
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆုတ်(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၂)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၀း၀၈)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ် သို့ ပြောင်းလဲ ကျရောက်နေပါသည်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက် အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူ တာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ ရှမ်းရက်၊ ဝါရမိတ္တုကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၀၈)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေ ပြီးကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒါကြောင့် ဒီလို နေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေးဆောင်ရွက်နိုင်ပါတယ်။ အခက် အခဲ ပြဿနာ တွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။မင်းစိုးရာဇာနှင့်ဆက်စပ်သောကိစ္စရပ်များ ဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ ရက်ဖြစ်ပါတယ်။
မည်သည့်အလုပ်မဆို ပြီးမြောက်ရန် ကောင်းသည်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ကောင်း မွန်သည်။ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ၊ ကုသခြင်းများကို စတင်ရန် ကောင်းသော နေ့ဖြစ်သည်။ အလုပ် လျှောက် ထားခြင်းများဆောင်ရွက်လို့ ကောင်းတဲ့ နေ့ ရက် လဲဖြစ်ပါတယ်။ နံနက်(၁၀း၀၈)နာရီ လွန်လျှင် လဆုတ် တီထိ (၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။ လယ်ယာနှင့် အိုးအိမ်၊ ယောဂ၊ တရားထိုင်ခြင်းနှင့် သက်ဆိုင်သော အရာများကို ပြုလုပ်သင့်သည့် နေ့ရက် ဖြစ်သည်။ ရှုပ်ယှက်ခတ်နေတာတွေကို ရှောင်ပါ အရေးကြီးတာတစ်ခုခုလုပ်ပါ၊
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၄နာရီ၁၃ ကနေ မနက်၅နာရီ၀၄မိနစ်အတွင်း၊ ညနေ ၄နာရီ၃၉မိနစ်မှ ညနေ၅နာရီ၂၉မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်းကတော့အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စတစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။
ဒီနေ့ဟာ အညံ့ဆိုးများလွှမ်းမိုးနေသည်ဖြစ်၍ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်းများ မပြုသင့်ပါ။ ငွေကြေးမြှုပ်နှံ ခြင်း များ ရှောင်ကြဉ်ပါ။ ပစ္စည်းလှောင်ခြင်းမပြုရ။ ငွေကြေးပစ္စည်း လက်ပြောင်းလက်လွှဲ ဆောင်ရွက်မှုများ သတိပြုပါ။ တောက်ပြောင်သော ဝတ်စားဆင်ယင်ခြင်းများ ရှောင်ကြဉ်ပါ။ သွားလာစဉ်တွေ့ဆုံသော အလှူခံပုဂ္ဂိုလ်တို့ကို လှူဒါန်း ပါ။
စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော၊ ကာမဂုဏ်၊ အလှဆင်ခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ ချင်းဆိုခြင်း၊ ကခုန် ခြင်း၊ စီတန်းခြင်း၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွား စသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ ဘုရားတည်၊အနေကဇာတင်၊ အမည် ကင်ပွန်းတပ်၊ဆံရိတ်ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၅၅)နာရီမှ မွန်းလွဲ(၁၂:၄၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ကန်စန်း နေ့လည်(၁၁)နာရီ (၁၃)မိနစ်လွန် စန်းတူရာသီသို့ ပြောင်းသည်။ မကာရရာသီဖွားဖြစ်ပါသည်။လွယ်သောကိစ္စတွေထက် ခက်ခက် ခဲခဲကိုမှ လုပ်ချင်ကြတဲ့ရင်သွေးငယ်တွေလို့ဆိုရပါ လိမ့် မယ်။ဇွဲကောင်းပြီး အနုစိပ်လုပ်ရတဲ့အလုပ်တွေမှာလဲ စိတ်ရှည်ကြသူတွေဖြစ်ပါတယ်။ ညီအကိုမောင်နှများ ရင် တော့ သတိထားရမဲ့ ရင်သွေးငယ်ဖြစ်ပြီး မိမိရစရာရှိတဲ့ အမွေအနှစ်ကိုလုယူခြင်းခံရတတ်တဲ့ဇာတာပါ။ မွေးရပ်မြေ ထက် ရပ်ဝေးနိုင်ငံခြား၊ နယ်စပ်ဒေသတွေမှာအခြေချရ တတ်ပြီး တကယ့်ကို နိုင်ငံရပ်ခြားနဲ့ တစ်ဘဝလုံးအကျိုးပေး သန်သူတွေဖြစ်လိမ့်မယ်။ထူးထူးခြားခြားရေထွက်ကုန်ပစ္စည်းတွေ၊အရည်နဲ့ပတ်သက်သော အချိုရည်၊အအေး၊ ရေသန့်၊ အဖျော်ယာမကာအလုပ်တွေနဲ့အထူးအကျိုးပေးတာ ကိုတွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၂၇) နာရီမှ နံနက်(၁၀:၅၃)နာရီအတွင်း ကျရောက်နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နက်ပြာရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅ ၊ ၄ ၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အုန်းရည်သောက် သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်ဆွဲကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695