ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၃၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၂၁)နာရီဖြစ်ပြီး ၊ ညနေ(၅:၄၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ မဟာရက်ကြမ်း၊သမားညို၊သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၄)လုံး ပယ်ရှင်းခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပါတယ်။ ရန်ဓာတ် သဘော၊ ဗလာနတ္ထိသဘောဆောင်တဲ့ ရိတ္တာတီထိကျရောက် တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်းများဆောင်ရွက်နိုင်ပါတယ်။ ဆေးကောင်းဝါးကောင်းတွေမှီဝဲခွင့်ရနိုင်သလို ၊သမား တော် ကောင်းတွေနဲ့လဲ တွေ့ကြုံရတတ်ပါတယ်။
အိမ်အဟောင်းဖျက်ခြင်းတွေ၊ဆိုင်အဟောင်းဖျက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။မလွတ်သောသစ်ပင်များ ခုတ် လှဲခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ မီးဖိုဆောင်ပြင်ဆင်ခြင်း၊အိမ်သာအသစ်တစ်ခုတူးဖော်ခြင်းတွေအထူး ဆောင်ရွက် လို့ကောင်းပါတယ်။
အနိဌသဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့်လဲ မွေးမြူရေးအလုပ်များ၊ အရက်နှင့်ယာမကာလုပ်ငန်းများ၊ လောင်း ကစားအလုပ်များအထူးဆောင်ရွက်နိုင်ပါတယ်။ ငွေရှာလိုက်ပါ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့ နေ့ရက်ပါပဲ။ရပ်ဝေးနှင့်ဆက်စပ်သောအလုပ်များ၊နိုင်ငံရပ်ခြားနှင့်ပက်သက်သောအလုပ်များ၊ နိုင်ငံခြား ပိုင်ကုမ္ပဏီ အလုပ် များလဲ အထူးတိုးတတ်အောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။
ဒီနေ့ဟာ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ တိုးပွားမည်။ အရှေ့တောင်အရပ်သို့ ဦးတည်သွားလာခြင်း ရှောင်ကြဉ်ပါ။ ယာဉ်အန္တရာယ်၊ ရေအန္တရာယ် ကြုံတွေ့ရတတ်သည်။ ညနေ(၃း၀၀)နာရီမှ (၄း၃၀)နာရီကြားကာလများတွင် အန္တရာယ်ကြုံနိုင်သည်။ ကျန်းမာရေးအတွက် ပုံမှန်ဆေးကုသခြင်းမှ ခွဲစိတ်ခြင်းအထိ ကုသရန်ကောင်းသည်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ ညနေ၄နာရီ၂၅မိနစ်မှ ညနေ၅နာရီ၅၃မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁:၀၈)နာရီမှ မွန်းတည့်(၁၂:၀၀) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မိန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း ကြသူ တွေဖြစ်ပါ တယ်။ ငွေကြေးအကူအညီတွေရလွယ်ပြီးတော့ ငယ်ငယ်ကတည်းက မိဘတွေရဲ့အထောက်အပံ့ကို ရလွယ်ကြသူတွေဖြစ်ပါတယ်။ ချစ်လို့ ၊မြတ်နိုးလို့ သားသမီးကဲ့သို့ စောင့်ရှောက်ကြတဲ့ ဆွေမျိုးနီးစပ်တွေလဲရလာ တတ်ပါ တယ်။ အုပ်ထိန်းသူ တွေရဲ့ အထောက်အပံ့အလွန်ရကြသူတွေဖြစ်သလို ဉာဏ်ကြီးတဲ့အသိုင်း အဝိုင်း၊ ဒါမှမဟုတ်မိမိကိုလမ်းပြနိုင်တဲ့သူ တွေကြားမှာ ဝင်စားကြတဲ့သူတွေဖြစ်တယ်။ ပညာအရာမှာအထွတ်အထိပ်ရောက်ပြီး ဘာသာစကားများသင်ယူ တတ်မြောက်လွယ်ကြတဲ့ဇာတာပဲဖြစ်ပါတယ်။ ကံကောင်းတာက ဒီနေ့မွေးရင်သွေးငယ်ဟာ ကျားဖြစ်စေ၊မဖြစ်စေ အိမ်ထောင်ရေးအတွက် စိတ်ချမ်းသာရင်အေးရတဲ့ဖွားဇာတာမျိုးပဲဖြစ်ပါတယ်။ ဒီနေ့မွေးရင်သွေး ငယ် များ ရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါက ➡️#https://www.facebook.com/ awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမ ဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ၀တ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်ပွဲ များ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုးခြင်းများ ကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၇) နာရီမှ မွန်းလွဲ(၂:၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁ ၊ ၃ ၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ်သီးဖျော်ရည် တစ်မျိုး မျိုး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူ ချောမွေ့ ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါက်မုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝ ကြ ပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695