loading

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆန်း(၁၁)ရက်၊ စနေနေ့ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့ အချိန်အခါသေချာရွေးပြီးဆောင်ရွက်ဖို့လိုပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ၁၁လုံးဖြစ်ပြီးတော့ ကျော်ကြားခြင်းကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက် ပဲဖြစ်ပါတယ်။ ခံစားနေရတဲ့ရောဂါတွေရှိရင်လဲ စတင်သက်သာပျောက်ကင်းပါလိမ့်မယ်။ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာတွေကျင်းပနိုင်သလို၊ စေ့စပ်ခြင်း၊ နားဖောက်ခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်း မင်္ဂလာဆွမ်းကျွေးခြင်းများကို လဲအထူးအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် စက်အပိုပစ္စည်း ရောင်းချခြင်းများအဆင်ပြေတတ်ပါတယ်။

ဒီလိုနေ့ရက်မှာတော့ အလှူအတန်းကိစ္စတွေကိုအားထည့်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားတည်တာ၊တန်ဆောင်း ပြသဒ်၊မုခ်ဦးတည်ဆောက်တာ၊ အလှူအတန်းပေးပြီးရေစက်ချအမျှဝေတာမျိုးတွေဆောာင်ရွက်လို့ကောင်းတဲ့နေ့ ရက်လဲဖြစ်ပါတယ်။

မည်သည့်ရန်အတိုက်အခိုက်တွေကြုံပါစေ၊မှန်တဲ့သူတွေသာအနိုင်ရမဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇင်းခံခြင်းကိစ္စတွေကိုလဲအလေးပေးပြီးဆောင်ရွက်နိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ယာဉ်ကားတို့ဖြင့်ခရီးသွားများ လဲဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ စက်ပစ္စည်းများဝယ်ယူခြင်းတွေ၊ စက်ဆီချောဆီများဝယ်ယူခြင်း တွေလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့တွင် အိမ်၊ ခြံမြေ ရောင်းဝယ်ရေးများ  မပြုရပါ။ ပဋိပက္ခများ ဖြေရှင်းနိုင်မည်။ အလုပ်ရှာခြင်း၊ အလုပ် လျှောက်ခြင်းများ ကောင်သည်။ ကြွေးမြီးဟောင်းများ ပြန်လည်တောင်ခံနိုင်မည်။ မင်္ဂလာအခါမပေးရ၊ အပြောင်း အရွှေ့ကိစ္စများ မပြုလုပ်ရပါ။ အရေးကြီးသော ကိစ္စများရှိက နံနက်(၁၀း၄၈) မှ မွန်းလွဲ (၁း၁၂) အတွင်း လုပ်ကိုင် ဆောင်ရွက်ပါ။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၃၆)နာရီမှ ညနေ(၅း၂၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  သိုက်ဖွား၊  မိန်စန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း ကြသူတွေဖြစ်ပါတယ်။ လောကွက်ကောင်းပြီး အပြင်ပန်းပေါင်းသင်းဆက်ဆံရေးကောင်းပေမဲ့ အတွင်းစိတ်ကတော့ အတ္တဆန်နေတတ်ပါတယ်။ ဒါကြောင့်ပဲ ဆွေမျိုးသားချင်းတွေနဲ့ သိပ်ပြီး အစေးမကပ်ကြသူတွေဖြစ်ကြပါလိမ့်မယ်။ ချမ်းသာအောင်မြင်လွယ်ကြပြီး အသက် ၂၈နောက်ပိုင်းကံကောင်းမှုတွေစတင်တဲ့ဇာတာတွေဖြစ်ပါတယ်။ ခက်တာက ရှိတာကို ထုတ်ကြွားလွန်းတာကြောင့်လဲ လူမုန်းများတတ်ပါတယ်။ ငွေရှိလာရင် အရင်ကရင်းနှီးတဲ့မိတ်ဆွေတွေကို မထေ့မဲ့မြင်လုပ်တတ်တာတွေကို သတိထားပြီး စိတ်ထိန်းကြဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၀၇)နာရီမှ နံနက်(၁၀း၃၁)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။       

ဒိနေ့မှာကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်၊ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့(၁၊ ၄) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရဲသီးအနည်းငယ်စား  သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူပါသောမုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သား သမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

Leave a Reply

Your email address will not be published. Required fields are marked *