
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၁၁း၁၇)နာရီအထိ မိတ္တူမြေခံဖြစ်၍ လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲကျ ရောက် နေပါသည်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ဝါရမိတ္တုကြီးရက် ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လည်(၁၁း၂၇)နာရီအထိ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။ မည်သည့်အလုပ်မဆို ပြီးမြောက်ရန် ကောင်းသည်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသော နေ့ဖြစ်သည်၊ လက်ဆောင်ပေးခြင်း၊ အလှူဒါနပြုခြင်း၊ ဈေးဝယ်ခြင်းရောင်းခြင်း၊ ငွေရေးကြေးရေးစီစဉ်ခြင်း၊ တရားထိုင်ခြင်း၊ဆရာကြီး သို့မဟုတ် သူဌေးများနှင့် တွေ့ဆုံခြင်း ဘဏ်လုပ်ငန်း ငွေကြေး အစီအစဉ်ရေးဆွဲခြင်းပညာရေးအသစ်စတင်ခြင်းသင်ကြားခြင်းကဲ့သို့သောလှုပ်ရှားမှုများအတွက်အလွန်ကောင်း သော နေ့တစ်နေ့လည်း ဖြစ်သည်။ ။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့်မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စ တွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြော ခြင်း များလဲ ရှောင်သင့်ပါ တယ်။
ဒီနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ပြုက ကြံတိုင်းအောင်၍ ဆောင်တိုင်မြောက်မည်။ ဒီနေ့တွင် လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်း မပြုရပါ။ ငွေကြေးအပေးအယူကိစ္စမှန်သမျှ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ အရေးကြီး သောကိစ္စ များ ဆောင်ရွက်မည်ဆိုပါက နေ့(၁၁း၁၂)မှ မွန်းလွဲ(၁၂း၃၆)နာရီအတွင်း ဆောင်ရွက်လုပ်ကိုင်ပါ။ ပြဿနာများ ရှောင် ကြဉ်ပါ။ အမှုပွားတတ်ပါသည်။
ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယနှင့်ဝိဒတြိတိံသိယအချိန်ကာလတွေကတော့ မနက်စောစော၆နာရီ ၂၅မိနစ် မှ ၇နာရီ၉မိနစ်အတွင်းကာလရယ်၊… ညနေ၅နာရီ၂၉မိနစ်မှ ညနေ၆နာရီ၂၀မိနစ် အတွင်း ဖြစ် ပါတယ်။ ဒီ အချိန် ကာလ အတွင်း ကတော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက်ချရသောကိစ္စ များ၊ မင်္ဂလာ ကိစ္စများ ၊ကောင်း မွန်သော ကိစ္စ များ၊ ကိစ္စတစ်ခုခု စတင်ခြင်းများ ဆောင် ရွက် နိုင်ပါ တယ်။
ဥတြာဒြပိုဒ်နက္ခတ်သည်ရေတွင်းတူးခြင်း၊အုတ်မြစ်ချခြင်း၊သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း မျိုးစေ့ကြဲခြင်း၊မိရိုးဖလာနတ်တွေကိုပသခြင်း၊ဘုရားကျောင်းဆောက်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်းအကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ် ဆောင်မှုများအတွက် ကောင်းမွန်သည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ဘုရားတည်ခြင်း များ၊ အနေကဇာတင်ခြင်းများ၊ထီးတင်ခြင်းများ၊နတ်ကွန်းတည်ခြင်း၊အုတ်တံတိုင်းခတ်ခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်တင် ခြင်းတွေ အထူးဆောင်ရွက်နိုင်သလို ရေရှည်တည်တံ့သောကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။နှစ်ရှည်ပင်စိုက်ချင် တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။
သီဝယုဂ်၊ ဗလဝကရိုဏ်းသည် မြင့်မြတ်ခြင်း၊ကောင်းမွန်ခြင်း၊ကုသိုလ်တရားနှင့်ထုံမွှန်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါ တယ်။ မကောင်းမှုတွေကိုရှောင်ပြီး ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ထူးခြားကောင်းမွန်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂:၅၈)နာရီမှ မွန်းလွဲ(၁:၅၀) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ် လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မိန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အရာရာကို ချင့် ချိန်စဉ်းစားတတ်သူတွေပဲဖြစ်ပါတယ်။ အတွေးအခေါ်ကောင်းကြတယ်။ သတိထားမှာက ငယ်ရွယ်စဉ်မှာကတည်းက ဘဝကိုသေချာတည်ဆောက်ပြီး အသက် ၃၁မတိုင်ခင်အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်အောင်လုပ်နိုင်ဖို့အထူးလို ပါတယ်။ အသက် ၃၁ထိ ဘဝကမရေရာသေးဘူးဆိုရင် နောက်ပိုင်းကာလတွေမှာ ဝေလေလေဖြစ်သွားတတ်ပါတယ်။ ကျန်းမာရေးအားကောင်းကြသူများဖြစ်ပေမဲ့ ဖျားနာကင်းကြသူတွေဖြစ်ပါတယ်။ မိဘနှစ်ပါးတွင် ဖခင်(သို့) မိခင်ထံက မိမိအသက်တော်တော်ကြီးသည်အထိ အထောက်အပံ့ရရှိပါလိမ့်မယ်။ နိုင်ငံခြားကိစ္စ၊ရပ်ဝေးခရီးအလုပ်များ၊ ရေနဲ့ပတ်သက်ဆက်နွယ်သောအလုပ်များနဲ့အောင်မြင်တတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၃) နာရီမှ ညနေ(၃:၀၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင် သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅ ၊ ၃ ၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိုလာသောက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အစိမ်းကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695