
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၂၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၀)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကမြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံအရ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ ဝါရမိတ္တုကြီး ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာတီထိအရတော့လဆန်းတီထိ၆လုံးဖြစ်ပြီးတော့အောင်မြင်မှုတွေ၊ပျော်ရွှင်မှုတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက် တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့သေချာစစ်ဆေးပြီးမှဝယ်စေချင်ပါတယ်။ ငွေကြေးအပေး အယူ လုပ် မယ်ဆိုရင်တော့ သက်သေတွေရှေ့မှာလုပ်ကိုင်ဆောင်ရွက်တာပိုမိုကောင်းပါတယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းရောင်းဝယ် ရေးအလုပ်များအထူးကောင်းပါတယ်။စိတ်ထဲလိုချင်နေတဲ့အကူအညီတွေကိုကောင်းစွာရရှိတတ် ပါတယ်။ ရေကြောင်း ခရီး၊လေကြောင်းခရီးများလဲသွားလာလို့အလွန်ကောင်းပါတယ်။
မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်း ပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ဘဏ်ကိစ္စများလဲ အထူး ဆောင်ရွက် နိုင်ပါ လိမ့်မယ်။
အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့ နေ့ပါပဲ။ကုန်ပစ္စည်းအသစ်များစတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်ပါတယ်။ပြန့်ပွားလိုတဲ့ပစ္စည်းများစတင်မိတ်ဆက်တာမျိုး ဆောင် ရွက်နိုင်ပါတယ်။လုပ်ရိုးလုပ်စဉ်မဟုတ်သော၊ဥပဒေနဲ့မလွတ်သောကိစ္စများဆောင်ရွက်ခြင်းမပြုရ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၄၃)နာရီမှ ည(၂၁း၃၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဗြိစ္ဆာစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ အယူ အစွဲကြီးကြပါတယ်။ ရှေးရိုးဆန်ကြတယ်။တစ်ခုခု ကိုစွဲကိုင်ထားမိရင် မလွှတ်တော့ဘဲ ဒါကအမှန်ဆိုတာမျိုး ပုံသေယူ သွားတတ်တဲ့ဇာတာပါ။ ငွေကြေးအထားအသို ကောင်းတာမို့ ငွေစုဆောင်ရလွယ်ကူကြတယ်။ စီးပွားရေး အား ကောင်း တဲ့ဇာတာမို့ အသက် ၂၈ကစလို့ အောင်မြင်မှု ကိုစတင်ထိတွေ့ရတယ်။ မွေးချိန်အရ ကွာဟမှုတော့ ရှိနိုင် ပါတယ်။ အိမ်ထောင်ရေးစိတ်ချမ်းသာရတတ်ပြီး နာမည် ပေးမှန်မယ်ဆိုရင်တော့ ဘဝအောင်မြင်ရေးအတွက် ပူဖို့ မလိုတဲ့ဇာတာတွေပဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၈း၅၅) နာရီမှ မနက်(၁၀◌း၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ညိုဝါရောင် များများပါသောအဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေးထား ဝတ် ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့်Lucky Number တွေကတော့(၅၊ ၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖခင်ကို ရည်မှန်း ကန် တော့ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
အမိအဘ တွေဆီကအထောက်အပံ့တွေရလွယ်နေတတ်ပါ တယ်။ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ပေးပါ။ အတူနေ ညီအကို မောင်နှမတွေနဲ့ မတည့်တာစိတ်ဝမ်းကွဲတာဖြစ်ရ တတ်ပါတယ်။ မိမိတို့ အနေနဲ့ဒီနေ့မှာ စာမေးပွဲကိစ္စ၊ အင်တာဗျူးကိစ္စတွေရှိရင် အဆင်ပြေအောင်မြင်တတ်ပါ တယ်။ မိတ်ကောင်းဆွေကောင်းတွေပေါများပါလိမ့်မယ်။ ဆရာသမား တွေဆီကအကူအညီ ကောင်းတွေရလာတတ်ပါ တယ်။ အလုပ်နဲ့ပတ်သက်ပြီး နယ်ခရီးထွက်ရ တာမျိုးတွေ လဲ ကြုံရ နိုင်ပါတယ်။ မိမိတို့လိုချင်တဲ့ ရွှေငွေ၊ လက်ဝတ် ရတနာတွေကိုလဲ ဝယ်ယူလို့အလွန်ကောင်းတဲ့ နေ့ရက်ပါပဲ။
တနင်္လာ
ငွေကြေးနဲ့ပတ်သက်ပြီးတော့ အသုံးနဲ့အဖြုန်းကိုခွဲခြား သုံးစွဲတတ်ရင်အဆင်ပြေပါပြီ။ လူငယ်တွေဆိုရင်တော့ မိဘတွေ အုပ်ထိန်းသူတွေနဲ့ စကားများပြဿနာတတ် ရတတ်ပါတယ်။ခရီးကိစ္စများ၊ကုန်သွယ်စီးပွားကိစ္စများ အခက်အခဲများ နိုင်ပါ တယ်။ အပေါင်းအသင်းကြောင့် ဒုက္ခ ရောက်တတ်ပါတယ်။ ဆိုးတဲ့ရမ်းကားတဲ့မိတ်ဆွေ တွေနဲ့သွားလာတာမျိုး တတ်နိုင် သလောက် ရှောင်လိုက်စေချင် ပါတယ်။အလုပ်စီးပွားတွေမှာတော့ အဖျက်တွေဝင်တတ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အမှားလုပ်ထားတာတွေ ကို ပြန်လည်လုပ်ကိုင်နေရတတ်ပါတယ်။
အင်္ဂါ
မိမိနဲ့ပတ်သက် တဲ့ သတင်းအချက်အလက်တွေ၊ လျှို့ဝှက် သင့်တဲ့စကားတွေကိုမပေါက်ကြားအောင် ထိန်းသိမ်းသင့်တဲ့ နေ့ရက် ပါပဲ။ဒီနေ့မှာစိတ်ကိုမိမိဝါသနာပါရာ အလုပ်တစ် ခုခုမှာနှစ်ထားလိုက်စေချင်ပါတယ်။ ရည်ရွယ် ထားတဲ့ ခရီးစဉ်တွေပျက်ရ တတ်ပါတယ်။ ကတိလွယ်လွယ်ပေးတဲ့ သူတွေကြောင့်စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး မှာ ချစ်သူ တောင်းဆိုတာကို မလိုက်လျောမိ တာကြောင့်ပြဿနာ လေးတွေဖြစ်နေ ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက် ရင်လဲ လက်ရှိအနေအထား ထက် တိုးချဲ့ လုပ်ကိုင်ခြင်းမျိုးရ သလောက်ရှောင်လိုက်ပါ။ ငွေကိုလွယ်လွယ်နဲ့ မသုံး လိုက်မိဖို့ အရေးကြီးပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
လူမှုရေးကိစ္စတွေ၊ အလှူအတန်းကိစ္စတွေလဲ လိုက်ပါဆောင် ရွက် ပေးနေရတတ်ပါတယ်။ သူတစ်ပါးရဲ့ အကူအညီ တွေအများ ကြီးရလာတတ်ပါတယ်။ မိသားစုစီးပွားရေးများနှင့် အသေးစားအလတ်စားစီးပွားရေးများတိုးတတ် ကောင်း မွန်ပါလိမ့်မယ်။ ဒီလိုနေ့မျိုးမှာလဲမိမိရင်ထဲမှာပရဟိတစိတ်၊သူတစ်ပါးကိုကူညီချင်စိတ်လေးတွေကိန်းအောင်း နေတတ် ပါ တယ်။ စိတ်ကူးထား တာ လေးတွေလက်တွေ့ဖြစ်ဖြစ်လာတတ်ပါတယ်။ ကောင်းတဲ့မွန်မြတ်တဲ့ကိစ္စတွေကို အလေး ပေး လုပ်ကြည့်ပါ။ ဆိုင်များ ဈေးဝယ်သူကို စေတနာ ပါပါနဲ့ရောင်းကြည့်လိုက်ပါ။ အဘက်ဘက်ကအဆင် ပြေပါလိမ့် မယ်။
ကြာသပတေး
ငွေကြေးလာဘ်ရွှင်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ငွေအစု လိုက်ဝင်တတ်ပါတယ်။ အချစ်ရေးစန်းကောင်းနေတဲ့ နေ့ ရက်ဖြစ်တာ ကြောင့် မိမိချစ်ရသူကို ရင်တွင်းခံစားချက် တွေထုတ်ဖော်ပြီး ချစ်ခွင်ပန်သင့်တဲ့နေ့ရက်ပါပဲ။ ပညာရေး ဟော ပြောပွဲများ၊ စာပေ နှင့် စာနယ်ဇင်း မိတ်ဆက် ပွဲများအထူးဆောင်ရွက်လို့ကောင်းပါတယ်။ စိတ်ကူးထားသမျှ အဆင်ပြေ တိုးတတ်မှုတွေရှိပါလိမ့် မယ်။ ရည်ရွယ် ထားတာလေးတွေကိုလက်တွေ့ အကောင်အထည်ဖော်လာနိုင် ပါလိမ့်မယ်။ ငွေကြေးစတင်စုဆောင်းလို့အလွန် ကောင်းပါတယ်။ ချစ်သူနဲ့ပျော်စရာအချိန်တွေကိုဖန်တီးနိုင်ပါ လိမ့် မယ်။
သောကြာ
စက်ပစ္စည်းအသစ်အဆန်းဝယ်တာမျိုးဆိုနားလည်သူတွေ ကိုမေးမြန်ပြီးမှပဲဝယ်စေချင်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အောက် လက်ငယ် သားတွေနဲ့လွှတ်မထားဘဲ မိမိကိုယ် တိုင်ဦးစီးပါ။ စိတ်ပူပန်စရာကိစ္စလေးတွေများနေတတ်ပါတယ်။ တွေးထင် စိတ်ကူး ထား တဲ့ကိစ္စတွေက လက်တွေ့မဖြစ် လာသေးတာမျိုးကြုံရတတ်ပါတယ်။မိုးလင်းကတည်းကtime table လေးဆွဲ ထား လိုက်ပါ။ အဲလိုမှမဟုတ်ရင်အရေး မပါတဲ့ကိစ္စတွေနဲ့အချိန်တွေကုန်သွားတတ်ပါတယ်။ ကျန်းမာ ရေး ပတ်သက်ရင်တော့ မတည့်တဲ့အစား အသောက် စားမိရာကနေ ရောဂါတိုးလာတတ်ပါတယ်။
စနေ
ဒီနေ့မှာကုန်စရာများနေတာကြောင့် ချွေတာနေရတတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ စန်းအားကောင်းနေတာ ကြောင့် ရေလာ မြောင်းပေးစကားတွေ ပြောလာမဲ့သူတွေအနားမှာရှိနေတတ်ပါ တယ်။ ကြန့်ကြာနေတဲ့ လုပ်အားခတွေ ရှိရင် ဒီနေ့ပြန်ရလာ တတ် ပါတယ်။ ဘာလုပ်လုပ်လေးလေးနက်နက်ထားပြီး လုပ်တတ်တဲ့အကျင့်ရှိသူတွေ အဆင်ပြေ မှုပိုများတတ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်အပြည့်နဲ့ကူညီခဲ့တာတွေရဲ့ အကျိုးဆက်ကိုပြန်ခံ စားရတတ်ပါ တယ်။လိုချင်တာတွေကိုရအောင် ဖန်တီး ယူနိုင်ပါလိမ့်မယ်။ အရှုပ်တွေရှိရင်လဲရှင်းထုတ်နိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695