
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတဘ်။
ဒီနေ့နံနက်(၀၅း၂၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၀၈)နာရီဖြစ်ပြီး ၊ ညနေ(၀၆း၀၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံအရ နဂါးမြေခံဖြစ်ပါတယ်။ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
တီထိမြေခံအရ တနင်္လာမြေခံဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်း များမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင် ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၃လုံးပဲရှိသေးပြီးတော့ ကြံ့ခိုင်မှုတွေ၊အင်အားတွေကိုပေးတဲ့ ဇယျာတီထိ ကျ ရောက်တဲ့နေ့ရက်ပါပဲ။ အခက်အခဲတွေ၊ ဖိအားတွေကိုကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ တစ်ပါးသူကို ယုံကြည် ပြီး ခိုင်းရမဲ့အလုပ် တွေဆိုရင် ထိုကိစ္စကို မိမိလဲ တီးခေါက်မိအောင်သိထားသင့်တဲ့နေ့ရက်ပါပဲ၊ ကိုယ့်ဒူး ကိုယ်ချွန်ကိုယ့်လမ်းကိုယ် ဖောက်သူမှန်သမျှ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။စစ်ရေးစစ်ရာနှင့် ပတ်သက် သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင်ခြင်း၊စစ်ရေးလေ့ ကျင့် ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။
ကောင်းမြတ်သော အမြိတ္တယုဂ်တိုက်ဆိုင်နေတာမို့ မင်္ဂလာကိစ္စမှန်သမျှအလေးပေးဆောင်ရွက်သွားနိုင်ပါတယ်။ငွေကံ အားကောင်းနေတာမို့ ဒီနေ့မှာ ရတဲ့ငွေကြေးထဲက တစ်ရွက်ကို အဆောင်အဖြစ်မသုံးဘဲ သိမ်းထားသင့်ပါတယ်။
မိမိအဖွဲ့အစည်းအတွက် ၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊ consultation ခေါ်ပြီးအကြံ ဉာဏ်များ တောင်းခံခြင်းများပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါ တယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူအတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။ ဒီနေ့ဟာ တောင်တက်ခရီးတွေမသွားသင့်ပါ။ ယနေ့ခေါင်းဆေး၊ ခေါင်းလျှော် ပြုက အနာကင်း၍ကျန်းမာမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၅၅)နာရီမှ ည(၂၁း၄၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ တူစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ပညာရေးအတွက် အားရစရာ ကောင်း တဲ့ဇာတာပဲဖြစ်ပါတယ်။ ငွေကြေးလာဘ်လာဘပေါများကြသူတွေဖြစ်သလို လူမစွမ်းနတ်မဆို သလို မိမိမစွမ်း ရင် တောင် ထောက်ပံ့မဲ့သူတွေကူညီမဲ့သူတွေပေါများနေတတ်ပါတယ်။ မကြိုက်တဲ့အချက်ကငွေကို အောက်လမ်း နည်းနဲ့ ရှာချင်စိတ်ရှိတယ်။ လောင်းကစား၊အောက်ဆိုက်ရှာခြင်း၊မကောင်းမှုနဲ့အသက်မွေးခြင်းတွေကို ပိုမိုအားသန် သွား တတ် တာမို့ မိဘကအဆုံးအမတွေကို သေချာပေးနိုင်ဖို့လိုပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၆) နာရီမှ မွန်းလွဲ(၀၁း၂၆)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများဖြစ်ပါတယ်။
ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ သားသမီးများဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် အနက်ရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၄၊ ၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နာနတ်ယို ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်သူများတံဆိပ်အသစ်၊ ကုန်ပစ္စည်းအသစ်စတင်ထုတ်လုပ်တာမျိုးတွေ အထူးကောင်း ပါတယ်။ ကျန်းမာရေးကတော့အစာမကြေတာ ရင်ပြည့် ရင်ကယ် ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ စက်ပစ္စည်းများ ဝယ်ယူလို့ အထူးကောင်းပါလိမ့်မယ်။ စိတ်ရဲ့ အပူ အပင်တွေကနေကင်းဝေးတတ်ပါတယ်။ စိတ်အားတတ်ကြွနေ တာကလဲ မိမိကိုအဆင်ပြေမှုတွေကိုဖြစ် စေပါလိမ့်မယ်။အရာရာတွေဝေမနေဘဲလုပ်ကိုင်လေ အဆင်ပြေလေပါပဲ။ ဒီနေ့မှာရရှိလာတဲ့ အတွေးအကြံတွေက တကယ်အသုံးတည့်မဲ့အတွေးတွေဖြစ်နေတတ်ပါ တယ်။
တနင်္လာ
လက်ကားစီးပွားရေးများအရမ်း ငွေမြုပ်အောင်မလုပ်မိပါစေ နဲ့။ လုပ်ငန်းကြီးများ ရှယ်ယာဝင်တွေနဲ့တိုင်ပင် ပြီးမှ လုပ်ကိုင်ဆောင်ရွက်ပေး ပါ။ ပညာရေးနဲ့ဆိုင်သော အကျိုးစီးပွား များအားနည်းချက်ရှိနေပါသေးတယ်။ အဓိကတော့ ပညာအမွေ စတင်ခံယူခြင်း မျိုးမလုပ်စေချင်တာပါ။ မနိုင်ဝန် ထမ်းရသလိုဖြစ်ရတတ်ပါတယ်။ အားနာတတ်သူများ ပိုမို ဒုက္ခတွေ့ တတ်ပါတယ်။ မိမိမအားတဲ့ကြားကသူများ ကိစ္စတွေကို အားနာပြီး လုပ်ပေးမိတာကြောင့် မိမိအလုပ် တွေနစ် နာရ တတ်ပါတယ်။ စိတ်ဓာတ်နဲ့ပတ်သက်ပြီး စိတ်အတတ်အကျများနေတတ်ပါတယ်။
အင်္ဂါ
အလုပ်ကြောင့်ခရီးများရတတ်ပါတယ်။ ဖခင်ရဲ့အရေး ကိစ္စတွေလိုက်ပါကူညီပေးနေရ တတ်ပါတယ်။ ပညာရေးနဲ့ပတ် သက်ပြီး အခက်အခဲများနိုင်တာကိုတွေ့ရပါတယ်။ ငွေကြေးနဲ့ပတ် သက်ရင် အလုပ် အတွက်ငွေကုန်ရတတ်ပါတယ်။ အလုပ် အဆင်ပြေတယ်ဆိုပြီး တော့ ထပ်ချဲ့ တာမျိုးတော့ မလုပ်ပါနဲ့။ပိုဆိုးသွားတတ်ပါတယ်။ အပေါင်းအသင်းမှား တတ်ပါတယ်။ မိတ်ဆွေတွေကြောင့်မိမိပါ ဒုက္ခရောက်ရ တတ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူး ညံ့ဖျင်းနေတာ တွေ့ရပါတယ်။ခေါင်းမကြည် တာမျိုးတွေ အလွန်ပဲဖြစ်ရတတ်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
ငွေကြေးနဲ့ပတ်သက်ပြီးလဲ ရင်းနှီးမြုပ်နှံ မှုတွေစတင် နိုင်ပါလိမ့်မယ်။ မင်္ဂလာ ကိစ္စများဆောင်ရွက်နိုင်သလို၊ အချစ်ရေး၊ မေတ္တာရေး ကိစ္စများလဲအလေးပေး ပြီး ဆောင် ရွက်နိုင်ပါလိမ့်မယ်။ အိမ်ထောင်သည်များ အပျော် အပါးကိုလျော့သင့် ပါတယ်။မကောင်းတဲ့နေရာများ ၊မကောင်း တဲ့သူများကို အဓိကရှောင်ကြဉ်ရမဲ့နေ့ရက်ပါပဲ။ လက်ဆောင်များလဲ အလွန် ရ လွယ်ပါတယ်။ ကံကြမ္မာရဲ့ဖေးမကူညီ ခြင်း တွေ ကိုရရှိပါလိမ့်မယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေကိုလဲ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ငွေကြေး နဲ့ပတ်သက်ပြီး ရှာလို့ဖွေလို့အလွန် ကောင်းပါတယ်။ကျန်းမာရေးနဲ့ ပတ်သက်ပြီး လဲ စိတ်ချမ်းသာရပါလိမ့်မယ်။
ကြာသပတေး
စုဆောင်းတတ်ဖို့ လိုပါတယ်။ ဝယ်ချင်တာ တွေများနေတာကြောင့်လဲ ကုန်ကျစရိတ်တွေရှိနေတတ်ပါတယ်။ လုပ်ငန်း သစ်စခြင်း၊ အိမ်သစ်မှာစတင်နေထိုင် ခြင်း၊ ရုံးခန်းသစ်မှာစတင် လုပ်ကိုင်ခြင်းတွေအထူးကောင်းပါတယ်။ စက်ကားများ ဝယ်ခြင်း ရောင်းခြင်းတွေစတင်လို့ အထူးကောင်းပါတယ်။ မိမိကာလရှည်ကြာရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေက စတင် အကျိုးအမြတ်ရတတ် ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အခွင့်အလမ်းကောင်းတွေရလာတတ်ပါတယ်။ အလုပ် အော်ဒါ တွေများများရနိုင်တဲ့နေ့မျိုး ပါပဲ။ ခရီးနဲ့ပတ်သက်သောကိစ္စများအဆင်ပြေပါလိမ့်မယ်။
သောကြာ
ရပ်ဝေးကအလုပ်တွေအဆင်မပြေဖြစ်ရ တတ်ပါတယ်။နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့အလုပ်များကြန့်ကြာမှုတွ ေဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ အလုပ်များနေတာကြောင့် ချစ်သူနဲ့ချိန်းဆိုထားရင် ပျက်သွားပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပေမဲ့ အအေးပတ်ပြီးအစာ မကြေတာမျိုးတွေအလွန် ဖြစ်လွယ်ပါတယ်။ ကိုယ် ဒူးကိုယ်ချွန်းကြိုးစားရတတ်ပါတယ်။ သူများဆီကအကူအညီမရ နိုင်တဲ့ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး သူများကို ချေးငှားတာမျိုး ၊အခြားအလုပ်တွေမှာရှယ်ယာထည့် ဝင်တာ မျိုးဒီနေ့မှာရှောင်ပါ။ ခရီးကိစ္စတွေစီစဉ် ပြီးမှပျက်ရ တတ် ပါ တယ်။
စနေ
နိုင်ငံခြားကိစ္စများ ၊နိုင်ငံခြား အင်တာဗျူးများအဆင်ပြေ ပါလိမ့်မယ်။ မိမိကျေးဇူးပြုဖူးသူကလာရောက် ကန်တော့ တာမျိုး၊ ထောက်ပံ့တာမျိုးတွေ ကြုံနေရတတ်ပါတယ်။ အထားမှားနေသော ၊ပျောက်ရှနေသော ပစ္စည်းများ ပြန်လည် တွေ့ရှိရမဲ့ နေ့မျိုးပါပဲ။ မိမိကိုယ်တိုင်ကလဲစိတ် ရှည်မယ်ဆိုရင်အစစရာရာအဆင်ပြေနိုင်တဲ့နေ့ရက် ပါပဲ။ ပြဿနာကြီး ၊အခက်အခဲကြီးတွေကို ကောင်းစွာ ဖြေရှင်း နိုင်ပါလိမ့်မယ်။ သူတစ်ပါးရဲ့ အကူအညီမပါဘဲ အရာ ရာကို ကောင်းစွာ ကိုင်တွယ်နိုင်ပါလိမ့်မယ်။ လူအများ ရဲ့အထင်ကြီးလေးစားခြင်းကို လဲခံရပါလိမ့်မယ်။ ကြန့်ကြာနေ တဲ့ငွေကြေးမှန် သမျှ ပြန်ဝင်လာတတ်ပါ တယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695