
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
တီထိမြေခံ အရသောကြာမြေခံဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်း အကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ နဂါးပေါ်ရက် ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ ၆နာရီအထိ တီထိ၁၄လုံးအနိဋ္ဌသဘောဆောင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။ဒီလိုနေ့ရက်တွေမှာတော့ ကျန်းမားရေးနဲ့ပက်သက်ပြီး ဆေးစစ်ခြင်း၊ဆေးကုခြင်းအဆင့်ဆင့်ပြုလုပ်နိုင်ပါ တယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်များချမှတ်နိုင်ပါတယ်။ အခက်အခဲများလဲချမှတ်နိုင်ပါလိမ့်မယ်။ အရောင်းထိုင်း ပစ္စည်းများ အရောင်းသွက်လာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ရပိုင်ခွင့်များလဲ ပြန်လည်တောင်းခံနိုင်မဲ့နေ့ရက်လဲဖြစ်ပါ တယ်။ဆိုင်းဘုတ်တင်ခြင်းတွေ၊
ဒီလိုနေ့မျိုးမှာတော့ နိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ နိုင်ငံခြားဖို့ အင်တာဗျူးဝင်ဖြေခြင်း တွေ၊ လိုက်ပါဆောင်ရွက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေမှာလုပ်ကိုင်ကြသူ များအထူးပဲအဆင်ပြေမှုတွေရရှိတတ်ပါတယ်။
ဖြိုဖျက်ခြင်းတွေကိုဦးစားပေးတဲ့ နေ့ရက်ဖြစ်တာကြောင့် အိမ်ဟောင်းဖျက်တာ၊ ဆောင်ဟောင်းဖျက်တာ၊ အိမ်တွင်း မလွတ်တဲ့သစ်ပင်တွေခုတ်လှဲတာ၊ ခြံစည်းရိုးအသစ်ပြန်လည်ကာတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။
အများရဲ့ဝန်ကိုထမ်းရတဲ့နေ့ဖြစ်တာကြောင့် ပရဟိတအလုပ်တွေ၊လူမှုကယ်ဆယ်ရေးအလုပ်တွေ၊အထူးဆောင်ရွက် ဖြစ်ပါလိမ့်မယ်။ အနာရောဂါတွေကို ခွဲစိပ်ကုသခြင်းများလဲ ဆောင်ရွက်လို့သင့်တဲ့နေ့ပါပဲ။
ဆေးလုပ်ငန်းများ၊စာအုပ်နှင့်စာရေးကိရိယာ လုပ်ငန်းများအဆင်ပြေအောင်မြင်မှုတွေများနေတတ်ပါတယ်။ ဆန် ရောင်း ဝယ်ခြင်း၊ဆန်ပွဲရုံများအထူးပဲအဆင်ပြေအောင်မြင်မှုတွေရနေတတ်ပါတယ်။
ရှောင်သင့်တာတွေကတော့ ရှင်ပြုခြင်းနားသခြင်းပဉ္ဖင်းခံခြင်းများလဲ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ အရောင်း အဝယ်စာချုပ်များ၊ အိမ်၊ကား၊မြေ၊ဆိုင်စတဲ့ အရာများဝယ်ယူခြင်းစာချုပ်များ အထူးရှောင်သင့်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၉း၁၃)နာရီမှ (၂၀း၀၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကန်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ သူတစ်ပါး တွေနဲ့ ကွဲပြားတဲ့အတွေးအခေါ်ရှိကြသူတွေဖြစ်ပါတယ်။ ခရီးသွားရတာဝါသနာပါပြီးတော့ ခရီးသွားလုပ်ငန်းများနဲ့ စကားပြန်၊ဂိုက်အလုပ်များနဲ့အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးအညံ့အဆိုးနည်းပြီးတော့ တော်ရုံကူးစက်ရောဂါ လဲခုခံနိုင်တဲ့အင်အားရှိကြသူတွေဖြစ်ပါတယ်။ မွေးစကနေ ၁၅နှစ်အတွင်း အိုးအိမ်အပြောင်းအလဲ ကြုံရတတ်သလို ငယ်ရွယ်စဉ်ကာလတွေမှာလဲ မျက်စိထိခိုက်နိုင်တာမို့ ဖုန်း၊တီဗီအလွန်အကျွံကြည့်ခြင်းများ အထူးသတိပြုသင့်တယ်
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၇း၂၈) နာရီမှ မနက်(၈း၅၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင်ရင့်ရင့် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အလင်းတိုင် ဘုရား ပူဇော် ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း
တနင်္ဂနွေ
စိတ်ပင်ပန်းမှုတွေများပြားပြီးအတိုက်အခံရန်ဆွယ်တွေနဲ့ ကြုံနေရတတ်ပါတယ်။ ပြဿနာတွေအတိုက် အခိုက် တွေကြားကနေ ရုန်းကန်ကြိုးစားရပါလိမ့်မယ်။ကျန်းမာရေး ကတော့အညံ့များနေတယ်ဗျ။ ခေါင်းကိုက် ခေါင်းမူး အလွန်ဖြစ်လွယ်ပါတယ်။ အိမ်ထောင်သည်များလူမှုရေး အရှုပ် အရှင်းတွေကြောင့်လင်မယားချင်း ပြဿနာတတ်ရတတ်ပါတယ်။ စိတ်ထဲလိုချင် တာတွေကို လွယ်လွယ်မရနိုင်သေး ပါ။ လုပ်ငန်းရှင်များ မိမိဝန်ထမ်း တွေကို ကောင်းစွာကိုင်တွယ်နိုင်မှအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းတွေနဲ့ပက်သက် ပြီးပြောလိုတာက အလုပ်မှာ စိတ်ပျက် နေတာမျိုး၊ အလုပ်ပြောင်းချင်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။သည်းခံပါ။
တနင်္လာ
လရိပ်အောက်မှာရောက်ရှိနေတဲ့အချိန်ကာလပါပဲ။ အေး ချမ်းမှုတွေ၊ပျော်ရွှင်ကြည်နူးမှုတွေကိုရရှိပါလိမ့်မယ်။ ခရီး သွားလာမှု များပြားပါလိမ့်မယ်။ ကောင်းသောခရီးလဲဖြစ်ပါ လိမ့်မယ်။ အခွင့်အရေးနှစ်မျိုးပေါ်လာတတ်ပါတယ်။ အိမ်ခြံမြေဝယ်ယူရန် ကြိုးပမ်းနေသူဆိုဒီနေ့အဆင်ပြေပါလိမ့် မယ်။ပညာသင်ကြားနေသူများ အဆင့်မြင့်ပညာတွေ သင်ကြား ခွင့်ရလာပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာလဲအဆင် ပြေပါလိမ့်မယ်။သိက္ခာရှိသူတွေ သီလရှိသူတွေ ပိုမိုအဆင်ပြေပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲကြိုးစားသ မျှထွန်းပေါက်ပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံလို့ ကောင်းတဲ့ နေ့ရက်လဲ ဖြစ်ပါတယ်။
အင်္ဂါ
အလုပ်သစ်စီးပွားသစ်တွေအထူးကောင်းတယ်ဗျ။အလုပ် ကောင်းပေမဲ့ လူမှုရေးအရှုပ်အထွေးတော့ဖြစ် တတ်ပါ တယ်။ ချစ်သူခင်သူတွေဆီကအကူအညီတွေရလာတတ်ပါ တယ်။ အပျော်အပါးတော့လျှော့ပါ။ လောင်းကစားကို မလုပ်သင့်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ မြေဝယ်မယ်ဆိုရင်တော့ ဒီနေ့ဟာအကောင်းဆုံးပါပဲ။ အချစ်ရေးမှာ နားလည် မှုရှိတဲ့ ချစ်သူကြောင့်စိတ်ချမ်းသာရပါလိမ့်မယ်။ သွားချင်တဲ့ခရီး တွေသွားခွင့်ကြုံလိမ့်မယ်။ ငွေအဝင်များမဲ့နေ့ပါပဲ။ ကိုယ်ပိုင်အလုပ်များ အပြိုင်အဆိုင်တွေအလွန်များနေရတတ်ပါ တယ်။ ဝန်ထမ်းများလူကြီးတွေရဲ့ ချစ်ခင်မြှောက်စား ခြင်းကိုခံရတတ်ပါတယ်။
ဗုဒ္ဓဟူး၊ရာဟု
သူများအကြံ ကိုလက်မခံပါနဲ့။ သူများကိစ္စကိုဝင်မပါလိုက်ပါနဲ့။ အလုပ်တွေပင်ပန်းနေတတ်တဲ့အနား ယူချိန်ကိုသတ် သတ်မှတ် မှတ်ထားပြီး အနားယူပါ။ ကျန်းမာရေးကိုလဲအနည်း ငယ်ဂရုစိုက်ပါ။ မိန်းကလေးများမီးယပ်နဲ့ပတ်သက် သော ရောဂါများ ဖြစ်လွယ် ပါတယ်။ သွေးငုပ်၊ချွေးငုပ်ဖြစ် လွယ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရှားပြီးတော့ မိတ်ဆွေတုတွေ အနားမှာများနေတတ်ပါတယ်။ သူများ တွေကိုပြောဆိုဆုံးမတာမျိုးရှောင်ပါ။ စေတနာစကားတွေက ဝေဒနာဖြစ်ရ တတ်ပါတယ်။ မိမိကိစ္စတွေကိုပဲဦးစား ပေးလိုက်ပါ။ စိတ်ကူးကိုအကောင်အထည်ဖော်ဆောင်ရွက်ပါ။
ကြာသပတေး
ငွေအကျိုးပေးကံကောင်းမွန်တဲ့အတွက်ထီကံစမ်းသင့်တဲ့ နေ့ ရက်ပါပဲ။ရုပ်ပိုင်ဆိုင်ရာအဆင်ပြေပေမဲ့ စိတ်ပိုင်း ဆိုင်ရာ မှာတော့ မကျေနပ်စရာတွေများနေတတ်ပါတယ်။ စိတ်ထဲ မှာဒေါသတွေ ၊အလိုမကျတာတွေကိုဟန်လုပ်ပြီး ထိန်းချုပ် နေရတတ်ပါတယ်။ မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချတာ ထက်အထက်လူကြီး၊ဆရာသမားတွေဆီက အကူ အညီယူပြီး ဆုံးဖြတ်တာက ပိုကောင်းပါတယ်။ လုပ်ငန်းရှင်များ ကြွေးမြီအဟောင်းတွေမထင်မှတ်ဘဲ ပြန်ရတတ်ပါ တယ်။ အဆင်မပြေတဲ့ ချစ်သူတွေကတော့ ပြန်လည်သင့်မြတ် တာမျိုးတွေကြုံနေရတတ်ပါတယ်။ ကျန်းမာရေး အညံ့များ နေတဲ့အတွက်သတိနဲ့နေထိုင်စေချင်ပါတယ်။
သောကြာ
ကံဇာတာများဆက်လက်မြင့်မားနေပြီးတော့ အခွင့်အရေးများ လဲဆက်လက်ရရှိပါလိမ့်မယ်။ လူမှုရေးနယ်ပယ်မှာ ထင်ရှား ကျော်ကြားတတ်ပါတယ်။ လုံ့လ၊ဝီရိယရဲ့အကျိုးကိုလဲခံ စားရတတ်ပါတယ်။နာမည်ဖြင့်ရပ်တည်ကျတဲ့ သူတွေကတော့ နာမည်ဂုဏ်သတင်းကြီးပါလိမ့်မယ်။ပညာရေးကံ အလွန်ကောင်းပါတယ်။ အလှူအတန်းတွေလဲ ပေးရ တတ်ပါ တယ်။ အိမ်ထောင်ဘက်ရဲ့သံသယတွေများနေတာ ကြောင့် ပြဿနာဖြစ်ရတတ်ပါတယ်။ ဝန်ထမ်း များ နေရာကောင်းရခြင်း၊ ရာထူးတိုးခြင်းမျိုးကြုံရတတ်ပါတယ်။ အလုပ်ကနေထူးထူးခြားခြားငွေဝင်ပါလိမ့်မယ်။ ဘုန်းတန်ခိုးအရှိန်အဝါမြင့်မားလိမ့်မယ်။
စနေ
ငွေရှာပါ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်နည်းသလို အထွက်လဲနည်းပါလိမ့်မယ်။ မိမိကိုအထင်လွဲ နေတဲ့ သူတွေကို နားလည်မှုရှိအောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ သူခိုးခိုးခံရတာ၊ မေ့ကျန်၊ ပျောက်ရှ တာတွေဖြစ်လွယ်တာ ကြောင့် အဖိုးတန်ပစ္စည်းများကိုသတိနဲ့ကိုင်တွယ်သုံးစွဲပါ။ မိမိအနေနဲ့ မိမိရဲ့အနာဂတ်အခွင့်အလမ်းတွေကိုရ လာ တတ် ပါတယ်။ မိမိလျှောက်ရမဲ့လမ်းကြောင်းတွေကိုမြင်ပါ လိမ့်မယ်။ သူတစ်ပါးတွေကိုလဲကောင်းစွာကူညီပေး နိုင်ပါ လိမ့်မယ်။ ခရီးတွေ သွားရရင် လူပင်ပန်းရတာ၊ ဖျားတတ် နာတတ်တာမျိုးတွေရှိပေမဲ့ ကိုယ့်ရည်မှန်းထားတာ တော့ ပြည့်မြောက်ရတတ်ပါတယ်။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695