
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆုတ်(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်၊ ပြည်ထောင်စုနေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၁၀း၄၆)နာရီအတွင်း ဗုဒ္ဓဟူးမြေခံအဖြစ်သို့ ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါသည်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရ တတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ် အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ဒါကြောင့် အိုးအိမ်ကိစ္စများ မနက်ပိုင်းဆောင်ရွက်လို့ရတဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ အမြိတ္တစုတ်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၁၀း၄၆)နာရီအထိ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး ချမ်းသာကို ပေးသော နန္ဒာတိထီ ဖြစ်၏။ နန်းတက်ပွဲ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေနှင့် ဆက်စပ်သော လုပ်ငန်းများ၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ ချစ်ကြည်ရင်းနှီးမှုစတင်ခြင်းနှင့် စစ်ပွဲစတင်ခြင်းများ ပြုလုပ်သင့်သည်။ အိမ်ထောင်ရေး အတွက်ကံမကောင်းစေတတ်ပါ။ နံနက်(၁၀း၄၆)နာရီလွန်လျှင် လဆုတ်တီထိ(၇) လုံး ကောင်းကျိုး ဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။
ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်းဖြစ်သည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ကုန်ပစ္စည်းသစ်များကို ကြော်ငြာခြင်း၊ မိတ်ဆက်ခြင်းများ ပြုလုပ်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ ပြဿနာဟောင်းများ ဖြေရှင်းနိုင်မည်။ ငွေကြေးကိစ္စများ ပြောဆိုရန် ရက်ကောင်း ဖြစ်နေပါတယ်။
သွာတိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလည် အပတ်ခရီးထွက်ခြင်း၊ သူငယ်ချင်းများနှင့် ယာယီသဘာဝအတိုင်း လုပ်ဆောင်ရန် အဆင်သင့်ရှိသော ယာယီ၊ ရွေ့ပြောင်းနိုင်သော အမြန်သဘာဝရှိသော နက္ခတ်တစ်လုံးဖြစ်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွား စသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ အမည် ကင်ပွန်းတပ်၊ဆံရိတ်ဆံသခြင်း အလှပြုပြင်ခြင်း၊စာအုပ်ဖြန့်ချီခြင်း၊delivery အလုပ် စတင် ခြင်း၊ထီထိုးခြင်းများ စသည့်အလုပ်များ ပြုလုပ်ရန် သင့်လျော် သည်။။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း ၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့…မနက် ၄နာရီ၅၈ကနေ မနက်၅နာရီ၄၇မိနစ်အတွင်း၊ ညနေ ၅နာရီ၀၆မိနစ်မှ ညနေ၅နာရီ၅၄မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်းကတော့အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက်ချရသောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စတစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဝဏိဇကရိုဏ်းသည် ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသော အကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအ အသင့်တော်ဆုံးဖြစ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၅၁)နာရီမှ မွန်းလွဲ(၁၂:၄၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ တူစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ သာမန်ထက်ပို ပြီး အတိတ်ဘဝကကောင်းသောကံတွေသယ်ဆောင်လာကြသူတွေဖြစ်ပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားရတာ မဟုတ်ဘဲအတိတ်ကုသိုလ်ကံကြောင့် ရေကန်အသင့်၊ကြာအတင့် ဆိုသလို ကိစ္စရပ်တိုင်းမှာ ကူညီမဲ့သူတွေမစမဲ့သူတွေ ရှိနေတတ်ပါတယ်။ အသက် ၃၀ကနေစလို့ အသက်၄၆အတွင်း အအောင်မြင်ဆုံးဘဝကိုပိုင်ဆိုင်နိုင်ကြသူတွေဖြစ်ပါ တယ်။ ငွေကြေးပြတ်လပ်သွားခြင်းမျိုးသိပ်မရှိဘဲ..မရှိမရှားဖွားဇာတာရှင်တွေဖြစ်ပါတယ်။ အသက်ကြီးပိုင်းထိအိုဇာတာ ကံကောင်းတာမို့ ကျန်းမာရေးသာဂရုစိုက်ပေးရင် အခြားအညံ့အဆိုးကသိပ်မတွေ့ရပါဘူး။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၀) နာရီမှ ညနေ(၆:၀၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂ ၊ ၄ ၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ရေတစ်ဗူးဆောင်သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695