
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပို့တွဲလဆုတ်(၁၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၃၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။ ပေးထားတဲ့အချိန်တွေထဲက အချိန်ကောင်းကိုပြန်ရှာပြီးလုပ်ပါက လုပ်နိုင်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးကိုဖြစ်ထွန်းစေသောနေ့အဖြစ် ကျရောက်နေပါသည်။ လုပ်သစ်တစ်ခုစလုပ်ရန် ကောင်းသောဘဒြာတိထီ ဖြစ်၏။ သာသနာ့အခမ်းအနား၊ ဓမ္မမီး ထွန်းညှိ ပေးခြင်း နှင့် တာဝန် ထမ်းဆောင်ခြင်း ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း တို့အတွက် ကောင်း မွန် သည်။ ကျော်ကြားမှု ကို ပေးစွမ်းသော တိထီ ဟု သတ်မှတ်ပြီး – ငြိမ်းချမ်းရေး နှင့် သော လုပ်ငန်းများ၊ အာဟာရ စတင် ကျွေးခြင်း၊ မြေဩဇာ ကျွေးခြင်း၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း ပြုလုပ်နိုင် သည်။ လပြည့်ကျော် ထိထီ ၁၂-လုံးသည် အလွန် မင်္ဂလာရှိသော အခါ ဖြစ်ဖြစ်သည်။ မည်သည့် အလုပ်ကို မဆို လုပ်ဆောင်ရန် ကောင်းသည် ဟု သတ်မှတ်ပါသည်။
ဒီနေ့ဟာ မင်္ဂလာကိစ္စအလုံးစုံကို ဆောင်ရွက်အောင်မြင်နိုင်ပါတယ်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ နံနက်(၆း၀၀) နာရီမှ(၉း၀၀)နာရီကြား၊နေ့လယ်(၃း၃၆)နာရီမှ ညနေ(၆း၀၀)နာရီကြားကာလများတွင် ဆောင်ရွက်သမျှ အကျိုး စီးပွား များ ထူး ခြား စွာ တိုးတက်လာမည်။ ငွေချေးခြင်း၊ စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းများ မပြုရပါ။ ကတိစကား များ ပျက် ယွင်းတတ်သည်။သတင်းအချက်အလက်များစုစည်းရန်အခါကောင်းသည်။ယနေ့ကျရောက်သော ကောလဝါ ကရိုဏ်း သည်မင်္ဂလာဆောင်၊သတို့သမီးရွေးချယ်၊ သူငယ်ချင်းကိစ္စ၊ ချစ်မှုရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘော တူညီ ချက်သို့မဟုတ်ကာလကြာရှည်စွာတည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့် အရာများ အတွက် ကောင်း မွန် ပါသည်။
ယနေ့အတွက်ကောင်းသောအဘိဇိတိံသိယ နှင့်ဝိဒတြိ တိံသိယအချိန်ကာလတွေကတော့ညနေ၂နာရီ၄၄မိနစ်မှ ညနေ ၄နာရီ၀၈မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက်ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၃၂)နာရီမှ မွန်းလွဲ(၁၂:၂၃) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဓနုစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲအတား အဆီးတွေများစွာကြုံလာရတတ်တဲ့သူတွေဖြစ်ပါတယ်။ ကံကောင်းတာက ဘယ်လိုအခက်အခဲကြုံကြုံ အဖွား၊အမေ၊ ကြီးတော်၊အဒေါ်စသော အမျိုးသမီးအကြီးအကဲတွေရဲ့အကူအညီတွေ၊အကာအကွယ်တွေ၊အထောက်အပံ့တွေအလွန် ရကြသူတွေဖြစ်ပါတယ်။ ကံကြမ္မာက မျက်နှာသာပေးပေမဲ့ လူက လိုက်မလုပ်ကြသူများဖြစ်ပါတယ်။ တတ်သိထားတဲ့ ပညာလေးအပေါ်မှာ ရောင့်ရဲတင်းတိမ်နေတတ်ကြသူတွေဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့မွေးရင်သွေးငယ်ကိုပိုင်ဆိုင်ထား ကြတဲ့မိဘတွေအနေနဲ့ သားသမီးတွေကို တွန်းနေဖို့လိုပါတယ်။ မပျင်းအောင်လုပ်ထားနိုင်ဖို့လိုပါတယ်။ အဲလိုမှမဟုတ် ရင်အပျော်အပါး၊အပေါင်းအသင်းနဲ့ဟေလေးဝါးလေးဖြစ်ပြီး ထိပ်ဆုံးမရောက်ဖြစ်သွားတတ်ပါတယ်။ သတိထားရမှာက ဒီနေ့မွေးရင်သွေးငယ်က မိန်းကလေးဖြစ်မယ်ဆိုရင် အိမ်ထောင်ဘက်ကို သောကြာနဲ့ ဗုဒ္ဓဟူးကိုအထူးရှောင်ပါ။ လက် ကြောမတင်းတဲ့ အိမ်ထောင်ဘက်မျိုးနဲ့ညားသွားတတ်လို့ပါပဲ။ ဒီနေ့မွေးရင်သွေးငယ်များရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါက ➡️➡️➡️#https://www.facebook.com/awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၃) နာရီမှ မွန်းလွဲ(၁၂:၂၀)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃ ၊ ၅ ၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ္စာပန်းတစ်ပွင့်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695