
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိဖြစ်ပြီးတော့ ရပိုင်ခွင့်ကိုပြန်လည်တောင်းဆိုလို့ကောင်းတဲ့နေ့ရက်ပါပဲ။ လူယုတ်မာတွေဒုက္ခပေးတတ်တာကိုတော့သတိထားဖို့လိုပါတယ်။ တစ်ပတ်ရစ်ပစ္စည်းများ second handများ အရောင်းအဝယ်သွက်မဲ့နေ့ရက်ပါပဲ။အမှုအခင်းပြဿနာများမဖြစ်သင့်ပေ။ ဖြစ်လိုက်ရင် အမှုရှည်ကြာတတ်ပါတယ် ။သူတစ်ပါးစကားကိုယုံပြီး လုပ်သူများ အဆုံးအရှုံးအမှားအယွင်းများနိုင်ပါတယ်။
ကုမ္ပဏီတည်ထောင်ခြင်းကိစ္စများ၊ အရေးကြီးတဲ့လက်မှတ်ရေးထိုးခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်း ပါတယ်။ ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းပါတယ်။ ငွေစုဆောင်းတတ်သူများ ဘဏ်စာရင်းဖွင့်ပြီး ငွေစုသင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဘုရားသွားခြင်း၊ကျောင်းတတ်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်းများလဲ အထူးဆောင်ရွက်နိုင် ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ဓာတ်မြေသြဇာကျွေးခြင်းတွေ၊ အထွက်တိုးဆေးများပက်ဖြန်းခြင်းတွေ ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြင့် အလုံးစုံအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ အသက်အရွယ် ကြီး ရင့်သော လူကြီးမိဘဘိုးဘွားတွေနဲ့ တွေ့ဆုံအကြံဉာဏ်တောင်းလို့ အလွန်ကောင်းတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(17;19)နာရီမှ (18;11)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလို ရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ တူစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ရဲရင့်ကြ သူတွေဖြစ်တယ်။ မှန်တာကိုပြောရဲတယ်။ လုပ်ရဲတယ်။မဟုတ်တာကို ဘာမှမလုပ်ချင်ဘဲ အတိတ်ကိုပြန်ကြည့်လိုက် ရင်နောင်တဆိုတာမျိုးကင်းစေချင်တဲ့သူတွေဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်ကျောင်းနေစဉ်ကာလ တွေမှာကျန်းမာရေးနုတတ်ပေမဲ့ လုပ်ငန်းခွင်စဝင်ချိန်ကစလို့ ဒေါင်ကျကျ ပြားကျကျ နေလဲ ကျန်းမာရေးအားနည်း တော့မည်မဟုတ်ပါ။ လိင်ကိစ္စနှင့် ဘာသာရေးတစ်ဖက်စီအားပြိုင်ကြတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ အချို့ အချိန် ကောင်းတွေမှာ မွေးသူတွေက ဘာသာရေးကိုအားသန်သွားပြီး၊ ရာဟုအမှောင်ချိန်နှင့် အခြားညံ့တဲ့အချိန်တွေမှာ မွေး ရင်တော့ လိင်ကိစ္စကို ခံစားစံစားလိုကြသူတွေအဖြစ်တွေကြရတယ်။ အကျိုးစီးပွားနှင့် ပညာရေးကိုထိခိုက်လောက် အောင်ထိတော့မဖြစ်ပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(02;41) နာရီမှ ညနေ(04;05)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။
ကံညံ့သော နေ့သား တနင်္လာ၊သောကြာ သားသမီးများဖြစ်ပါတယ်။
ကံသင့်သောနေ့သားများ အင်္ဂါ၊ စနေ သားသမီးများဖြစ်ပါတယ်။
ဒီနေ့မှာ အနက်ရောင် နှင့် နီညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတွေကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင် ပါလိမ့်မည်။
ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃)ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နနွင်းမှုန့် အနည်းငယ် လက်မှာသုတ်လိမ်းသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)