
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၀၅း၁၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၄)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ အရ သိကြားမြေခံဖြစ်ပါတယ်။ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
တီထိမြေခံအရတော့ ကိတ်မြေခံဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ် တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ နေ့သားအလိုက်အချိန်အခါပြန်ရွေး ပြီးမှ သာဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ၁၁လုံး ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့ နေ့ ရက်ပါပဲ။ ဒီလိုနေ့ရက်တွေမှာတော့ နေကောင်းကျန်းမာနေတတ်ပါတယ်။ လူအတော်တော်များ များသွေးလည် ပတ်မှုအားကောင်းပြီး နေသာထိုင်သာရှိမဲ့နေ့ရက်ပါပဲ။လမ်းခရီးသွားစဉ်အတွင်း လာရောက်အလှူ ခံတဲ့ အလှူခံပုဂ္ဂိုလ်ကို သဒါ္ဓကြည်ဖြူစွာလှူတန်းလိုက်ပါ။ကောင်းသောအကျိုးဆက်တွေကိုခံစားသိရှိရပါလိမ့်မယ်။
မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့နေ့ရက်ပါပဲ။ ရေလမ်းခရီးများသွားလာဖို့ကိစ္စကြုံရင်လဲ စိတ်ပူစရာမလိုတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။
သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပက်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူး အဆင်ပြေအောင်မြင်တတ်ပါတယ်။ဒီနေ့မှာဘုရားတည်တာ၊ထီးတင်တာ၊အနေကဇာတင်တာ၊မိမိရဲ့ အဆောင် ပစ္စည်းတွေကို သိဒ္ဓိတင်တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားဆင်းတုတော်များစတင်ပင့် ဆောင် ခြင်း၊ ဘုရား၊ရဟန္တာပုံတော်ကားချပ် များစတင် ချိတ်ဆွဲခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၂၃)နာရီမှ (၂၂း၁၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကရကဋ်စန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနည်းငယ် တော့ ခေတ်ရှေ့ပြေးကြသူတွေဖြစ်ပါတယ်။ အဝတ်အစားရိုးရိုးယဉ်ယဉ်ကိုဝတ်ရတာကြိုက်ပေမဲ့ အလုပ်အကိုင်က တော့ ခေတ်မီတဲ့နည်းပညာတွေ၊ အိုင်တီအလုပ်တွေ အွန်လိုင်းငွေရှာနည်းတွေကိုကြိုက်နှစ်သက်ဝါသနာပါကြသူတွေ ဖြစ်ပါတယ်။ အိမ်ထောင်ရေးသတိထားဖို့လိုပါတယ်။ အိမ်ထောင်ဘက်က မိမိကိုငွေကြောင့်လက်ထပ်တာမျိုးတွေဖြစ် လေ့ရှိပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၉) နာရီမှ (၀၁း၃၀)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ အနက်ရောင်၊ အနီရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသော အဝတ်အစားအသုံး အဆောင် ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစား နိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်သုပ်စား သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
မိမိလုပ်သင့်တာတွေကိုလုပ်ဆောင်တဲ့အတွက် ရလဒ် ကောင်းတွေရလာပါလိမ့်မယ်။ အချိန်ဖြုန်းနေတာတွေကိုလဲ ကောင်းစွာ လျှော့ချသွားနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်လုပ် ငန်းများအတိုက်အခိုက်ရန်များနေတတ်ပါတယ်။ အဆင် ပြေ လေ မနာလိုသူ များလေပါပဲ။ ကျန်းမာရေးအညံ့မရှိပေမဲ့ အိပ်ရေးပျက်တာ၊အသောက်အစားပျက် တာမျိုးတွေ ရှိရင် တော့ ဒီနေ့မှာ ပြန်လည်အားဖြည့်ပါ။ အလုပ်လျှောက်ထား သူများ ရလိမ့်မယ်။ရာထူးတိုးစာမေးပွဲတွေလဲ ရလဒ်ကောင်း ပါလိမ့်မယ်။ လူပျို၊အပျိုများသတိထားပါ။ နာမည် ပျက်ရှိသူတွေက ထောင်ချောက်ဆင်အမိ ဖမ်းတာမျိုးတွေခံရ တတ် ပါတယ်။
တနင်္လာ
မိသားစုအတွင်းစိတ်ချမ်းသာစရာကြုံရလိမ့်မယ်။ အဆင် မပြေတဲ့အိမ်ထောင်ရေးတွေပြန်ပြေလည်မှုတွေ ရရှိတတ် ပါတယ်။ ကံကောင်းနေတဲ့အတွက် အလုပ်တွေထင်ထား သည်ထက်ပိုမိုအဆင်ပြေတတ်ပါတယ်။ အထိုင်အလုပ် ဖြစ် စေ၊လှုပ်ရှား သွားလာရတဲ့အလုပ်ဖြစ်စေ အောင်မြင်တိုး တတ်နိုင်တဲ့နေ့ရက်ပါပဲ။ အရင်ကတည်းကမိမိလေးစားရတဲ့ ဆရာသမားတွေဆီက အကူအညီတွေရလာတတ်ပါ တယ်။ ဘာသာရေးကိစ္စတွေကို စိတ်နှစ်ပြီးလုပ်မိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီလိုနေ့မျိုးမှာတော့ အညံ့အဆိုးကင်းနေ တတ်ပါတယ်။ ငွေရှာလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။
အင်္ဂါ
အားမနာပါနဲ့လို့ပြောချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး လိမ်လည်ခံရတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တော့ လဲ အညံ့မရှိပေမဲ့ စိတ်ဓာတ်ကျပြီး လုပ်ချင်ကိုင်ချင် စိတ်မရှိသလိုဖြစ်နေတတ်ပါတယ်။ စက်ကားမောင်း နေသူ များ အရှိန်လွန်မမောင်းမိဖို့တော့လိုပါတယ်။ လမ်းချော် တဲ့နေရာတွေမှာသတိထားမောင်းနှင်ပါ။ ဒီနေ့ရက်မှာ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်းရှိသူတွေကတော့အဆင်ပြေတတ် ပါတယ်။ စက်ပစ္စည်းဝယ်မယ်ဆို အသစ်ဆိုတာထက် တစ်ပတ်ရစ်ဝယ်တာ ပိုကောင်းပါတယ်။စာရင်းဇယားနဲ့ ပက်သက်ပြီး တော့လဲ အမှားနည်းအောင်လုပ် သင့်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
အလုပ်နဲ့ပတ်သက်ပြီး တဆင့်ပိုမြင့်တဲ့အနေအထားကြုံရ မယ်။ အလုပ်မှာအသိအမှတ်ပြုခံရသည်အထိ အထူးအဆင် ပြေ ပါလိမ့်မယ်။ ကျန်းမာရေးအညံ့မရှိသလောက်ပါပဲ။ အလုပ်တွေထဲ ငွေထပ်ထည့်ပြီးတော့ ရင်းနှီးမြုပ်နှံလို့ အထူး ကောင်းပါတယ်။ ရှယ်ယာအလုပ်များ၊ကုန်သည်စီးပွား များဒီနေ့မှာပိုမိုအဆင်ပြေတတ်ပါတယ်။ စကားကိုရင်းနှီးပြီး လုပ်ရတဲ့ အလုပ်မှန်သမျှ ပိုမိုအဆင်ပြေနိုင်တာကိုတွေ့ ရပါတယ်။ မိမိကိုယ်တိုင်က ဖျတ်လတ်သွက်လက်နေပြီးတော့ အရာရာကိုစွမ်းဆောင် နိုင်ပါလိမ့်မယ်။ လူကြီးမိဘ တွေထံကနေ မုန့်ဖိုးဆို တာမျိုးလဲရတတ်ပါတယ်။
ကြာသပတေး
အလုပ်အကိုင်တွေကို ပိုမိုတိုးတတ်အောင်စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ဝန်ထမ်းများ စာရင်းဟောင်းတွေပြန်စစ်ရတာ၊ အလုပ်ဟောင်းတွေကနေ ပြဿနာပေါ်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ငွေကြေးဥစ္စာနဲ့ပက်သက်ပြီး ရှာဖွေလို့ကောင်း ပေမဲ့ စုဆောင်းရခက်ခဲတတ်ပါတယ်။ ကျန်းမာရေး ကတော့ ရောဂါဟောင်း၊ဝေဒနာဟောင်းတွေ ပြန်ပေါ်လာတတ် ပါတယ်။ သားသမီးတွေရဲ့ကိစ္စအ၀၀ကိုလိုက်ပါ ဆောင်ရွက်ပေးနေ ရတတ်ပါတယ်။ စီးပွားရေးလုပ်ရာ တွင်စကား အမှား တွေပြောမိတတ်ပါတယ်။ အိမ်တွင်းရေး ပြဿနာတွေ ကြီးထွားလာအောင်မိမိကိုယ်တိုင်က မလုပ်မိဖို့လို ပါ တယ်။
သောကြာ
ဆိုင်ဖွင့်ထားသူများ မိမိအောက်လက်ငယ်သားဝန်ထမ်းတွေ ကြောင့်မိတ်ပျက်ရတတ်ပါတယ်။ မိမိဆီမှာရှိတဲ့ အသုံး အဆောင်ပစ္စည်းတွေကိုအလွယ်မထားလိုက်ပါနဲ့။သူခိုးခိုးခံရတတ်ပါတယ်။မေ့ကျန်ပြီးပျောက်ရှတတ်ပါတယ်။ အလွယ် ပြော၊ အလွယ်လုပ်နေတဲ့ စီးပွားဖက်တွေကြောင့်မိမိလဲ စိတ်ညစ်ရတတ်ပါတယ်။ အညံ့အဆိုးကင်းနေတာကတော့ ကျန်းမာရေးပါပဲ။ စက်တွေလည်ပတ်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းများကတော့ စက်တွေခြူခြာတာကြောင့် အလုပ်တွေ နှောင့် နှေးရတတ်ပါတယ်။ မိမိနားမှာရှိနေတဲ့သူတွေ ဟာ ဘယ်သူဟာမိတ်ဆွေစစ်၊မိတ်ဆွေတုဆိုတာကို ခွဲခြားနိုင်မဲ့ နေ့ ရက်လဲဖြစ်ပါတယ်။
စနေ
တစ်ခုခုကိုရှေ့ဆက်တိုးဖို့တွေဝေနေသူများအတွက် ရဲရဲ ရှေ့တိုးဆောင်ရွက်တတ်ဖို့လိုပါတယ်။ ရပ်ဝေးရောက်နေတဲ့ သူတွေဆီကနေအကူအညီရတတ်ပါတယ်။ နိုင်ငံခြား ရောက်နေတဲ့သားသမီးတွေကနေ ငွေကြေးထောက်ပံ့ တာ မျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးကံ ကောင်းမှုတွေကြုံရပါလိမ့်မယ်။ ငွေကံလဲအဘက်ဘက်က အဝင်များနေ တတ်ပါတယ်။ အတွေးအခေါ်နဲ့ပတ်သက် ပြီး စိတ်ကူးမှန်၊အယူအဆမှန်ပါလိမ့်မယ်။ အချစ်ရေး စိတ် ချမ်းသာ ရပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကို အကူအညီ အများကြီးပေးပြီးဖြစ်အောင် ကူညီပေးမဲ့သူတွေ ရှိပါတယ်။ လက်လီစီးပွားများပိုမို အောင်မြင်တတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695