
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆန်း(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၃)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၃း၀၁)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါသည်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ် ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ် အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာသမားညိုရက်နဲ့ တိုက်ဆိုင်နေပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၃း၀၁)နာရီအထိ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးကို ဖြစ်စေသော နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ ပါ သည်။မင်္ဂလာဆောင်ခြင်း၊ ငြင်းခုံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ ဆောက်လုပ်ရေး၊ ဘုရားဖူးခြင်း၊ ဝိညာဉ်ရေး အားလပ်ရက်များ၊ ပွဲတော်များ၊ သစ္စာဂတိများကို စောင့်ထိန်းခြင်း၊ အလှဆင်ခြင်း၊ ဆိုက်ရောက်ခြင်း နှင့် ထွက်ခွာခြင်း တို့အတွက် ကောင်း၏။ လိမ်ညာခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းများကို ရှောင်ကြဉ်ပါ လောင်းကစားမလုပ်ပါနှင့်။
ဒီနေ့တွင် ကာမမကြူးအပ်ပါ။ ဒီနေ့ ပစ္စည်းလှောင်ခြင်း မပြုရပါ။ဈေးဝယ်ခြင်း၊ ရောင်းချခြင်း၊ စီးပွားရေး၊ ယုတ္တိဗေဒ၊ စီမံကိန်းအသစ်များစတင်ခြင်း၊ သူငယ်ချင်းများနှင့်တွေ့ဆုံခြင်း၊ အသိပညာရရှိခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆေးဝါးများ ပြင်ဆင်ခြင်း၊ ထုတ်ဝေခြင်းနှင့် ပုံနှိပ်ခြင်း၊ မီဒီယာလုပ်ငန်းနှင့် သတင်း ထုတ်ပြန်ခြင်းကိစ္စများဆောင်ရွက်နိုင်ပါတယ်။
မိဂသီ နက္ခတ်သည် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များ အတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ၀တ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ပန္နက်ရိုက်၊ အိမ်ခြံမြေ၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုးခြင်းများ ကောင်း၏။
ဣန္ဒယုဂ်အကြီးအကဲကံကိုဖြစ်စေသည်။ဗိဌိကရိုဏ်းသည်မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ် အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေသည်။
ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယနှင့်ဝိဒတြိတိံသိယအချိန်ကာလတွေကတော့ မနက်စောစော၈နာရီ ၅၇ မိနစ် မှ ၉နာရီ၄၉မိနစ်အတွင်းကာလရယ်၊… ည၁၀နာရီ၀၅မိနစ်မှ ည၁၀နာရီ၅၈မိနစ် အတွင်း ဖြစ် ပါတယ်။ ဒီ အချိန်ကာလအတွင်းကတော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက်ချရသောကိစ္စ များ၊ မင်္ဂလာ ကိစ္စများ ၊ကောင်း မွန်သော ကိစ္စ များ၊ ကိစ္စတစ်ခုခု စတင်ခြင်းများ ဆောင် ရွက် နိုင်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂:၃၅)နာရီမှ မွန်းလွဲ(၁:၂၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြိဿစန်းညနေ (၅)နာရီ (၁၄)မိနစ်အလွန် စန်း မေထုန်ရာသီသို့ပြောင်း သည်။ မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကံအထောက်အပံ့တွေများစွာရရှိကြသူတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်စွမ်းကိုယ်စနည်းသွားတတ်ပါတယ်။ ဒါကြောင့် မိဘတွေကဘာလိုလိုဖြည့်ဆည်းပေးနေတာထက် သူအစွမ်းအစထုတ်ပြီးရလာအောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကံအရတော့ သူဘဝမှာရေကန်အသင့် ကြာအသင့် ဆိုတာမျိုးဖြစ်တာမို့ ဘာလုပ်လုပ် support ပေးမဲ့သူတွေရှိနေတတ်ပါတယ်။ ကံပေးချိန်ယူတတ်ပြီး မိမိကိုယ်တိုင်က ဇွဲဝီရိယထားပြီးလုပ်မယ်ဆို ထိပ်ဆုံးရောက်အောင်မြင်တတ်ပါတယ်။ ခက်တာက ပျင်းတယ်၊လေးတယ်၊တစ်ခုခုကို သေချာအားစိုက်မလုပ်တတ်ဘူး။ တစ်ခုခုကို ကောက်ရိုးမီးစိတ်နဲ့လုပ်တာကြောင့် ဟိုယောင်ယောင်၊ဒီယောင်ယောင် ဖြစ်သွားတတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၈) နာရီမှ မွန်းလွဲ(၁:၃၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈ ၊ ၀ ၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဆီကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695