
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၂၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့်သေးပါ။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ နဂါးပေါ်ရက်၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၃လုံး အင်အားတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယာတီထိကျရောက်တဲ့ နေ့ ရက် ပါပဲ။ဒီလိုနေ့ရက်တွေမှာတော့အတတ်ပညာတစ်ခုတတ်ကျွမ်းသူနှင့်ရှယ်ယာဝင်ခြင်း တွေ၊ အခက်အခဲတွေ အတွက်ကောင်းစွာဖြေရှင်းခြင်းတွေ၊အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးခြင်းတွေ ကိုအထူးဆောင်ရွက်လို့ ကောင်းပါတယ်။နာတာရှည်ဖြစ်နေသူများ ဆေးစွမ်းကောင်း၊ ဆရာကောင်းနှင့်ဆုံပြီးသက်သာပျောက်ကင်းမည် ။အကြီးအကဲများထံမှ သြဝါဒခံယူလို့အလွန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုတွေတစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီးလုပ်စေချင်ပါတယ်။တန်ဖိုးကြီးပစ္စည်း အသစ်များ ဝယ်မယ်ဆိုဒီနေ့ကမသင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လုပ်လက်စအလုပ်တွေမှာ ကြုံတွေ့နေရတဲ့အခက်အ ခဲတွေကိုလဲ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။
အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့အလုပ်များကုန်မာပစ္စည်းရောင်းဝယ်တဲ့အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။ ရေနံ သဘာဝဓာတ်သတ္တုများ စူးစမ်းရှာဖွေခြင်းမျိုးအထူးဆောင်ရွက်နိုင်ပါတယ်။ မြေသန့်မင်္ဂလာများပြု လုပ်ခြင်းများအထူး ကောင်း ပါတယ်။ အစုရှယ်ယာဝင်ခြင်း၊ဖက်စပ်လုပ်ခြင်းများလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါ တယ်။
ဘာသာရေးနှင့်ပတ်သက်ပြီးတော့လဲ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ဘုရားတည်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။ မိမိရဲ့ ကုန်ပစ္စည်းများကို mediaက ကြော်ငြာခြင်း၊online ကနေကြော်ငြာခြင်းများ လဲဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၀◌း၀၀)နာရီမှ (၂၀◌း၅၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယို ဆိုတာ မျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့ စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မိဿစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ပညာ ရေးကံအားသာချက်ရှိကြသူတွေဖြစ်ပါတယ်။ မိဘတွေရဲ့အထောက်အပံ့ကိုကောင်းစွာရရှိတတ်ပြီး ကူညီမဲ့သူတွေ ပေါများမဲ့ ဇာတာရှင်ဖြစ်ပါလိမ့်မယ်။ အလုပ်ပိုတွေကို လျှောက်လုပ်တတ်သူလဲဖြစ်ပါတယ်။ ဘဝမှာနေရာကောင်း ရတတ်တဲ့ဇာတာမို့ ရာထူးကြီး၊ဂုဏ်ဒြပ်ကြီးမားတဲ့နေရာတွေမှာ အကြီးအမှူးခန့်အပ်ခြင်းကိုခံရတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁း၅၂) နာရီမှ မွန်းလွဲ(၁း၂၁)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်းပါတယ်။
ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သား အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ တနင်္လာ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ဒီနေ့မှာ ကာကီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပဲကပ်ကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
ခရီးသွားလုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။အနုပညာအလုပ် များ အဆင်ပြေမှုတွေများမဲ့နေ့ရက်ပါပဲ။ ငွေရှာရလွယ် ပါတယ်။ ကိုယ်ပိုင် အလုပ်များ ဖောက်သည်တွေ တိုးပါလိမ့်မယ်။ အလုပ်မှာအကြီးအကဲတာဝန်ယူထားသူ ဆိုရင်တော့ အောက်လက် ငယ်သားတွေကို မိမိလိုရာ ပုံသွင်းနိုင်မဲ့နေ့ရက်ပါပဲ။ စိတ်ချမ်းသာမှုတွေများနေတတ်ပါတယ်။ မိတ်ကောင်းဆွေ ကောင်းတွေရဲ့အကူအညီတွေ အများ အပြားရတတ်ပါတယ်။ခရီးတို၊ခရီးရှည် တွေသွားရမယ် ဆိုရင်လဲ ကောင်းသော ခရီးအဆင်ပြေတဲ့ခရီး တွေဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။
တနင်္လာ
လက်လွတ်စပယ်လုပ်ထားမိတဲ့ကိစ္စတွေကနောင်ပြဿနာ ကြီးလာတတ်ပါတယ်။ သေးငယ်တဲ့အလုပ်တွေကအစ အားထည့်ပြီးလုပ်ကိုင်ပါ။ မိမိအိမ်မှာ အရွယ်ရောက်ပြီဖြစ်တဲ့ သားသမီးတွေရှိရင်တော့ ရပ်ဝေးကိုခရီးသွားတာပဲ ဖြစ်ဖြစ်၊ အိမ်ကနေစိတ်ဆိုးပြီးဆင်းသွားတာပဲဖြစ်ဖြစ်တွေ့ရ တတ်ပါတယ်။ လုပ်ငန်းခွင်အ တွင်းလုပ်ဖော်ကိုင်ဖက် တွေရဲ့ အလိုကိုလိုက်ပါ။ အောက်လက်ငယ်သားတွေကို သူတို့နိုင်မဲ့ကိစ္စတွေကို လုပ်ပိုင်ခွင့် တွေပေးလိုက်ပါ။ မိမိကို ပိုချစ် ပါလိမ့်မယ်။ ကျန်းမာရေးကတော့ဒီနေ့ဟာ အားနည်းတယ်။ လေဝမ်းသတိထားပါ။ ဝမ်းပျက်လွယ်နေတတ်ပါ တယ်။
အင်္ဂါ
အိုးအိမ်ကိစ္စတွေဆောင်ရွက်လို့မကောင်းသေးပါဘူး။ အလုပ်အင်တာဗျူးဖြေခြင်းများ ၊စာမေးပွဲဖြေခြင်းများ အထူး ညံ့နေ တတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေ ထက် ဒုက္ခပေးမဲ့ သူတွေနဲ့ကြုံရဆုံရတတ်ပါတယ်။ ဆရာအတု အယောင်တွေ နဲ့ အလွန်ပဲကြုံရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အခက်အခဲများနေတတ်ပါတယ်။ အလုပ်ခွင် အတွင်း မိမိနားမလည်တဲ့ အပိုင်းတွေကို လုပ်ကိုင်ပေးနေရတတ်ပါတယ်။ လက်ရှိလုပ်နေရတဲ့အလုပ်တွေ ကနေ စိတ် ကုန်၊စိတ်ပျက်နေမိတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းသာရပါလိမ့်မယ်။ ဒီနေ့က တော့ပင်ပန်း ရတာတွေများနေတတ်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
အပန်းဖြေခြင်း၊အနားယူခြင်းများအလေးပေးဆောင်ရွက်စေ ချင်ပါတယ်။ ကျန်းမာရေးကတော့အကောင်းဘက်ကို အလေးသာ ပါတယ်။ ဘုရားရှင်ရဲ့ ပရိတ်ပဌာန်းတွေကိုအထူး ရွတ်ဖတ်ခြင်းဖြင့်ကံကောင်းစေပါတယ်။ မိမိရဲ့ကြိုးစား ထားသမျှကို အသိအမှတ်အပြုခံရခြင်း၊ချီးကျူးခံရခြင်း မျိုးတွေကြုံရတတ်ပါတယ်။ လုပ်သမျှအဆင်ပြေခြင်း၊ ကြံစည် သမျှအောင်မြင်ခြင်းတွေကြုံ ရတတ်ပါတယ်။ တွေးတောကြံစည်ထားတာတွေလက်တွေ့အကောင်အထည်ဖော် လာ နိုင် မဲ့နေ့ရက်ပါပဲ။ကံကောင်း ခြင်းတွေနဲ့ အတူ ပျော်စရာတွေလဲ ကြုံရတတ်ပါတယ်။
ကြာသပတေး
ကိုယ်ပိုင်စီးပွားတွေလဲအလုပ်အော်ဒါတွေအများအပြားကို မနိုင်ဘဲ လက်မခံလိုက်ပါနဲ့။ ကျန်းမာရေးကတော့ အားနည်း နေတတ်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ ဆေးမြီးတို နဲ့ မကုပါနဲ့။ ဒီနေ့ဟာ ရောဂါဖြစ်ရင်ကြီးမားတတ်ပါ တယ်။ ငွေကုန်ကြေးကျများနေလိမ့်မယ်။ မိမိပိုင်ငွေ တွေ၊စုထား ငွေတွေလဲ ထုတ်သုံးရတတ်ပါတယ်။ စိတ်ကူးထားတာ လေးတွေ ပြည့်မြောက်လာတတ်ပါတယ်။ မိမိဖြစ် ချင်တာတွေကို ကူညီပေးမဲ့သူတွေရှိလာတတ်ပါတယ်။ ဝန်ထမ်း တွေ ကတော့ အလုပ်တွေပိနေတတ်ပါတယ်။ အလုပ်မှာ အချိန်ပိုတွေဆင်းနေရတတ်ပါတယ်။
သောကြာ
ငွေကြေးစီးပွား ကို သင့်တော်ရုံရှာပါ။ မသမာနည်းနဲ့ ရှာမိရင်တော့ အညံ့များနေတတ်ပါတယ်။ ကောင်းမွန်သော ခရီး တွေသွားနေရ တတ်ပါတယ်။ အဓိဌာန်ဝင်ခြင်းများ ဒီနေ့မှာ စနိုင်ရင်ပိုကောင်းပါတယ်။ လူငယ်တွေဆို လက်ရှိချစ်သူ အပေါ် စိတ်ကုန် ၊စိတ်ပျက်နေမိတတ်ပါတယ်။ အခွင့်အရေးနှစ်မျိုး၊ အလုပ်အကိုင်နှစ်မျိုးလဲဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ စိတ်ချမ်းသာရ ပါလိမ့်မယ်။ မိမိစိတ်ကူးတဲ့အတိုင်းအကောင်အထည်ဖော် လိုက် ပါ။ အဖျက်ဝင်တတ်ပေမဲ့ ရေတိုမကြည့်ဘဲ ရေရှည်ကြည့်ပြီးလုပ်လေအဆင်ပြေလေပါပဲ။
စနေ
ကျန်းမာရေးကတော့ ဒီနေ့မှာဒေါင်ဒေါင်မြည်ကောင်းနေပါလိမ့်မယ်။ ဘာသာခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ထားသော အလုပ်များ ရှိရင်တော့ အကျိုးဖြစ်ထွန်းပါလိမ့် မယ်။လှောင်ကုန်များရောင်းထုတ်လို့ အကျိုးအမြတ်များမဲ့နေ့ရက်ပါပဲ။ အရာရာစွန့်လွှတ်အနစ်နာခံထားသမျှပြန်လည်အကျိုးခံစားရ မဲ့နေ့ရက်ပါပဲ။ ထီကံစမ်းလိုသူများဒီနေ့မှာ ထီထိုးလို့ အလွန်ကောင်း ပါတယ်။ 6/0/3 များများပါတဲ့ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ ချစ်ရသူကိုမေတ္တာတောင်း ခံလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ အထက်လူကြီးတွေကို လုပ်ငန်းလိုအပ်ချက်တွေကို တင်ပြလို့အထူးကောင်း တဲ့နေ့ရက်ပါပဲ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695