ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကတောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ၁၃လုံးဖြစ်ပြီးတော့ အောင်မြင်မှုတွေကိုပေးတဲ့ ဇယျာတီထိကျရောက်တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အထူးပဲကောင်းမွန်ပါတယ်။ ရောဂါဟောင်း၊ဝေဒနာဟောင်းတွေနဲ့ နာတာရှည် ခံစားနေရတဲ့ဝေဒနာတွေကို ဆရာကောင်း၊သမားတော်ကောင်းနဲ့တွေ့ပြီး သက်သာခွင့်ရပါလိမ့်မယ်။
အလုပ်နဲ့ပက်သက်ပြီး လုပ်ငန်းမှာပိုမိုတိုးတတ်စေဖို့အတွက် အောက်လက်ငယ်သားတွေကိုသင်တန်းပေးတာမျိုး အထူးဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ နည်းပညာနယ်ပယ်မှာပဲဖြစ်ဖြစ်၊ ဆေးပညာနယ်ပယ်မှာဖြစ်ဖြစ်၊ စစ်လက်နက် ခဲယမ်းမီးကျောက်ထုတ်လုပ်တဲ့နယ်ပယ်မှာပဲ အသစ်တစ်ခု တီထွင်ဖန်တီးတာမျိုးကအထူးဆောင် ရွက်နိုင်မဲ့နေ့ရက်ပါပဲ။
စီးပွားရေးအနေနဲ့ ကုန်သွယ်စီးပွားအလုပ်များ၊ နိုင်ငံခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စက်ပစ္စည်းပြင်ဆင်ထိန်းသိမ်းတဲ့လုပ်ငန်းများ၊ကြော်ငြာနှင့်ပက်သက်သောလုပ်ငန်းများ အထူးတိုးတတ်ဆောင်ရွက် နိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကန်စန်း၊မွန်းလွဲရင်တူစန်းကိုကူးပြောင်းသည်။ ဗြိစ္ဆာရာသီဖွား ဖြစ်ပါသည်။ စိတ်ကူးထားသမျှကို လက်တွေ့ မဖြစ်မနေအကောင်အထည်ဖော်တတ်ကြသူတွေဖြစ်ပါတယ်။ မာနကြီးပြီး တော်ရုံအဆင့်အတန်းမတူရင် ခွဲခြားဆက်ဆံတာကြောင့် အပေါင်းအသင်းနည်းပါတယ်။ ငွေကြေးလာဘ်ရလွယ်သူမို့ မကြာခဏထီပေါက်တာ၊ကံ စမ်းမဲပေါက်တာမျိုးတွေအထူးကြုံရတတ်ပါတယ်။ ကောင်းတဲ့အချက်က ပညာတက်လွယ်တယ်။လွယ်တာထက် ခက်တာကိုပိုကြိုက်တာမို့ ခက်ခဲနက်နဲပါတယ် ဆိုတဲ့ ပညာတွေကိုပိုနှစ်သက်လေ့ရှိကြပါတယ်။ ပညာကိုစီးပွားနဲ့ ပေါင်းတတ်သူဖြစ်လာနိုင်တာမို့ ပညာတက်စီးပွားရေး သမား အဖြစ်ဘဝရပ်တည်နိုင်ကြပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၇◌း၂၃)နာရီမှ (၁၈း၁၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ (၇◌း၃၇) နာရီမှ (၀၉း၀၂)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများ တနင်္လာ၊ သောကြာ သားသမီးများဖြစ်ပါတယ်။
ကံညံ့သော နေ့သား တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ အင်္ဂါ၊ ကြာသပတေး၊ စနေ သားသမီးများဖြစ်ပါတယ်။
ဒီနေ့မှာ အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင် ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)