loading

27.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27.January .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၁၀း၀၉)နာရီအထိ ကိတ်မြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိ ပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူး ကောင်း ပါတယ်။ ၁၀နာရီကျော်ရင်တော့ရာဟုမြေခံဖြစ်တာမို့ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ် ခြင်း၊ အချုပ်အနှောင် ခံရ တတ် ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရှမ်းရက်၊ ဝါရမိတ္တုငယ်၊ ရက်ပုပ်ရက်၊သမားဖြူကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၀၉)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင်လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက်နေပါတယ်။ ပျော်ရွှင်မှုအမျိုးမျိုး၊ အစားအသောက်ကောင်းကောင်းစားခြင်း၊တီးမှုတ်ကခုန် အပျော်အပါးကိစ္စ များ၊ အလှဆင်ပစ္စည်းများကို ဝယ်ယူခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆန့်ကျင်ဘက်လိင်ကိစ္စ၊ သမီးရည်းစား၊ အလည် အပတ်ကိစ္စများဆောင်ရွက်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ဆောက်လုပ်ရေး၊ အိမ်ခြံမြေနှင့်ဆက်စပ်သောလုပ်ငန်းများ၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ ချစ်ကြည်ရင်းနှီးမှုစတင်ခြင်းများ ပြုလုပ်သင့်သည်။

ယနေ့ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ၀တ်စုံသစ်ဝတ်ဆင်မှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်ပွဲများ၊ ပွဲအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ်၊ဆံရိတ်ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်  သည်။။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်း မြား ခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လား ထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက် ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာ ကုန်ပစ္စည်းများ စတင်ဖြန့်ချီရန် ရက်ကောင်း ကျရောက်နေပါတယ်။ ဒီနေ့ ကြော်ငြာခြင်းများ၊ ကုန်ပစ္စည်း သစ်များ စတင်မိတ်ဆက်ခြင်းများ ပြုလုပ်ရန် အထူးကောင်းသောနေ့ရက် ဖြစ်နေပါတယ်။ ယနေ့တွင် ခေါင်းဆေး၊ ခေါင်း လျှော်ပြုက ကြံတိုင်းအောင်၍ လိုအင်ဆန္ဒများ ပြီးပြည့်စုံမည်။ အရာရာသတိနှင့်ဆောင်ရွက်ပါ။ ပစ္စည်းလှောင် ခြင်း၊ ဈေးကစားခြင်း မပြုရပါ။

သိဒ္ဓယုဂ်သည် ပြီးမြောက်ခြင်း ၊ ပြီးပြည့်စုံခြင်းဖြစ်သလို တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်း မွန်ပါသည်။

ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယနှင့်ဝိဒတြိတိံသိယအချိန်ကာလတွေကတော့မနက်စောစော၄နာရီ ၅၅မိနစ် မှမနက် ၅နာရီ၄၀မိနစ်အတွင်းကာလရယ်၊… ညနေ၄နာရီ၂၉မိနစ်မှ ညနေ၅နာရီ၁၆မိနစ် အတွင်း ဖြစ် ပါတယ်။ ဒီ အချိန် ကာလ အတွင်း ကတော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက်ချရသောကိစ္စ များ၊ မင်္ဂလာ ကိစ္စများ ၊ကောင်း မွန်သော ကိစ္စ များ၊ ကိစ္စတစ်ခုခု စတင်ခြင်းများ ဆောင် ရွက် နိုင်ပါ တယ်။

 ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂:၅၄)နာရီမှ မွန်းလွဲ(၁:၄၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  မိန်စန်း၊  မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ဘဝမှာ ဖခင်ရဲ့ အကျိုး ကျေးဇူးကိုသိပ်မခံစားရတဲ့သူတွေဖြစ်ပါတယ်။ ဖခင်နဲ့ အတူနေရသူဆို ဖခင်ဆီက အထောက်အပံ့အရနည်းပြီး ဖခင်ဆီက အထောက်အပံ့အပြည့်အဝရသူကလဲ ဖခင်နဲ့ အလုပ်ကြောင့်အနေဝေးနေရတတ်ပါတယ်။ သတိထားရမှာ ဒီနေ့မွေးသူများဟာ မွေးချိန်အရကျန်းမာရေးအားကောင်းခြင်းတွေ

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၃) နာရီမှ နံနက်(၁၂:၁၈)နာရီအတွင်း ကျရောက်နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇ ၊ ၁ ၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သရဏဂုဏ်၃ပါးကို ၂၁ ခေါက် ရွတ်ပွား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကိတ်မုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

Leave a Reply

Your email address will not be published. Required fields are marked *