loading

16.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 16.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၉)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၈လုံးဖြစ်ပြီးတော့ ဇယျာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာကျန်းမာရေးလိုက်စားလို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အားကစားစတင်လိုက်စားခြင်း၊ဂျင်ဆော့ခြင်း များကိုလဲအထူးဆောင်ရွက်နိုင်ပါတယ်။ကျန်းမာရေးအားနည်းသူများကတော့ ဆေးကုသခြင်းတွေ၊ဆေးစစ်ခြင်း တွေကိုအထူးဆောင်ရွက်လို့ကောင်းပါတယ်။ သမားတော်ကောင်း၊ဆေးစွမ်းကောင်းတွေ့ပါလိမ့်မယ်။ဆိုင်းငံ့ထား သောကိစ္စများ ပြန်လည်စတင်နိုင်ပါတယ်။

ကလေးငယ်တွေကိုပထမဦးဆုံးအကြိမ် ထမင်းခွံခြင်းများဆောင်ရွက်နိုင်သလို ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်း များလဲအထူးဆောင်ရွက်နိုင်ပါတယ်။မြင့်မြတ်တဲ့ မင်္ဂလာတွေဆင်ယင်ကျင်းပနိုင်သလို  လောကီမင်္ဂလာတွေဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာဆွမ်းကျွေးခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါ တယ်။

ကျောက်မျက်ရတနာများသွေးခြင်း၊ရွှေငွေလက်ဝတ်ရတနာများဖန်တီးခြင်းတွေကိုလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ ရွှေဆိုင်များ လက်ဝတ်ရတနာဒီဇိုင်းသစ်တွေကိုပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

မိမိအိမ်ရိက္ခာအတွက်ဆန်၊ဆီ၊ကြက်သွန်စတာတွေများများစားစားဝယ်ယူထားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ စစ်လက်နက်ထီထွင်ခြင်း၊စမ်းသပ်ဖောက်ခွဲခြင်း၊စစ်ရေးလေ့ကျင့်ခြင်းများလဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကုန် သွယ်ခြင်းလုပ်ငန်းများ၊ စက်ပစ္စည်းအပိုရောင်းချတဲ့လုပ်ငန်းများ၊လျှပ်စစ်လုပ်ငန်း၊ လမ်းတံတားနှင့် အဆောက်အဦး လုပ်ငန်းများပိုမိုတိုးတတ်ပါလိမ့်မယ်။

မိန်းကလေးတွေအများဆုံးလုပ်ကိုင်ကြတဲ့ အလုကုန်လုပ်ငန်း၊အလှပြုပြင်ခြင်း၊ အထည်ချုပ်လုပ်ငန်း စတာတွေလဲ တိုးတတ်အောာင်မြင်အောင် စွမ်းဆောာင်နိုင်ပါလိမ့်မယ်။အိမ်မွေးတိရိစ္ဆာန်များ၊သတ္တဝါများ ရောင်းဝယ်ခြင်းလုပ်ငန်း တွေ၊မိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုစတင်အကောင်အထည် ဖော်တာမျိုးတွေ အထူးကောင်းပါတယ်။

ရှောင်သင့်တာတွေကတော့ စာရွက်စာတမ်းလက်ပြောင်းလက်လွှဲများတွင်အထူးသတိထားပါ။ အငြင်ပွားဖွယ်ရာ ကိစ္စတွေကြုံရတတ်ပါတယ်။ပညာရေးနဲ့ပက်သက်ပြီး အခက်အခဲတွေများရတတ်ပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံမှု စတင်လို့မကောင်းတဲ့နေ့ရက်ပါပဲ။ လက်ကားစီးပွားများရောင်းမှားဝယ်မှားဖြစ်တတ်ပါတယ်။

            အကြီးအကဲများနှင့် တွေ့ဆုံရန် ရက်ကောင်း ဖြစ်သည်။ နေအိမ်ရှိ ကြည့်မှန်နှင့်တကွ ကြေးနှင့်ပြုလုပ်ထားသော ပစ္စည်းများကို အရောင်တင်ပါ။ တောက်ပအောင် ဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ မွန်းလွဲလူ့ပြည်ပြဿဒါး၊ရက်ပုပ်၊ ဝါရမိတ္တုကြီး၊ ဝါရမိတ္တုငယ် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၅း၄၃)နာရီမှ ညနေ(၆ဂ၃၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရမိတ္တုကြီး၊ဝါရမိတ္တုငယ်၊လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ကရကဋ်စန်း ည(၆)နာရီ (၂၆)မိနစ်လွန် စန်းသိဟ်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အနည်းငယ် သာမန်ရိုးကျဆန်သူတွေဖြစ်ကြတယ်။ အချိန်နေရာတွေမှာ ဖောက်ထွက်လုပ်လိုစိတ်နည်းတယ်။ လုပ်ငန်းတစ်ခုခု ငွေရှိ လို့လုပ်မယ်ဆိုရင်တော့ တစ်ယောက်ထဲ မလုပ်ရဲဘဲစပ်တူလုပ်နဲ့ သူမျိုးဖြစ်ကြတယ်။ ငွေရဖို့ဆို တရားနည်းလမ်း ကျတာမကျတာတွေ ခေါင်းထဲထည့်နေတဲ့သူမဟုတ်ပါဘူး။ ဝန်ထမ်းလခစားအကျိုးပေးသလို ကိုယ်ပိုင်အလုပ်လုပ်မယ် ဆိုလဲ အကြိမ်ကြိမ် ကျဆုံးပြီးမှအောင်မြင်တတ်ပါတယ်။ အမိအဘတွေကိုကောင်းစွာလုပ်ကျွေးခွင့်ရလိမ့်မယ်။ ကံ ကောင်းတဲ့ အချက်က ညီအကိုမောင်နှမများလေ ကောင်းလေပါပဲ။ သွေးသားရင်းချာ ညီအကိုမောင်နှမတွေဆီက အကူအညီတွေအလွန်ရလွယ်တဲ့ဇာတာမျိုးပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၁း၅၀) နာရီမှ မွန်းလွဲ(၁း၁၅)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေ  သားသမီးများပဲ ဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်‌ရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေးကတော့ (၅၊ ၇) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ငါးကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *