
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆုတ်(၆)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၉)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၈း၅၈)နာရီအထိ သောကြာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေပါသည်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာတိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၈း၅၈)နာရီအထိ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါသည်။ ရန်သူ များကို ဖျက်ဆီးခြင်း၊ အတားအဆီးများကို ဖယ်ရှားခြင်း၊ တိုက်ခိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ပွတ်တိုက်ခြင်း၊ ငြင်းခုံခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်း၊ လက်နက်များ အသုံးပြုခြင်းများအတွက် မနက် ၉နာရီအထိကောင်းမွန် သည်။ ချစ်ခြင်းမေတ္တာ၊ အပျော်အပါး၊ အနုပညာ၊ သဟဇာတဖြစ်မှု၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ် အစားများ၊ ပန်းများနှင့် အနုပညာ သို့မဟုတ် အလှဆင်ပစ္စည်းများကို ဝယ်ယူခြင်း၊ ဆန့်ကျင်ဘက် လိင် ကိစ္စ၊ သမီးရည်းစားကိစ္စ၊ အလည်အပတ် သို့မဟုတ် သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်း၊ ပျော်ရွှင်မှုအမျိုးမျိုး၊ အစား အသောက်ကောင်းကောင်းစားခြင်း၊ သကြားလုံးများစားခြင်း၊ ငွေကြေးကိစ္စများ၊ ခရီးသွားခြင်းနှင့် ခရီးသွားခြင်းတို့ အတွက် အဆင်ပြေ သည်။
ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင်ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိအလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေများပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ် ၊ဆံရိတ်ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၂နာရီ၅၈ ကနေ မနက်၃နာရီ၅၀မိနစ်အတွင်း၊ ညနေ ၃နာရီ၃၉မိနစ်မှ ညနေ၄နာရီ၂၉မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်းက တော့ အရေးကြီး သောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စ များ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ဓတိယုဂ်သည် ကောင်းသောကိစ္စများ အတွက် ကောင်း သည်။ ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ကောင်းမွန် သော အချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန် သည်။
ဒီနေ့ဟာ အသွားအလာ၊ အနေအထိုင် အထူးဂရုစိုက်သင့်သောနေ့ရက် ဖြစ်နေပါတယ်။ နေ့(၁၂း၀၀)နာရီမှ (၁း၃၀)နာရီကြား ကာလများတွင် အန္တရာယ်ကြီးမားတတ်သည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းခံနိုင်မည်။ နံနက်(၈း၂၄)မှ (၁၀း၄၈)နာရီကြားကာလများတွင် ဆောင်ရွက်သမျှ အောင်မြင်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၅၉)နာရီမှ မွန်းလွဲ(၁၂:၅၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ လိမ္မာပါးနပ်ကြ သူတွေများပါတယ်။ လည်ဝယ်တယ်၊ အရိပ်အကဲသိတယ်။ ပေါင်းသင်းဝင်ဆန့်ကြသူများတယ်။ မိတ်ဆွေတွေကို အနစ်နာခံပြီးကူညီ တတ်သလို မိမိကိုလဲ ကိုယ်အား ဥာဏ် အားနဲ့ကူညီပေးမဲ့မိတ်ဆွေတွေပေါများကြတယ်။ အခက် အခဲတွေများလာ ရင်လဲ အခက်အခဲကြားက လွတ်မြောက်မဲ့ ကံပေါ်လာတတ်ပါတယ်။ နိုင်ငံခြားကံအားကောင်းကြ တယ်။ ခေတ်ရှေ့ ပြေးတဲ့ပညာရပ်တွေကို တက်ကျွမ်းပြီး တဝမ်းတစ်ခါးကတော့ ယပ်ခပ်ပြီး ရှာစားနိုင်ကြတယ်။ စိုင်းကော်လို့ ခြုံပေါ် ရောက်ဆိုသလိုပဲ မိမိကံမှာ ထီပေါက်တာ၊ အမွေရတာ၊တစ်ယောက်ယောက်က လုပ်ငန်းလွှဲပေး တာစသည်ဖြင့် မထင်မှတ်ဘဲ ချမ်းသာမဲ့ကံတွေပါလာ နိုင်တာ ကိုတွေ့ရတယ်။ (မွေးချိန်အရ ကွာဟမှုရှိနိုင်သည်)
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၄) နာရီမှ မွန်းလွဲ(၁၂:၂၀)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈ ၊ ၇ ၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးသီး၃လုံးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ဖရဲသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက် ဆို တွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝ ကြ ပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695