ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆုတ်(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါသည်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက် သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့် ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးသောနေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါ သည်။ ဇေယျာတိထီ အောင်ခြင်း ဖြစ်၏။ အရေးကြီးသော စီးပွားရေး လုပ်ငန်းများကို စတင်ရန်၊ ပထမဆုံးဂီတ သင်ခန်းစာ၊ ကလေး၏ပထမဆုံးစာကျွေးခြင်း၊ ဆောက်လုပ်ရေး၊ ဆံပင်နှင့် လက်သည်းများ ညှပ် ခြင်း ရိတ်ခြင်း အတွက် ကောင်းမွန်သည်။ ဉာဏ်ပညာ၊ အသိပညာ၊ ပျော်ရွှင်မှုများနှင့် သက်ဆိုင်သည်။ ဈေးဝယ်ခြင်း၊ ရောင်းချခြင်း၊ စီးပွားရေး၊ ယုတ္တိဗေဒ၊ စီမံကိန်းအသစ်များစတင်ခြင်း၊ သူငယ်ချင်းများနှင့်တွေ့ဆုံခြင်း၊ အသိပညာရရှိခြင်း၊ဆေးဝါးများ ပြင်ဆင်ခြင်း၊ ထုတ်ဝေခြင်းနှင့် ပုံနှိပ်ခြင်း၊ မီဒီယာလုပ်ငန်းနှင့် သတင်း ထုတ်ပြန်ခြင်းများဆောင် ရွက်နိုင်ပါတယ်။ လိမ်ညာခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းများကို ရှောင်ကြဉ်ပါ၊ လောင်းကစားမလုပ်ပါနှင့်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မွန်းလွဲ၁၂နာရီ၂၂ ကနေ မွန်းလွဲ၁နာရီ၁၄မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလအတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သော ကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့ဟာ ကံကြမ္မာအကောင်းနှင့်အဆိုး ညီညွတ်မျှတနေပါမယ်။ အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်နှင့် ကြုံတွေ့ရတတ်သည်။ နံနက်(၇း၃၀)မှ (၉း၀၀)နာရီကြားကာလများတွင် အရာရာ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ ညနေ(၃း၃၆)မှ (၆း၀၀)နာရီအတွင်း ပေါ်ပေါက်လာသော အခွင့်အလမ်းများမှ အကျိုးအမြတ်ကောင်းများ ရရှိမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂:၀၇)နာရီမှ မွန်းလွဲ(၁၂:၅၉) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပြုဗ္ဗဘရဂုဏီ နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ ခြင်း၊ စစ်တိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စ များအတွက် မသင့်တော်ပါ။ ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်း တူးခြင်း၊ မိုင်းတူးခြင်း၊ ရေနံတူးခြင်း၊ စည်းစိမ်ဥစ္စာ များမြှုပ်နှံခြင်း၊စက်ရေတွင်း၊ မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက် ခြင်း ၊ ပန်းပု ပညာ ၊ အနု ပညာ၊ အရေး အသား ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့် အလုပ်များ ပြုလုပ် ရန် သင့် လျော် သည်။
အတိဂဏ္ဍယုဂ်၊ဝဏိဇကရိုဏ်း တွေနဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အတားအဆီး /အန္တရာယ်များစွာကို ဆိုလို သည်။ ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် မသင့်တော်ပါ။ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့် သော အသိပညာရှိပြီး အရောင်းအ ၀ယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲ တွေကိုကံကြောင့်ကျော်လွှားနိုင်ကြပါလိမ့််မယ်။ ကိုယ့်မိသားစုကအစွမ်းအစနည်းရင်တောင် ဆွေမျိုးနီးစပ်အကြီးအကဲ တွေရဲ့မြေတောင်မြှောက်ခြင်းကိုခံရတတ်တဲ့သူတွေအဖြစ်မြင်ရတွေ့ရပါလိမ့်မယ်။ ငွေကြေးကံနိမ့်ပါးမှုတော့ ကင်းဝေး ကြပါတယ်။ အားနည်းချက်က လောင်းကစားလုံးဝအကျိုးမပေးပါဘူး။အသက် ၂၈အတွင်း ကံအခွင့်အလမ်းတွေပေးပြီး ထိုအချိန်အတွင်းမှာပဲ မိမိတို့အနာဂတ်လုပ်ငန်းတွေအတွက် ငွေအရင်းအနှီးနဲ့ ပညာအရင်းအနှီးပေးပါလိမ့်မယ်။ ဒီနေ့ မွေးသူများဟာ ရလာတဲ့အခွင့်အရေးတွေကို အသုံးချတတ်မှပဲ ကောင်းသောဘဝကိုတည်ဆောက်နိုင်ကြပါလိမ့်မယ်။ မိန်းကလေးရင်သွေးငယ်များကတော့ အိမ်ထောင်ရေးသတိပြုဖို့လိုပါတယ်။နာမည်နဲ့ထိန်းရမှာမို့ နားလည်တက်ကျွမ်း တဲ့ဆရာတွေဆီမှာ နာမည်တောင်းခံဖို့လိုပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၂၀) နာရီမှ မွန်းလွဲ(၁:၄၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆ ၊ ၄ ၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘယာကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ်ကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695