loading

ဒီ‌နေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ နတ်တော်လဆန်း(၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ်၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ်ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်ကအရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သို့သော် သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့အချိန်အခါသေချာရွေးပြီးမှသာဆောင်ရွက်စေချင်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  စွမ်းအားတွေ ခံနိုင်ရည်တွေကိုပေးတဲ့ ဇယျတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်မှာတော့ အရာရာသတိနဲ့ဆောင်ရွက်ပါ။ အိမ်ဆေးသုတ်ခြင်းတွေကို အထူးအလေးပေး ဆောင် ရွက်နိုင် ပါတယ်။ အပြင်သွားရင် အိမ်မှာ မီးတွေသေချာပိတ်ကြပါ။ ဝါယာ လျှော့ဖြစ်တာမျိုးအလွန်ကြုံရတတ်ပါတယ်။ မီးဘေအန္တရာယ်သတိရှိရမဲ့နေ့ပါပဲ။

သတင်းအချက်အလက်များစု ဆောင်ရန်ရက်ကောင်းဖြစ်ပါတယ်။ လုပ်ငန်းခွင် သုံးစွဲတဲ့စက်ပစ္စည်းဖြစ်ဖြစ်၊ မိမိအိမ် သုံးစက်ပစ္စည်းဖြစ်ဖြစ် ပျက် စီးနေရင်ပြင်ဆင်ထိန်းသိမ်းလို့ကောင်းတဲ့နေ့ရက်ပါပဲ။ယနေ့လုပ်စရာရှိတဲ့ အ လုပ်တွေကို ယနေ့ပဲလုပ်ကိုင်ဆောင်ရွက်လိုက်ပါ။ အလုပ်အကြွေးထားလိုက်ရင်ထိုအလုပ်က ပြီးဖို့ခဲယဉ်းပါတယ်။

စာမေးပွဲကိစ္စများ၊အင်တာဗျုးကိစ္စများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက် ရင်လဲ ရောဂါရှာဖွေခြင်းများ၊ ဆေးစား၊ဆေးသောက်လုပ်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့လဲဖြစ်ပါတယ်။ စိတ် ဓာတ်ရင့် ကျက်စေသော သင်တန်းများ၊ခန္ဓာကိုယ်ကြံခိုင်စေသောသင်တန်းများ စတင်သင်ယူခြင်းများဆောင်ရွက် နိုင်တဲ့နေ့တစ် နေ့ ဖြစ်ပါတယ်။

နောင်အခါလုပ်ဆောင်ရမဲ့အလုပ်ကိစ္စများ၊ သွားရမဲ့ခရီးများအတွက် စီစဉ်ခြင်းများလဲ အထူးဆောင်ရွက်လို့ ကောင်း ပါတယ်။ဋ္ဌာနဆိုင်ရာနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ မြန်မာလက်ရာ အနုပညာ ပစ္စည်းများ ရောင်းဝယ်လို့အလွန်ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၁၇◌း၀၃)နာရီမှ (၁၇◌း၅၅) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၉း၀၄) နာရီမှ နံနက်(၁၀◌း၂၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  ဓနုစန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။လွယ်သောကိစ္စတွေထက် ခက်ခက် ခဲခဲကိုမှ လုပ်ချင်ကြတဲ့ရင်သွေးငယ်တွေလို့ဆိုရပါလိမ့်မယ်။ဇွဲကောင်းပြီး အနုစိပ်လုပ်ရတဲ့အလုပ်တွေမှာလဲ စိတ်ရှည်ကြသူတွေဖြစ်ပါတယ်။ ညီအကိုမောင်နှများရင်တော့ သတိထားရမဲ့ ရင်သွေးငယ်ဖြစ်ပြီး မိမိရစရာရှိတဲ့ အမွေအနှစ်ကိုလုယူခြင်းခံရတတ်တဲ့ဇာတာပါ။ မွေးရပ်မြေထက် ရပ်ဝေးနိုင်ငံခြား၊ နယ်စပ်ဒေသတွေမှာအခြေချရ တတ်ပြီး တကယ့်ကို နိုင်ငံရပ်ခြားနဲ့ တစ်ဘဝလုံးအကျိုးပေးသန်သူတွေဖြစ်လိမ့်မယ်။ထူးထူးခြားခြားရေထွက်ကုန် ပစ္စည်းတွေ၊ အရည်နဲ့ပတ်သက်သော အချိုရည်၊အအေး၊ရေသန့်၊အဖျော်ယာမကာအလုပ်တွေနဲ့အထူးအကျိုးပေးတာ ကိုတွေ့ရပါတယ်။

ကံကောင်းသောနေ့သားများ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ         သားသမီးများဖြစ်ပါတယ်။

ကံညံ့သော နေ့သား တနင်္လာ၊ သောကြာ သားသမီးများဖြစ်ပါတယ်။

ကံသင့်သောနေ့သားများ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများဖြစ်ပါတယ်။

ဒီနေ့မှာ အ ညိုဝါရောင် နှင့် အနက်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင် ပါလိမ့်မည်။

ဒီနေ့မှာ ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၇)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြေပဲအနည်းငယ်စား  သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *