ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၇း၃၇)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲ ကျရောက်နေပါသည်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၇း၃၇)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းကိုပေးတဲ့အနေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ ပါသည်။ အရေးကြီးသော စီးပွားရေးလုပ်ငန်းများကို စတင်ရန်၊ အဝတ်အစားနှင့် လက်ဝတ်ရတနာအသစ်များ ဝတ်ဆင်ခြင်း၊ ရုန်းကန်ခြင်း၊ ကတိများ ပြည့်စုံခြင်း၊ စစ်စတင်ခြင်း၊ သစ္စာဂတိများ လိုက်နာခြင်းစသည်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။
ဒီနေ့ဟာ လုပ်သမျှ၊ ကိုင်သမျှ အရာရာသတိမလွတ်သင့်သော နေ့ရက်ဖြစ်နေပါတယ်။ ဒီနေ့ဟာ ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းများ ဆောင်ရွက်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စများနှင့် တည်ဆောက်ရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် အခါသင့်နေပါတယ်။ ကတိစာချုပ်များ လက်မှတ်ရေးထိုးခြင်း မပြုရပါ။ တစ်ပါးသူအား ငွေကြေးချေးငှားခြင်း ပစ္စည်းလှောင်ခြင်းများ မပြုရပါ။
အဒြ နက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအေမဲလိုက်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
အလှဆင်ပစ္စည်းများကို ဝယ်ယူခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆန့်ကျင်ဘက်လိင်ကိစ္စ၊ သမီးရည်းစား၊ အလည်အပတ် သို့မဟုတ် သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်း၊ ပျော်ရွှင်မှုအမျိုးမျိုး၊ အစားအသောက်ကောင်းကောင်းစားခြင်း၊ ငွေကြေး ကိစ္စများ၊ ခရီးသွားခြင်းတို့အတွက် အဆင်ပြေသည်။ အရေးကြီးသောအရာများကို ရောင်းချခြင်းမှ ရှောင်ကြဉ်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂:၂၇)နာရီမှ မွန်းလွဲ (၁၃:၁၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဝီသမ္ဘယုဂ်သည် ကံမကောင်းတဲ့ ယောဂဖြစ်သည်။ ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် မသင့်လျော်ပါ။
ကောလဝါကရိုဏ်းသည် ချစ်မှုရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလကြာရှည်စွာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် ကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မေထုန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အပေါင်း အသင်း ခင်မင် ပြီး လူများများနဲ့နေတတ်သူတွေပဲဖြစ်ပါတယ်။ စန်းအားကောင်းပြီးတော့ လူချစ်လူခင်များကြတယ်။ မွေးကတည်းက “ချစ်မွှေးပါ လိုက်တာ” လို ချီးကျုးခံရသူတွေပါ။ ဒါကြောင့် ပဲ ဒီကလေးငယ်တွေရဲ့ အားအသာ ဆုံး အချက်က communication အားကောင်းကြသူတွေဖြစ်ပါတယ်။ မိတ်များသူမို့ ဈေးရောင်းဈေးဝယ်အလုပ်တွေနဲ့ အထူးအကျိုးပေးပါတယ်။ငွေကံအားကောင်းကြသူများဖြစ်တာမို့ အမိအဘ အကြီးအကဲဆီက မိမိအလုပ်လုပ်ဖို့ အရင်း အနှီးဆိုတာမျိုးအလွန်ရလွယ်တာကိုတွေ့ရ ပါတယ်။ကျန်းမာရေးကြောင့် စိတ်ပူပန်ရတာမျိုးသိပ်မရှိပေမဲ့ အသက် ၄၀နောက်ပိုင်း ကျန်းမာရေးဂရုပြုသင့်တဲ့ဇာတာရှင်တွေ ပဲဖြစ်ပါတယ်။
ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယနှင့်ဝိဒတြိတိံသိယအချိန်ကာလတွေကတော့မွန်းလွဲ၁၃နာရီ ၄၆ မိနစ် မှ မွန်းလွဲ၁၄နာရီ၃၉မိနစ်အတွင်း အတွင်း ဖြစ် ပါတယ်။ ဒီ အချိန်ကာလအတွင်းကတော့ အရေးကြီး သောကိစ္စများ၊ ဆုံး ဖြတ် ချက်ချရသောကိစ္စ များ၊ မင်္ဂလာ ကိစ္စများ ၊ကောင်း မွန်သော ကိစ္စ များ၊ ကိစ္စတစ်ခုခု စတင်ခြင်းများ ဆောင် ရွက် နိုင်ပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၄) နာရီမှ မွန်းလွဲ(၁၂:၁၉)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင်၊ ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၈ ၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စားသွားပါ။ပိုမိုအဆင်ပြေလွယ်ကူချောမွေ့ ပါ လိမ့် မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲဘုရားကပ်လှူပြီး လို ရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝ ကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695