကိုမိမိအလိုပါလာအောင် သိမ်းသွင်း စည်းရုံးနိုင်ပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တွေကတော့ ဒီနေ့မှာပိုမိုအောင်မြင်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ လူမှုရေးကိစ္စတော် တော်များများအဆင် ပြေပါလိမ့်မယ်။ မိဘတွေဆီကအကူအညီတွေကိုလဲ ရလာ တတ်ပါတယ်။ကျန်းမာရေး အားနည်းချက်မရှိသလောက် ရှားပါတယ်။ အလုပ်အတွင်းမိသားစုဆန်ဆန်လုပ်ကိုင် ပေးခြင်းဖြင့် ပိုမိုအောင်မြင်မှု တွေရလာတတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695