
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ပြာသိုလပြည့်ကျော်(၉)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၂၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ နေ့ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးကို ဖြစ်ထွန်းစေခြင်း ကျရောက်နေပါသည်။ မိတ်ဆွေ များကိုပေးစွမ်းသောတီထိဖြစ်ပါတယ်။ခရီးသွားလာခြင်း၊စစ်ထွက်ခြင်း၊ကျောက်မျက်ရတနာစတင်ဝတ်ဆင်ခြင်း၊ လက်မှုပညာစတင်လုပ်ကိုင်ခြင်း၊ အိုးအိမ်အလှဆင်ခြင်းသင့်တော်ပါတယ်။ စိတ်ရှည်မှု၊ ဝန်ဆောင်မှု၊ ပရဟိတအလုပ် များ သံ၊မြေ လယ်ယာနှင့် အိုးအိမ်၊ယောဂတရားထိုင်ခြင်းနှင့် သက်ဆိုင်သော အရာများကို ပြုလုပ်သင့်သည့် နေ့ရက် ဖြစ်သည်။ ရှုပ်ယှက်ခတ်နေတာတွေကို ရှောင်ပါ အရေးကြီးတာတစ်ခုခုလုပ်ပါ
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင် ပါလိမ့်မယ်။
ဒီနေ့ဟာ မြေတူး၊ မြေဆွခြင်းများ လုံးဝမပြုသင့်သော နေ့ရက် ဖြစ်နေပါတယ်။ ဒီနေ့ ဘာသာရေးနှင့်ဆိုင်သော မြင့် မြတ် သောကျင့်စဉ်၊ သိဒ္ဓိဆိုင်ရာတို့ကို ဆောင်ရွက်ရန် ရက်ကောင်းကျရောက်နေပါတယ်။ အကြီးအကဲများနှင့် တွေ့ ဆုံ ရန် ရက်ကောင်း ဖြစ်သည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား စတင်သောကိစ္စများမှ ကောင်းသော အနာ ဂတ်များ ဖြစ်ပေါ်လာပါလိမ့်မည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မွန်းလွဲ ၂နာရီ၂၆မိနစ် ကနေ မွန်းလွဲ၃နာရီ၁၆မိနစ်အတွင်း၊၁၄ရက်နေ့မနက်၁နာရီ၅၄မိနစ်မှမနက်၂နာရီ၄၄မိနစ် အတွင်းဖြစ်ပါတယ်။ ဒီ အချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ ၊ကောင်း မွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဟသတ နက္ခတ်သည် အလင်း သို့မဟုတ် လျင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင်ခြင်းခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်း များနှင့် ချေးငွေများပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူ သော နက္ခတ်ဖြစ်ပြီး ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ်၊ ဆံရိတ် ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
အတိဂဏ္ဍယုဂ် ၊ဒိဋ္ဌိကရိုဏ်းဖြစ်တာမို့ အတားအဆီး /အန္တရာယ်များစွာကို ဆိုလိုသည်။ သေကြေပျက်စီးစေသော ယုဂ်ဖြစ်တာကြောင့် မကောင်းတဲ့ကိစ္စရပ်တွေဆောင်ရွက်လို့ရတဲ့နေ့မျိုးဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁:၃၇)နာရီမှ မွန်းလွဲ (၂:၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ကန်စန်း၊ ည၉နာရီ ၄၄မိနစ်ထိဓနုရာသီဖွားဖြစ်ပြီး ကျော်လွန်ပါက မကာရ ရာသီ ဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးငယ်များဟာ စိတ်ကူးကောင်းကြပါတယ်။ အယူအဆမတူ၊အတွေး အခေါ် အများနဲ့မတူကြသူတွေဖြစ်ပါတယ်။ သတိထားရမှာက လူအများက အထင်သေး၊အမြင်သေးခံရမှာကို သိပ်ကြောက် သူတွေဖြစ်ပါတယ်။ ဒါကြောင့် အဆံမရှိလဲ ဟန်ရှိအောင်နေလေ့ရှိသူပဲဖြစ်ပါတယ်။ အားနည်းချက်က မိဘတွေက ကိုယ်ကျင့်တရားစနစ်တကျမသင်ပေးထားရင် သီလကျိုးဖောက်ဖို့ ဝန်မလေးသူတွေဖြစ်သွားတတ်ပါတယ်။ မိဘ အသွန်အသင်ကောင်းလေ၊ ထိပ်ဆုံးရောက်အောင်မြင်လေပါပဲ။ ဒါကြောင့်ဒီကလေးရဲ့ အဆင်ပြေအောင်မြင်မှုတွေက မိဘနဲ့တိုက်ရိုက်အချိုးကျနေတာကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်အညံ့မရှိပေမဲ့ သက်လတ်ပိုင်း ကာလတွေမှာကျန်းမာရေးအညံ့ရှိတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၂၅) နာရီမှ နံနက်(၁၀:၅၀)နာရီအတွင်း ကျရောက် နေပါတယ်။တီထိအဆိပ်သင့်ချိန်က မနက် ၉နာရီ၂၅ မိနစ်ကနေ မနက်၁၁နာရီ၁၅မိနစ် အတွင်းဖြစ်ပါတယ်။ အဆိပ် သင့် ချိန်ရော၊ ရာဟုကာလ အမှောင်ချိန်ရောတိုက်ဆိုင်နေပါတယ်။ ဒီ အချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေး တာ တွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၈ ၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အရှေ့အရပ်ကိုမျက်နှာ မူပြီး ပေါက်ပေါက်စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကျောက်ကျောဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695