
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၀၅း၂၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၆း၁၁)နာရီဖြစ်ပြီး ၊ ညနေ(၀၅း၅၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သိကြားပြဿဒါး၊အမြိတ္တစုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ၂လုံးပဲရှိသေးပြီးတော့ ကံကောင်းခြင်း၊ ကြွယ်ဝခြင်းတွေကိုပေးတဲ့ ဘဒြာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အတီးအမှုတ်အကအခုန်နှင့်ပတ်သက်သော လုပ်ငန်းများ၊ အနုပညာ နှင့်ပတ်သက်သော ကိစ္စများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။လက်မှုအတတ်ပညာနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများ အထူးပဲအဆင်ပြေ နေတာကိုတွေ့ရပါတယ်။
နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းဆောင်တာများအဘက်ဘက်ကနေတိုးတတ်လာနိုင်တာကိုတွေ့ရပါလိမ့် မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်တွေနဲ့ တိုးတတ်ပါလိမ့်မယ်။ customer တွေရဲ့ စိတ်ကျေနပ် မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဗုဒ္ဓဟူးဂြိုဟ်နောက်ပြန်သွားခြင်းမှရပ်တန့်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀◌း၃၉)နာရီမှ (၂၁း၃၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဓနုစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ရှည်ကြသူ တွေဖြစ်တယ်။ တော်ရုံဒေါသထွက်ခဲပါတယ်။ လူဘဝနဲ့နီးနဲ့လူဝင်စားတဲ့သူတွေဖြစ်တာမို့ ဒီနေ့မွေးသူ များဟာ သိလွယ်၊ နားလည်လွယ်၊ခံစားလွယ်ကြသူတွေဖြစ်ပါတယ်။ ကျန်းမာရေးကတော့ အသက်ခြောက်နှစ်ထိ အနည်းငယ်ဂရုစိုက် ပေးရ တတ်ပါတယ်။ ရေနဲ့ဓာတ်မတည့်တာမို့ အရွယ်မရောက်သေးခင် ရေကူးတာ၊ရေဆော့တာ မျိုးတွေကို အုပ်ထိန်း သူမပါဘဲ မဆော့သင့်ပါ။ဘဝမှာ အတိတ်ကံအကျိုးပေးပါလာကြတာမို့ တော်ရုံကတော့ကံက ပဲဖေးမသွားနိုင်တာကို တွေ့ရ ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၄) နာရီမှ ညနေ(၀၅း၅၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သား တနင်္ဂနွေ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ ညိုဝါရောင် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆)ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိတ်မုန့်အနည်းငယ် စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘယာကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
ကံကောင်းမှုတွေ အဆင်ပြေမှုတွေကို ဆက်တိုက်ကြုံရတတ်ပါ တယ်။လူတစ်ဖက်သားရဲ့အကူအညီတွေကိုတော့ လက်မခံလိုက်ပါနဲ့။ သူတို့တွေကတော့ အကျိုးလိုလို့ညောင်ရေ လောင်းတာမျိုးတွေဖြစ်တတ်လို့ပါ။ စိတ်ပင်ပန်း ရတာတွေ လျော့ပါးသက်သာပါလိမ့်မယ်။ ညဘက်အပြင်ထွက် တာမျိုး၊သောက်စားသွားလာ တာမျိုး တော့ ဒီနေ့မှာ ရှောင်လိုက်ပါ။ ဒီနေ့မှာပင်ပန်းအဆင်းရဲခံကြိုးစားထားတာ တွေဟာ နောက်ရက်တွေအတွက် အဆင်ပြေမှုတွေကို ကြုံရပါလိမ့်မယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကိုပေါင်း ရာမှာ ခပ်ဆိုးဆိုးသူငယ်ချင်းတွေ ကိုတော့ ဒီနေ့ရှောင် စေချင်တယ်။
တနင်္လာ
မိတ်ဆွေရင်းချာတွေအတွက်ပူပန်ရတတ်ပါတယ်။ သူတို့ရဲ့ အဆင်မပြေမှုတွေကိုကူညီပေးရတတ်ပါတယ်။ မိမိ ဖြစ် ချင်တာ တွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်အော်ဒါ တွေများတာကြောင့် ပင်ပန်းဆင်းရဲ ရမဲ့နေ့ ရက်ပါ။ မိမိလုပ်ငန်းခွင်အတွင်း ဆရာသမားတွေအပြောင်းအလဲဖြစ်ရတတ် ပါတယ်။ လူကြီးအပြောင်းအလဲ ကြောင့် အလုပ်တွေလဲအနည်းငယ်ရှုပ်ရတတ်ပါတယ်။ အိမ်ပြင် တာ၊အိမ်စတင် ဆောက်တာမျိုးတော့ ရှောင်လိုက်စေချင်ပါ တယ်။ ကျန်းမာရေးကတော့ ခေါင်းမကြည်တာ၊ ခေါင်း ကိုက်တာမျိုးတွေ ဖြစ်လွယ်နေပါလိမ့်မယ်။
အင်္ဂါ
ဘာလုပ်လုပ်ပန်းခင်းလမ်းဖြစ်နေတတ်ပါတယ်။ အခက်အခဲ နည်းပြီး အဆင်ပြေမှုတွေများနေတတ်ပါတယ်။ ကံ ကောင်းတာတစ်ခုကတော့ငွေအစုလိုက်ဝင်နိုင်တဲ့နေ့မျိုးပါပဲ။ရစရာရှိတဲ့ငွေတွေလဲရနိုင်တဲ့နေ့ရက်မျိုးပါပဲ။ လူအများရဲ့ လေးစားခြင်းကို ခံရတတ်ပါတယ်။ နာမည်ဂုဏ်သတင်း မွှေးပျံ့ပါလိမ့်မယ်။ ချစ်ရသူကိုဖွင့်ပြောလို့ကောင်းတဲ့နေ့ ဖြစ် ပါတယ်။ ငွေပေးငွေယူ ကိစ္စများ၊ ဘဏ်ကိစ္စများ၊ငွေကြေး ဝန်ဆောင်မှုနှင့်ပတ်သက်သော ကိစ္စများအထူး ကောင်းပါ လိမ့်မယ်။ ရေထွက်ကုန် လုပ်ငန်း၊ပင်လယ်စာလုပ်ငန်းများ ပိုမိုတိုးတတ်ပါလိမ့်မယ်။
ဗုဒ္ဓဟူး၊ရာဟု
ဆန္ဒလေးတွေပြည့်ဝနေတတ်ပါတယ်။ စိတ်ထဲဆုတောင်း ထားတာလေးတွေပြည့်ဝတတ်ပါတယ်။ စက်ကားများ ဝယ်ယူ လို့ သင့် တော်တဲ့နေ့ရက်ပါပဲ။ကောင်းသောလိုအင် ဆန္ဒများလဲ ပြည့်ဝရတတ်ပါတယ်။ ချစ်သူရဲ့အလိုလိုက်ခြင်း ကိုခံ ရတတ် ပါတယ်။အိမ်တွင်း မီးအလှဆင်ခြင်းများ လဲ ဆောင်ရွက်နိုင်ပါတယ်။ ကံကောင်းနေသလို ဉာဏ်ဝီရိယပါ စိုက် ထုတ်လုပ်ကိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန် အဆင်ပြေပါလိမ့်မယ်။ သူတစ်ပါးရဲ့အကူအညီတွေကို ရလွယ် ပါလိမ့်မယ်။ လူချစ်လူခင်တွေများ နေရတတ် ပါတယ်။လူအများရဲ့အခက်အခဲတွေကိုလဲ ကူညီဖြေရှင်းပေး နိုင်ပါလိမ့် မယ်။
ကြာသပတေး
ကိုယ်ပိုင်လုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။ စိတ်ကူးထား တာ လေးတွေပြည့်မြောက်ရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ အထူးကောင်းပါတယ်။ မိမိဖြစ်ချင် တာတွေ ကိုကောင်းစွာလုပ်ရတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက် ရင်တော့ စီးပွားရေးနဲ့ဆိုင်သော ပညာများ သင်ယူ ခွင့်တွေရရှိတတ်ပါတယ်။ နှုတ်ဆိုပါစေ၊ကြမ်းတမ်းတဲ့ စကားအပြောအဆိုတွေကို ရှောင်လိုက်ပါ။ သူတစ်ပါး ရဲ့အကူအညီတွေကိုလဲ အထူးရရှိမယ်။လုပ်ဖော်ကိုင်ဖက် တွေရဲ့ဝိုင်းဝန်ကူညီမှုကြောင့်် မိမိ ခက်ခဲနေတဲ့ကိစ္စတွေ ပြေလည်သွားရတတ်ပါတယ်။
သောကြာ
အချစ်ရေးနဲ့ပတ်သက်ပြီး မိမိမာနတွေကိုထိပါးလာ တာမျိုးတွေကြုံရတတ်ပါတယ်။ကောင်းသောအခြေအနေတွေ ကိုကြုံရတတ်ပါတယ်။ မိဘတွေက စေတနာစကား ဆိုပေမဲ့မိမိရဲ့အခွင့်အရေးတွေကိုပိတ်ပင်သလိုမျိုး ဖြစ်ရတတ် ပါတယ်။အိမ်ထောင်ရေးမှာလဲနားလည်မှုတွေ လွဲတတ် ပါတယ်။ လူပင်ပန်းရတတ်ပါတယ်။သူတစ်ပါးတွေရဲ အခက် အခဲ တွေကိုလိုက်ပါဆောင်ရွက်ပေးနေရတတ်ပါတယ်။ မိမိဖြစ်ချင်တဲ့ကိစ္စတွေကို လုပ်ကိုင်ဖို့အခွင့်အရေးမပေးသေး ပါဘူး ။ စီးပွားရေးမှာလဲ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ် ထွင်ပြီး လုပ်မှပဲ အဆင်ပြေမှုတွေရလာတတ်ပါတယ်။
စနေ
အဆင်မပြေတာလေးတွေများနေတတ်ပါတယ်။ အလုပ်ခွင်မှာ ဘယ်လောက်စေတနာထားထား မျက်နှာကောင်း မရ တာ တွေဖြစ်တတ်ပါတယ်။ စိတ်အလိုမကျစရာတွေဖြစ်နေရ ပေမဲ့ လောကဓံရဲ့ရိုက်ခတ်မှုလို့ သဘောထားကျော်ဖြတ် လိုက်ပါ။ မိမိရဲ့အောက်လက်ငယ်သားဝန်ထမ်းတွေ အလုပ်ပျက်တာများပါလိမ့်မယ်။ ဒါကြောင့်အလုပ်နှစ်ဆလုပ် ရတတ်ပါ တယ်။ ဝတ်ထားတဲ့ရွှေတွေပြတ်သွားတာပျောက် သွားတာ မျိုးတွေလဲဖြစ်ရတတ်ပါတယ်။ ကျန်းမာရေး အတွက် တော့ စိတ်မညစ်ရပေမဲ့ မိသားစုဝင်တွေကျန်းမာရေး အားနည်း တာကြောင့်စိတ်ပူရတတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695